ရန်ကုန် စတော့ အိတ်ချိန်းတွင် MTSH ၏ ရှယ်ယာ ရောင်းချမှုများ ယာယီရပ်ဆိုင်း၊ ရှယ်ယာ တန်ဖိုးများ တက်လာနိုင်ဟု သုံးသပ်နေ

ရန်ကုန် စတော့ အိတ်ချိန်းတွင် MTSH ၏ ရှယ်ယာ ရောင်းချမှုများ ယာယီရပ်ဆိုင်း၊ ရှယ်ယာ တန်ဖိုးများ တက်လာနိုင်ဟု သုံးသပ်နေ
October 27, 2016 Asian Fame

4:28 am
ရန်ကုန် စတော့ အိတ်ချိန်းတွင် MTSH ၏ ရှယ်ယာ ရောင်းချမှုများ ယာယီရပ်ဆိုင်း၊ ရှယ်ယာ တန်ဖိုးများ တက်လာနိုင်ဟု သုံးသပ်နေ
In Bussiness

ရန်ကုန် စတော့ အိတ်ချိန်းတွင် MTSH ၏ ရှယ်ယာ ရောင်းချမှုများ ယာယီရပ်ဆိုင်း၊ ရှယ်ယာ တန်ဖိုးများ တက်လာနိုင်ဟု သုံးသပ်နေ

businessstock-exchange-copy   HEZ

ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာသီလဝါ အက်စ်အီးဇက် ဟိုးလ်ဒင်းစ် ပတ်ဘလစ်လီမိတက်၏ အစုရှယ်ယာ မှတ်ပုံတင်စာရင်း (Mem-bers of Register) အား ခေတ္တပိတ် ထားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်စတော့ အိတ်ချိန်း၌ ကုမ္ပဏီ၏ အစုရှယ် ယာ  ရောင်းဝယ်မှုများ ခေတ္တ ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာထားသည်။

အဆိုပါ ရှယ်ယာခြွဲခမ်းရန် အဆိုပြု ချက်အား အောက်တိုဘာလ ၂၃ ရက် နေ့တွင် ကုမ္ပဏီ၏ တတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေး နှင့် တစ်ဆက်တည်းကျင်းပသည့် သာ မန်ထက်ထူးကဲသော အထွေထွေ အ စည်းအဝေးတွင် အစုရှယ်ယာရှင်များက အထူးဆုံးဖြတ်ချက်ဖြင့် သဘောတူညီ ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အစုရှယ်ယာ မှတ်ပုံ တင်စာရင်း (Members of Register) ၏ အထူးစာရင်းရှိ အစုရှယ်ယာ လွှဲ ပြောင်းခြင်းအား အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး အစုရှယ်ယာ များကို ရန်ကုန် စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ပြုခြင်း၊ အရောင်း၊ အဝယ်မဟုတ်သော လွှဲပြောင်းခြင်း (Non-Exchange Transaction Transfer) များကိုလည်း ရပ်ဆိုင်းထား မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အစုရှယ်ယာ ခွဲခြမ်းပြီးနောက် ကုမ္ပ ဏီ၏ ထုတ်ဝေပြီးသော အစုရှယ်ယာ စုစုပေါင်းမှာ ၃၈၉၂၉၁၅ စုမှ ၃၈၉၂၉၁၅ဝ စုသို့ လည်းကောင်း၊ အစု ရှယ်ယာ တစ်စုချင်းစီ၏ မူရင်းသတ်မှတ် တန်ဖိုးမှာလည်း ကျပ် ၁ဝဝဝဝ (ကျပ် တစ်သောင်း) မှ ကျပ် ၁ဝဝဝ (ကျပ်တစ် ထောင်) သို့လည်းကောင်း ပြောင်းလဲ သွားမည်ဖြစ်သည်။ MTSH   အပေါ် KBZSC  ၏ စိစစ် သရုပ်ခွဲ သုံးသပ်ချက်အရ ရှယ်ယာတစ်စု တန်ဖိုးလျှင် ကျပ် ၈၂ဝဝဝ အထိပင် မြင့်တက်သွားနိုင်သည်ဟု ခန့်မှန်းထား သည်။

အောက်တိုဘာလ ၂၈ ရက်နေ့ အထိ အစုရှယ်ယာဝယ်ယူသူ (သို့မ ဟုတ်) ပိုင်ဆိုင်သူ အစုရှယ်ယာရှင်များ သည် အစုရှယ်ယာ တစ်စုချင်းစီအတွက် နိုဝင်ဘာလ ၄ ရက်နေ့မှစ၍ ခြွဲခမ်းပြီး အစုရှယ်ယာ ၁ဝ စု ပိုင်ဆိုင်မည် ဖြစ် ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*