ဂျိုကာ သို့မဟုတ် လမ်းဘေး တက္ကသိုလ်

ဂျိုကာ သို့မဟုတ် လမ်းဘေး တက္ကသိုလ်
August 10, 2016 Asian Fame

3:42 pm
ဂျိုကာ သို့မဟုတ် လမ်းဘေး တက္ကသိုလ်

Boook shop

စာဖတ်ဝါသနာ ပါသူဆိုပါက ထိုမြင်ကွင်းကြောင့် လမ်းသွားရင်း မှ ခြေထောက်များ အလိုလိုရပ်တန့် သွားမည်ဖြစ်သည်။ ထိုမြင်ကွင်းကတော့ နေ့စဉ် ထုတ်သတင်းစာများနှင့် အပတ်စဉ် ထုတ်ဂျာနယ် ရောင်းချနေသည့် ဆိုင်အတွင်းမှ နှစ်သက်ရာစာ စောင်များ ကို ရွေးချယ်ကာ ထိုင်ခုံ တစ်လုံးစီ ဆွဲ၍ အေးအေးလူလူ စာထိုင်ဖတ်နေကြသော လူများပင် ဖြစ်သည်။ တစ်စောင်လောက်သွား ယူလာလိုက်၊ ထိုင်ဖတ် လိုက်နှင့်၊ ပြီးလျှင် နောက်တစ်စောင် ထပ်သွား ယူကာ လာထိုင်ဖတ်ကြနှင့် အဆင် ပြေနေကြသော စာဖတ်ပရိသတ် ကြီးပင် ဖြစ်၍နေသည်။လူစည်ကားရာ နေရာဟု မဆိုသာသော်ငြား လူသွားလူလာ မပြတ်သည့် ထိုနေရာလေးက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလ လမ်းမပေါ်ရှိ ၄၆ လမ်းထိပ်တွင်တည်ရှိပြီး ဂျိုကာ စာပေအမည်ရ စာစောင်အရောင်း ဆိုင်လေးဖြစ်သည်။ ဆိုင်လေးက သေးသော်ငြား ဆိုင်ဘေးရှိ ပလက် ဖောင်းတွင်တော့ ထိုင်ခုံလေးများကိုယ်စီနှင့်စာထိုင်ဖတ်နိုင်ရန် အမိုးလေးများဖြင့် သေသေသပ်သပ် ကျယ်ကျယ်ဝန်းဝန်း ရှိလှသည်။စာစောင်ထိုင်ဖတ်သူ အများ စုမှာသက်လတ်ပိုင်းနှင့်သက်ကြီး ပိုင်းအရွယ်တွေက ပို၍များသည်။ လူရွယ်လေး များလည်း လာဖတ် ကြသည်ကို တစ်ခါတစ်ခါ တွေ့ရ တတ်သည်။ အမျိုးသမီးထက် အမျိုးသားတွေကတော့ ပိုများ သည်။ ယင်းတွင် လာရောက်ဖတ် ကြည့်သူများမှာ ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါသည်။ အငြိမ်းစား ယူထား သူများလည်း ပါသည်။  Taxi  မောင်းသူလည်း ပါသည်။ လူနေမှုဘဝ အခြေအနေ စုံသော်လည်း တူညီသည့်အချက် မှာ စာပေဝါသနာပါခြင်းဖြစ်သည်။

လူနှင့်ဝါသနာ ဤနှစ်ခုပါလျှင် ရပါပြီထိုနေရာတွင် စာဖတ်ရန် အတွက် စာဖတ်ချင်စိတ်တစ်ခုသာ သယ်ဆောင်လာရန်လိုအပ်ပြီး ဖတ်လိုသည့် ဂျာနယ်နှင့်သတင်း စာဖိုးမပါလျှင်လည်း ဖြစ်သည်။ အဘယ့်ကြောင့်မူ ဝယ်ယူရန်အတွက် ငွေကြေးပါသော်လည်း ဆိုင်ပေါ်ရှိ စာစောင်များကို အားမနာတမ်းဖတ်နိုင်ရန် ဆိုင်ရှင်က ကြည်ဖြူစွာ ခွင့်ပြုပေးထားသည်။ ‘ဂျိုကာစာပေ’ ဟု ဆိုလျှင် စာစောင်များကို ဖြန့်ချိရောင်းချ ကြသူများ မသိမရှိဟုထင်သည်။ ဆိုင်ရှင်မှာ ကိုမောင်မူနှင့် မအေး သီတာတို့ ဇနီးမောင်နှံဖြစ်ပြီး ၂ဝဝ၁ ခုနှစ် ဝန်းကျင်ကပင် ဤ နေရာတွင် ဆိုင်လေးကို စတင်ဖွင့် လှစ်ခဲ့သည်ဟု သိရသည်။ စတင် ဖွင့်သည့်အချိန်မှ ရေတွက်လျှင် တော့ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပြီလည်း ဖြစ်သည်။ ”အရင်ကတော့ ဒီမှာဖြန့်ပြီး ရင် တခြားနေရာတွေမှာပါ သွားရောင်းရတော့ ဒီလိုတော့ မလုပ်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် အစ်မ ဒီနေရာမှာ အထိုင်ဖြစ်ပြီဆိုက တည်းက စလုပ်တာဆိုတော့ ၂ဝဝ၆၊ ၂ဝဝ၇ လောက်ကတည်း ကပေါ့။ အဲဒီအချိန်တုန်းကတော့ အခုလို လူသိပ်မသိသေးဘူး” ဟု ဆိုင်ရှင် မအေးသီတာက သူ၏ လမ်းပေါ် စာကြည့်တိုက်လေး၏ဇာတ်လမ်းအစကို ဤသို့ဖွင့်ဆို သည်။မိုးကာလ ဖြစ်သော်လည်း ဆိုင်ရှင် စီစဉ်ပေးထားသည့်အမိုး အကာကြောင့် စာချစ်သူများ စိတ်အေးလက်အေး ဖတ်ရှုနိုင် သည်။ ထို့အပြင် ထိုင်ခုံလေးများက လည်းအရန်သင့် လုံလုံလောက် လောက် ရှိသောကြောင့် စာပေဝါ သနာအိုးတို့ အတွက် အကြိုက်တွေ့ စရာနေရာတစ်ခု ဖြစ်လို့နေသည်။ ထို့ကြောင့်ပင် တစ်နေ့လျှင် အယောက် ၂ဝဝ ခန့် စာလာဖတ် ကြပြီး ထိုင်ခုံလေးများ အလုံး ၇ဝ ခန့်ရှိသည်ဟုဆိုသည်။ ထိုခုံလေး များမှာတော့ ‘ဂျိုကာ’ ၏ ကောင်းမှု သက်သက်မဟုတ်။ စေတနာရှင် များလည်း ပါဝင်ကြကြောင်းကို ဆိုင်ရှင်တို့က ရိုးသားစွာဝန်ခံပါ သည်။

Boook shop2

မဝယ်လည်းဖတ် ဝယ်လည်းဖတ်ဆိုင်၏ရောင်းချသည့် ပုံစံမှာ အထက်ကဆိုခဲ့သည့်အတိုင်း ဆိုင် ပေါ်တွင် တင်ရောင်းသည့် စာ စောင်များကို လွတ်လပ်စွာရွေး ချယ်၍ အမိုးအကာအောက်တွင် ထိုင်ခုံတစ်လုံးနှင့် အေးဆေးစွာ ဖတ်နိုင်သည်။ ထိုသို့ဖတ်ပြီးပါက မဝယ်လည်းရ၊ ဝယ်လည်းရဆို သည့် စာဖတ်သူ၏ဆန္ဒကို ဦးစား ပေးသည့်စနစ်ဖြင့် ရောင်းချသော စာစောင် အရောင်းဆိုင်လေး ‘ဂျိုကာ’ ဖြစ်သည်။ ဤပုံစံမျိုးသည် စာစောင် အရောင်းဆိုင်တိုင်းတွင် ရရှိနိုင်သည့် အခွင့်အရေးတစ် ရပ်တော့မဟုတ်ပေ။ ထိုသို့သော စိတ်ကူးမျိုးက စာပေ၏တန်ဖိုးကိုသိကာ စာပေ ကိုဖြန့်ဝေရမည်ဆိုသော ကိုယ်ပိုင် အသိစိတ်ဓာတ် ကိန်းဝပ်သူတို့သာ လုပ်ဆောင်နိုင်သည့် လုပ်ငန်းမျိုး လည်းဖြစ်သည်။ ထို့ကြောင့်ပင် ဂျိုကာ၏ ရည်ရွယ်ချက်မှာ အများ နှင့်မတူ တမူ ထူးခြားနေသည်။ ”တစ်နေ့တစ်နေ့ ထွက်တဲ့ စာစောင်တွေကလည်း မနည်းဘူး။ တစ်ပတ်အတောအတွင်းကို ရာနဲ့ ချီပြီးတော့ကို ထွက်တာ။ ဒါကို ဘယ်လိုလုပ် အကုန်လုံးဝယ်နိုင် မလဲ။ ဘယ်လိုအတိုင်းအတာနဲ့ ပဲဖြစ်ဖြစ် ဒါကိုမဝယ်နိုင်ဘူး။ မဝယ်နိုင်တဲ့အခါကျတော့ သူဝယ် သွားတဲ့ဟာနဲ့ သူလိုချင်တာနဲ့ မတိုက်ဆိုင်နိုင်ဘူး။ ဒါပေမယ့် ဖတ်ပြီးမှ ဝယ်သွားတဲ့အခါကျ ရင်တော့ သူလိုချင်တာနဲ့လည်း ကိုက်မယ်။ သူဖတ်ချင်တာနဲ့လည်း တိုက်ဆိုင်မယ်။ အဲဒီအခါ ကျတော့ လိုချင်တာရော လိုအပ်တာရော ပြည့်စုံသွားမယ်လို့ ဆိုပြီးတော့ အခုလိုမျိုးလုပ်ဖြစ်တာ” ဟု မအေးသီတာက သူ၏စေတနာ အရင်းခံသည့်ရည်ရွယ်ချက်ကို ရှင်းပြသည်။

Boook shop3

ထို့ပြင် ကိုယ်တိုင်လည်း စာ ၏အကျိုးကျေးဇူးကို သိထားသူ ဖြစ်သောကြောင့် ယခုကဲ့သို့ စာပေ ဒါနကို ဖြန့်ဝေရခြင်းဖြစ်ကြောင်းလည်း ထပ်မံရှင်းပြသေးသည်။ ”စာဖတ်ခြင်းရဲ့အကျိုး ရလဒ် ကိုလည်း သိထားတော့လေ။ ဥပ မာ လူကုန်ကူးခံရတဲ့ အမျိုးသမီး ချင်းအတူတူ စာမတတ်တဲ့သူက ဒုက္ခရောက်တယ်။ စာတတ်တဲ့ သူကျတော့ ဘယ်ကိုဆက်သွယ်ရ မလဲ။ ဘယ်လိုလုပ်ရ မလဲဆိုပြီး ဒီစာပေထဲမှာ ညွှန်ကြားတဲ့အတိုင်း သွားတဲ့အခါကျတော့ ဘယ်လိုခေါ် မလဲ လွတ်တာချင်းတူ တာတောင် မှ အသိချင်းမတူဘူးပေါ့” ဟု ဆိုသည်က မအေးသီတာပင်။နောက်ထပ် စာပေခြေတစ်လှမ်း အိပ်မက်လမ်း’ဂျိုကာ’ သည် ထွက်သမျှ စာစောင် အားလုံးနီးပါး ဖြန့်ပြီး သတင်းစာတိုက်များမှ လာမချ ပေးလျှင်တော့ဖြင့် အိမ်များမှ မှာထားသည့် အရေအတွက်အတိုင်း သာယူ၍ ရောင်းချပေးကြောင်း သိရသည်။ ထိုသို့ဆိုလျှင်ဖြင့် ယခုကဲ့သို့ စာလာထိုင်ဖတ်သူများ အနေနှင့် လာမချသော စာစောင် များကို ဖတ်ခွင့်မရကြပေ။ ထိုသို့ သော အခြေအနေများကြောင့် ဂျိုကာတွင် တင်မထားနိုင်သည့် စာစောင်အချို့ရှိနေသည်ဟု မအေးသီတာက ဆိုသည်။”သတင်းစာက တစ်ရက်ကို ၇ မျိုးလောက်ထွက်တယ်။ ဂျာနယ်က တစ်ပတ်လုံးကို ၂ဝဝ နီးပါးလောက် ထွက်တယ်။

လာတင်တာဆိုရင် တော့ အစ်မတို့က အကုန်ရောင်း ပေးတယ်။ လာမတင်ရင်တော့ ရောင်းလို့မရဘူးပေါ့။ ဒီတော့ ဒီမှာလာထိုင်ပြီး ဖတ်နိုင်အောင် လုပ်ပေးထားတဲ့ အစ်မတို့ရဲ့ပရဟိ တအစီအစဉ်ထဲမှာ အဲ့ဒီလာမတင် ထားတဲ့စာစောင်တွေ မပါဘူးပေါ့” ဟုဆိုပါသည်။ထိုဆိုင်လေးကို ကိုမောင်မူနှင့် မအေးသီတာတို့ ဇနီးမောင်နှံက စိတ်တူကိုယ်တူဖြင့် စတင်ခဲ့ကြခြင်း ဖြစ်ပြီး စာစောင်များ ရောင်းချ ခြင်းမှတစ်ဆင့် စာကြည့်တိုက်ပင် ဦးဆောင် တည်ထောင်ထားပါ သေးသည်။”အစ်မတို့ ရပ်ကွက်ထိပ်မှာ လည်း အစ်မတို့ကပဲ မ တည်ပေး ပြီးတော့ လုပ်နေတာတစ်ခု ရှိ တယ်။ အစ်မတို့က စပြီးလုပ်ခိုင်း တာ။ ပြီးတော့မှ ရပ်ကွက်ထဲက လူတွေက တာဝန်ယူပြီးထပ်လုပ် တာ။ ဂျာနယ်တိုက်တွေက အသစ် ထွက်တဲ့ဟာတွေကို တစ်ယောက် တစ်စောင်စီလှူတယ်။ ဒီတော့ ဒီ ဟာလေးကို အမှီပြုပြီး အဲဒီမှာ လည်း တစ်ခုဖြစ်တယ်ပေါ့။ ဆယ် တောင်၊ ၁၄ ရပ်ကွက်၊ သာကေတ မှာပေါ့။ စာကြည့်တိုက်လေးနာ မည်ကတော့ သုတဘဏ်တဲ့ စာ ဖတ်ခန်းပေါ့” ဟု ဖြစ်ထွန်းနေ သည့် စာဖတ်ခန်းအကြောင်းကို လည်း ရှင်းပြပါသည်။

မအေးသီတာ၏ ခင်ပွန်း ကိုမောင်မူကလည်း စာဖတ်ခန်းနှင့် ပတ်သက်၍ ”သုတဘဏ်စာဖတ် ခန်းကျတော့ ဂျာနယ်အသစ်တွေနဲ့ ချည်းပဲသွားတာ။ ထုတ်ဝေသူတွေ က လှူတာပေါ့။ အလှူရှင်တွေရဲ့ ဘယ်နှစောင် လှူတယ်ဆိုတဲ့ စာရင်းတွေလည်း ကပ်ထားတယ်။ ဒါပေမယ့် တိုက်က တိုက်ရိုက် မဟုတ်တာမျိုးဆိုရင်တော့ အလှူ လည်းခံလို့မရတဲ့အတွက် စာ ကြည့်တိုက်မှာလည်း မရှိဘူးပေါ့။ ပြည်သူနဲ့ ထုတ်ဝေသူနဲ့ပေါင်းပြီး ဖွင့်ထားတာလို့ ပြောရမှာပေါ့” ဟု သုတဘဏ် စာဖတ်ခန်း၏စနစ်ကို ပြောပြသည်။အမြုတေရှိရာ အမြုတေလာ သက်ရောက်သော စေတနာစနစ်တကျနှင့် ပြုစု ပျိုးထောင်ပေးထားသည့် ‘ဂျိုကာ’ သည် ခိုင်မာသည့် ပရိသတ်နှင့် လာရောက် ဖတ်ရှုသူများကို အပြန်အလှန် ကျေးဇူးပြုနေကြ သည်ကိုလည်း စာစောင်လာ ရောက် ဝယ်ယူဖတ်ရှုသူများက သက်သေထူပေးကြသည်။အသက် ခုနစ်ဆယ်ကျော် အရွယ် ပင်စင်စားတစ်ဦးဖြစ်သည့် ဂျိုကာပရိသတ် ဒေါ်ခင်နှင်းရီ က ”အန်တီက ဝယ်လည်းဝယ်တယ်၊ ဖတ်လည်းဖတ်တယ်။ ဝယ်တာက တော့ ကိုယ်ဖတ်တဲ့စာစောင်တွေ ထွက်ရင်ဝယ်တယ်၊ ဒီမှာနေ့တိုင်း သတင်းစာလည်း ယူတယ်၊ လာ လည်းဖတ်တယ်။ ကိုယ်ကဒီမှာ ထိုင်ရင်း ဖတ်လိုက်တဲ့အခါ ဒီက သတင်းတစ်ပုဒ်လောက် သဘော ကျတာမျိုးရှိရင် အိမ်ကမိသား စုတွေကို ဖတ်ပြချင်တဲ့အတွက် ဝယ်သွားလိုက်တယ်။ စာစောင် ရောင်းတဲ့လူလည်း ပိုရောင်းဖြစ် တယ်။ အိမ်ကလူလည်း ဖတ်ရ တယ်။ ဒီအစီအစဉ်က အရမ်း ကောင်းတယ်” ဟု ဆိုသည်။

စည်ပင်ဝန်ထမ်း ကိုဇော်မင်း လတ်ကတော့ ဂျိုကာသို့ တစ်ရက် ခြားဆိုသလိုရောက်ဖြစ်ပြီး ရုံးနှင့်နီး သည့်အတွက် အဆင်လည်းပြေ သောကြောင့် ဤဆိုင်လေးတွင် စာဖတ်ဖြစ်သည်မှာ တစ်နှစ်ကျော် ရှိပြီဟု ဆိုသည်။”သိတာတော့ ကြာပါပြီ။ ဒီမှာ ဒီလိုဖတ်ရမှန်းမသိဘူး။ ဒီလိုပဲ ရောင်းတယ်ထင်နေတာ။ နောက် ပိုင်းကျမှ သွားရင်းလာရင်းနဲ့ ဒီလို လေးတွေ့ထားတော့ အရမ်းဝမ်း သာပြီး အစ်မကြီးကိုပြောပြပြီး အလှူ ငွေတွေ ဘာတွေ ထည့်လို့ရမလား ဆိုမေးပြီးတော့ ဖတ်ဖြစ်သွားတာ ပါ” ဟု ဆိုသည်။အငြိမ်းစား ရဲအရာရှိတစ်ဦးက တော့ သူငယ်ချင်းတစ်ဦးက လမ်း ညွှန်သည့်အတွက် ရောက်ရှိလာခဲ့ ခြင်းဖြစ်ပြီး ယခုဆိုလျှင် ဤဆိုင် လေးတွင် လာရောက်ဖတ်ဖြစ်သည် မှာ လေးငါးလလောက်ပင် ရှိပြီဖြစ် ကာ စာဖတ်ရင်းနှင့် ကြိုက်နှစ် သက်သည့် အကြောင်းအရာများ တွေ့လျှင် ဝယ်သွားဖြစ်သည်။

သူ၏ ရွေးချယ်မှုမှာ စာစောင်အ မည်ကို ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ အကြောင်းအရာကိုသာ ရွေးချယ် သည်ဟု ဆိုပါသည်။ဂျိုကာသို့ လာရောက် ဖတ် လေ့ရှိသည့်  Taxi  မောင်းသည့် ဦးထွန်းနိုင်ကတော့ ဤအနီးအနား တစ်ဝိုက်တွင်ကားမောင်းရင်း ခဏ နားချိန်များတွင် စာစောင်များကို လာရောက်ဖတ်သည်။ Taxi  ကို လည်း ဤအနီးအနားတစ်ဝိုက်တွင် ဆွဲသည့်အတွက် ခဏနားသည့်အ ချိန်များတွင် စာလာဖတ်လေ့ရှိသည် မှာ သုံးလေးလခန့်ပင် ရှိပြီဟုဆို သည်။”ဒီဆိုင်က လင်မယားနှစ် ယောက်စလုံးက သဘောလည်း ကောင်းကြတယ်။ ဝယ်ချင်လည်း ဝယ်၊ မဝယ်ချင်လည်း ဖတ်ပြီးထား ခဲ့ ဘာမှမပြောဘူး။ ဒီလိုလုပ်ပေး တဲ့အတွက် ကျေးဇူးတင်တယ်။ သူတို့က စိတ်လည်းရှည်တယ်။ စာ ဖတ်သူတွေကို သည်းခံပေးတယ်” ဟု ဆိုင်တွင် လာရောက်ဖတ်ရ သည့်ခံစားချက်နှင့် ဆိုင်ရှင်တို့၏ စိတ်နေသဘောကို ဦးထွန်းနိုင်က သုံးသပ်ပါသည်။

တစ်ယောက်မှစ တစ်ရာအဆုံးဆိုင်ရှင်များကတော့ မိမိတို့ ဆိုင်သို့ လာရောက်ကြသူများကို အပြန်အလှန် ကူညီကြသည်ဟုပင် သဘောထားသည်။ သူတို့ကဲ့သို့ပင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လည်းရှိစေချင်သည်။ ဂျိုကာစာပေ ကဲ့သို့ပင် နေရာတိုင်းတွင် လမ်း ပေါ်စာကြည့်တိုက်များကို ဖွင့်စေ ချင်သူများဖြစ်သည်။”စာလာဖတ်တဲ့ သူတွေကို ပြောချင်တာက စာလာဖတ်တယ် ဆိုတာ အစ်မတို့ကို ကူညီတာပဲ။ အစ်မတို့ လုပ်သလို တခြားနေရာ တွေမှာလည်း လုပ်လို့ရတယ်ဆိုတာ ဥပမာလေးနဲ့ပြတာပဲ။ ဒီလိုလုပ်လို့ ရတယ်ဆိုတာမျိုး။ ဒီလိုဗျူဟာမျိုးတွေရှိတယ်ဆိုတာကို အားလုံးကို သိပြီးတော့ လိုက်လုပ်စေချင်တယ်” ဟု ဆိုသည်။ထို့အပြင် ကိုမောင်မူကလည်း ”ပြောချင်တာက တိုက်ခန်းကြီးရှိမှ လုပ်လို့ရတာမဟုတ်ဘူး။ ဒီလိုလေး တွေလည်း လုပ်လို့ရတယ်ဆိုတာ ပါ။ ဒါမျိုးတွေကို တခြားနေရာ မှာလည်းဖြစ်စေချင်တယ်။ ရန်ကုန် မှာ စာဖတ်ခန်း ၅ဝ ဖြစ်လာရင် နယ်မှာလည်း စာဖတ်ခန်း ၅ဝ ဖြစ် လာနိုင်တယ်။ ရန်ကုန်က ကျတဲ့ ဟာတွေကို နယ်ကိုပို့လို့ရတာကိုး။ အခုဆိုရင် ဒီစာဖတ်ခန်းက ကျတဲ့ ဟာတွေကို နယ်ကိုပို့ပေးနေတယ်။ မြစ်သာလို နေရာမျိုးတောင်ရောက် တယ်”ဟု သူ၏ စာပေဒါနကို အား တက်သရောပြောပြပါသည်။

ဆိုင်လေးကတော့ ဆယ်စုနှစ် တစ်နှစ်ကို ကျော်လွန်ခဲ့ပါပြီ။ သို့ သော် လတ်ဆတ်သစ်လွင်နေဆဲပင်။ ယနေ့ခေတ်တွင် သတင်းရေစီး ကြောင်းက နေရာတိုင်းတွင်စီးဆင်း နေသည်။ အင်တာနက်မှ ဝက်ဘ် ဆိုက်များသို့ ဝင်ကြည်ကြည့်၊ ဖေ့စ် ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်တွေမှ တစ်ဆင့် ကြည့်ချင်ကြည့် ဟင်း လင်းပွင့်နေသော သတင်းလောက ကြီးကို အတိုင်းမသိမြင်ရပါမည်။ သို့သော် လူအများ သတိမထားမိ သော အားနည်းချက်လေးတစ်ခု တော့ ရှိနေသည်။”စာဆိုတာ ဟောင်းနွမ်းသွား တယ်ဆိုတာတော့ မရှိဘူးပေါ့။ အင်တာနက်ဆိုတာ Up to date တာ့မှန်တယ်။ ဒါပေမယ့် ခဏပဲ ။ သတင်းစာ၊ ဂျာနယ်တွေလို သိမ်း ဆည်းထားလို့တော့ မရဘူးပေါ့။ စာစောင်တွေကတော့ သိမ်းဆည်း ထားလို့ရတယ်။ သူ့ထဲမှာ ဥပဒေ တွေပါတယ်။ ဒါတွေက နောင် တစ်ချိန် ပြန်ကြည့်ချင်ရင် ကြည့်လို့ ရအောင် သိမ်းကို သိမ်းဆည်းထား ရမှာလေ” ဆိုသည့် လက်တွေ့ ရောင်းချနေသူ မအေးသီတာ၏ စကားအချို့က ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်ပေးလိုက်သကဲ့သို့ပင်။ဤဆိုင်လေးတွင် ခင်းကျင်း ထားသည့် စာစောင်များကို တစ် စောင်ပြီးတစ်စောင် အားမနာတမ်း ထိုင်ဖတ်ကာ မိမိနှစ်သက်သည့် အကြောင်းအရာများအတွက် အ ပိုင်ဝယ်သိမ်းထား လိုသည့်အခါမှ သာ ထိုစာစောင်ဖိုးငွေ ရှင်းသည့် စနစ်ကို ကြိုက်နှစ်သက်ပါက ၄၆ လမ်းထိပ်မှ စာပေမိတ်ဆွေအဖြူ အမည်းမခွဲခြားသော ‘ဂျိုကာစာ ပေ’ က စောင့်မျှော်နေပါသည်။ စာဖတ်သူကို ဦးစားပေးသည့် စနစ်ကိုနှစ်သက်သည်ဆိုပါက မနက် ၅ နာရီမှစတင်ဖွင့်လှစ်ပြီး မွန်းလွဲ ၁ နာရီတွင်ပိတ်သည့် ဂျိုကာသည် စာရှုသူအပေါင်းကို ကမ်းလင့်၍ ကြိုနေမည်ဖြစ်ပါ ကြောင်း…။

အိမ်စည်၊ ဟန်နီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*