တောင်ကြီးမှာ H1N1 သံသယ ကလေးငယ်တစ်ဦးတွေ့ဟု ပြည်နယ်အစိုးရဖွဲ့ပြော

တောင်ကြီးမှာ H1N1 သံသယ ကလေးငယ်တစ်ဦးတွေ့ဟု ပြည်နယ်အစိုးရဖွဲ့ပြော
August 4, 2017 Fame Asian

6:21 pm
တောင်ကြီးမှာ H1N1 သံသယ ကလေးငယ်တစ်ဦးတွေ့ဟု ပြည်နယ်အစိုးရဖွဲ့ပြော

 

20604648_1939029453017292_4961778320603852379_n

တောင်ကြီး၊သြဂုတ်၎

တောင်ကြီးမြို့အမျိုးသမီးနဲ့ကလေးအထူးကုဆေးရုံမှာအသက်၅နှစ်အရွယ်မိန်းခလေးတစ်ဦးH1N1ရောဂါပိုးကူးစက်ခံနေရတယ်လို့ သံသယ ရှိနေတာ ကြောင့်သီးခြားလူနာဆောင်မှာခွဲထားပြီးကုသမှုပေးနေတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ပြည်န်ာဝန်ကြီးဦးစိုးညွှန့်လွင်က ဒီကနေ့သြဂုတ်လ၄ရက်နေ့ ညနေပိုင်းမှာ ပြောဆိုပါတယ်။


ကလောမြို့နယ်၊ဟဲဟိုးမြို့အနီး၊ပုန်းအင်းကျေးရွာ က အဲဒီ့ ကလေးဟာ ဖျားနာလို့ တောင်ကြီးဆေးရုံမှာ တက်ရောက်ကုသနေတာပါ။
လက်ရှိမှာတော့ အသက်၅နှစ်အရွယ်မိန်းခလေးငယ်မှာ H1N1 positive ရှိ/မရှိ ရန်ကုန်မှာ စစ်ဆေးနေပါပြီ။ H1N1 positive ရှိ/မရှိ ကို မနက်ဖြန်ညနေပိုင်း၊ဒါမှမဟုတ် သန်ဘက်ခါလောက်မှသိရမှာ ဖြစ်ပြီး ထူးခြားမှုရှိပါကသတင်းထုတ်ပြန်ပေးမယ်လို့ ပြည်နယ်ဝန်ကြီးက ပြောဆိုပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျိုင်းတုံမှာ H1N1ရောဂါပိုးကူးသက်ခံထားရသူ ၂ဦးကို တွေ့ရှိခဲ့လို့ ကုသမှုတွေ ပြုလုပ်နေပါတယ်။


PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*