တို့များခေတ်ဆီက (၂ဝ)

တို့များခေတ်ဆီက (၂ဝ)
January 26, 2017 Asian Fame

11:54 am
တို့များခေတ်ဆီက (၂ဝ)

Mg-Swe-Thet၁၉၅၄ ခုနှစ် မတ်လမှာ တပ် မတော်ထဲ ဝင်ခဲ့သော ကျွန်တော် သည် ၁၉၅၅ ခု ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ ကျင်းပခဲ့သည်။

အရာရှိဖြစ်သည်နှင့် ဗိုလ်သင် တန်းကျောင်းမှာ သင်တန်းနည်းပြ အရာရှိ အဖြစ် တာဝန်ကျသည်။ ၁၉၅၇ ခုနှစ် မိုးမကျမီ ဗမာ့တပ်မ တော် ဗိုလ်သင်တန်းကျောင်း တည် ရှိရာ မေမြို့ (ပြင်ဦးလွင်) မှ ဗထူး ရှိ စစ်တက္ကသိုလ်နှင့် နေရာချင်းလဲ ခဲ့ရသည်။

၁၉၅၇ ခုနှစ် စက်တင်ဘာလ တွင် အမှတ် (၁ဝ၅) ခြေမြန်တပ် ရင်းသို့ ကျွန်တော်ပြောင်းရွှေ့ခဲ့ရ သည်။ ထိုစဉ်က ဖွဲ့စည်းထားသော ခြေမြန်တပ်ရင်းများသည် နယ် စည်းခြားမှုမရှိ ဦးတည်ရန်သူ သတင်းပေါ်ရာ ဒေသသို့ လိုက်ရ သည်။ ကျွန်တော်တို့ တပ်ရင်းနှင့် သေနတ်ကိုင် တပ်ရင်း (၄) သည် သခင်သန်းထွန်း ဦးစီး ဗကပဗဟို ကို ဦးတည်ချက် ထားလိုက်ခဲ့ရ သည်။

၁၉၅၇ ခုနှစ်အောက်တိုဘာလ မှစတင်၍ တပ်ရင်းရှိရာ ရန်ကုန်မြို့ ကုက္ကိုင်းမှ ထွက်ခွာရသည်။ ကျွန် တော်တို့ ရှေ့တန်းမှာ ရောက်နေ စဉ် ဌာနချုပ်နှင့် အိမ်ထောင်သည် များအားလုံး မိတ္ထီလာသို့ ရွှေ့ရ သည်၊ လားရှိုးသို့ရွှေ့ရသည်၊ မှော် ဘီသို့ ရွှေ့ရသည်။ ရှေ့တန်းစစ် ဆင်ရေး နယ်မြေစုံသို့ လိုက်ခဲ့ရ သော တပ်ရင်း တစ်ရင်းလုံး တစ် နှစ်နှင့် ခုနစ်လကြာမှ တပ်ရင်းဌာန ချုပ်သို့ ပြန်လည်ဝင်ရောက်ခွင့် ရ ခဲ့သည်။

ထိုတပ်ရင်းတွင်း လေးနှစ် ကျော်ကြာ တာဝန် ထမ်းဆောင်ပြီး မင်္ဂလာဒုံရှိ အလယ်ပိုင်းတိုင်း စစ် ဌာနချုပ်သို့ ဦးစီး အရာရှိ အဖြစ် ပြောင်းရွှေ့ ရပါသည်။ တိုင်းမှူး သည် ဗိုလ်မှူးချုပ် စိန်ဝင်းဖြစ်ပါ၏။ ဘီအိုင်အေ၊ ဘီဒီအေ ခေတ်မှပါ လာသူဖြစ်သည်။ တော်လှန်ရေး ကာလက ဗိုလ်ချုပ်အောင်ဆန်း အား သရက်ခရိုင်အတွင်း လုံခြုံရေး ယူခဲ့ရသော တပ်ရင်းမှူးဖြစ်သည်။

ကျွန်တော်တို့ ငယ်စဉ်ခေတ် ကာလဆီက လက်အောက်ခံအရာ ရှိ စစ်သည်များအားလုံး လေးစား မှုခံယူရသော တိုင်းမှူး အဖြစ်သာ မက ချစ်ခင် ရိုသေမှု ခံယူခဲ့ရသူ လည်း ဖြစ်ပါသည်။

ဆူခြင်းပူခြင်း၊ စိတ်မြန်ခြင်း မရှိ၊ ပကတိ နာယကဂုဏ်နှင့် ပြည့် စုံသူဖြစ်ပေသည်။ ဟန်မရှိ၊ ပန်မရှိ၊ မာန်မရှိ၊ အနေအေး၍ ရိုးသားသည်။

၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီဝင်ဆိုသည်မှာ နိုင်ငံရေး အရ အမြင့်ဆုံး အဖွဲ့အစည်းဖြစ် ကြောင်း လူတိုင်းသိသည်။ တော် လှန်ရေး ကောင်စီဝင် တိုင်းစစ်ဌာန ချုပ်တိုင်း မှူးကြီး သည် အစောင့် အရှောက်တွေ အခြံ အရန်တွေ မပါဘဲ မြေနီ ကုန်းဈေး သို့သွား၏။ တိုင်း မှူးစီးရန် ထုတ်ပေးထားသော OPAL ကားနက်ကြီးနှင့် ယာဉ်မောင်း လူရှိုင်းစစ် သည် ဒုတိယတပ်ကြပ် ပမက နှင့် နှစ်ယောက်တည်း သွား၏။ သာမန် အရပ်သားတွေနှင့်အတူ မုန့်ဟင်းခါးဆိုင် မှာ ထိုင်၏။ ယာဉ် မောင်းရဲဘော်နှင့် အတူ မုန့်ဟင်း ခါး စားတတ်သူဖြစ်ပါ၏။

တိုင်းမှူးကြီး ဘဝကတည်းက ထိုသို့ သာမန်လူ တစ်ယောက်လို လူတောထဲရော၍ စားသောက် တတ်သည်ကို တိုင်းမှ အရာရှိတွေ မသိကြ၊ ချည်လုံချည် တိုတိုဝတ် တတ်သော ဗိုလ်မှူးချုပ်ကြီးက ရှပ် အင်္ကျီလက်တိုလေးနှင့် အရပ်သား တွေထဲ ရောထိုင်သောအခါ ဘေး လူတွေမသိကြ။ မုန့်ဟင်းခါးရောင်း သူကတော့ ဖောက်သည်မို့ သိနေ သည်။

တော်လှန်ရေးကောင်စီ တက် လာပြီး နှစ်လ သုံးလကြာမှ ထောက် လှမ်းရေးမှ သတင်းပို့ သောကြောင့် တိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း)က သိရသည်။ လုံခြုံ ရေးအရ တိုင်းမှူးကြီး တစ်ယောက် တည်း မသွားသင့်ပါကြောင်း သတင်း ပို့သောအခါ တိုင်းမှူးကြီး က ရယ်နေသည်။ ”ရုံးချိန်မှမဟုတ် ဘဲဗျာ။ ကျွန်တော်လည်း အရပ် ဝတ် ဝတ်ထားရင် အရပ်သားပဲပေါ့” ဟု ပြောသေးသည်။

တစ်ချိန်သော အခါမှာလည်း တိုင်းမှူးကြီးသည် တောင်ငူမြို့သို့ သွား၍ စစ်ဆင်ရေးကိစ္စ ညွှန်ကြား ဖို့ ခရီးထွက်ရန် ရှိသည်။ ရန်ကုန်- မန္တလေး မီးရထားနှင့် သွားမည်။ နံနက် ၇ နာရီထွက်မည့် ရထားကို ၇ နာရီခွဲ ထွက်မည်ဟု ကိုယ်ရေး အရာရှိကမှားပြီး သတင်းပို့ထား သည်။ ဦးစီး အရာရှိများက ၆ နာရီ ကျော်စမှာ ရန်ကုန်ဘူတာကြီးသို့ ရောက်နေကြပြီ။ ၇ နာရီ ထိုးခါနီးမှ ရန်ကုန်ဘူတာကြီးရောက် (G.1) ကြီးက ဖုန်းဆက်သော အခါ တိုင်း မှူးကြီး မင်္ဂလာဒုံမှ မထွက်ရသေး။

တော်လှန်ရေး ကောင်စီဝင် တိုင်းမှူးကြီးက ခေါင်းအေးသည်၊ ချက်ချင်း စဉ်းစားပြီး အဖြေရသွား သည်။ (G.1) ကြီးနှင့် အဖွဲ့ရထား နှင့် လိုက်သွားပါစေ။ တိုင်းမှူးကြီး က ပဲခူးဘူတာသို့ ကားနှင့်သွား မည်။ ပဲခူးဘူတာမှ ရထားပေါ် တက်စီးမည် ဟုဆိုသည်။
နံနက် ၇ နာ ရီမထိုးမီ တိုင်းမှူး ကြီးကို ပဲခူးသို့ပို့ရန် သင့် တော်သော ကားအဆင်သင့်မရှိ။

တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှု ကောင်စီရုံးတာဝန်ယူရသော ကျွန် တော်က ရဲ Land Rover အဟောင်း တစ်စီးကို သုံးစွဲနေသည်။ တိုင်းမှူး ခရီးမထွက်မီ သတင်းပို့စရာ ရှိ၍ စောစော ရောက်နေခြင်းဖြစ်သည်။

တော်လှန်ရေး ကောင်စီဝင် တိုင်းမှူးကြီးသည် မည်သူ့ကိုမှ အ ပြစ်တင်ခြင်း မရှိ၊ စိတ်ဆိုးဟန်မပြ။

ကျွန်တော်တို့ ရုံးသုံးရဲကား အဟောင်းနှင့်ပင် လုံခြုံရေး အ စောင့်မပါ။ ကိုယ်ရေး အရာရှိရယ်၊ ကျွန်တော်ရယ်၊ ယာဉ်မောင်းရဲတပ် ကြပ် မောင်စိုးဝင်း ရယ် သုံးယောက် တည်းသော လက်နက်မဲ့ အစောင့် အရှောက်နှင့် မင်္ဂလာဒုံမှ ပဲခူးသို့ သွားသည်။ ပဲခူးဘူတာမှ မီးရထား ကို ဖြတ်စီးသည်။

ရယ်ရင်း မောရင်း ”ဗိုလ်တင် မြင့်က ၇ နာရီမှ တိုင်းရုံးက ထွက် တယ် ဆိုလို့ ကျွန်တော်လည်း ရုံး အလုပ်လုပ်ရင်း ထိုင်စောင့်နေရ တာ” ဟု ပြောပါလေတော့သည်။

ထိုပုဂ္ဂိုလ်ကြီးသည် ၁၉၆၄ ခုနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီး ဌာန တာဝန်ခံ (ဝန်ကြီး) တာဝန်ယူ ရသည်။ တနင်္ဂနွေနေ့တွင် ချည်လုံ ချည်တိုတိုဝတ်၍ တိုက်ခန်းလျှောက် ထားသူများ လုပ်အားပေးရာ အိမ် သစ် စီမံကိန်းများတွင် ဝင်ရောက် ရောနှောဆွေးနွေးရင်း ဝင်ရောက် လုပ်အားပေး ခဲ့သေးသည်။

နောက်ဆုံး ဝန်ကြီးချုပ် တာ ဝန် ထမ်းဆောင်ရာမှ ရပ်နားချိန် တွင် စမ်းချောင်းရပ်ကွက်ရှိ အမွေ ရထားသော သစ်သား အိမ်လေး တစ်လုံး အပိုင်ရှိသည်ကို ကျွန်တော် ကိုယ်တိုင် ရောက်ဖူးခဲ့ရပါသေးသည်။ တော်လှန်ရေး ကောင်စီခေတ် မဆလခေတ်က ဖြစ်ပါ၏။

နဝတခေတ်။

ကျွန်တော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သံအမတ်ကြီး တာဝန် ထမ်းဆောင် ခဲ့ရသည်။ နဝ တအစိုးရ တက်လာသောအခါ ပြည်ပသို့ ခရီးထွက်သော ဝန်ကြီး များသည် အထွက် သို့မဟုတ် ပြန်အဝင်မှာ ဘန်ကောက် သို့ဝင်၍ တစ်ထောက် နားတတ်ကြသည်။ ဝန်ကြီးများသည် သူ့အထာနှင့် သူ ဖြစ်၏။ အကြိုက်ချင်းမတူကြ။

တည်းခိုရာ ဟိုတယ်မှာ နားနေ ရင်း ဟိုတယ်ရှိ စားသောက်ဆိုင်မှ မှာယူစားသောက်သူ ရှိသလို တည်း ခိုရာ ဟိုတယ်နှင့် မနီးမဝေး နာမည် ကြီးသော စားသောက်ဆိုင်ကြီး သို့ သွားရောက် စားသောက် လိုသူလည်း ရှိသည်။

ဒေသခံ သံအမတ်ကတော့ သိ ကျွမ်းရင်းနှီး လက်စရှိသော ဝန်ကြီး များ စိတ်ဝင်စားသလို စီစဉ်ပေးရ သည်သာ ဖြစ်ပါ၏။

ထိုထိုသော VIP တွေထဲမှ ထူး ခြားသော VIP လည်းပါသေးသည်။ ဒုတိယ ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ် ကြီး မောင်မောင်ခင် (ရေ) သည် ထူးခြားသူ ဖြစ်ပါ၏။

ဆိုင်ကြီး ကန္နားကြီးတွင် မစား လို။ ရန်ကုန်မြို့ရှိ တရုတ်တန်းက ဆိုင်လို၊ လမ်းဘေး ဆိုင်သေးသေး မှာ ဝက်ခြေထောက်စွပ်ပြုတ်၊ အ ခေါက်ကင်၊ အသားကင်၊ ဖက်ထုပ် ကြော်လို အစာမျိုး စားချင်သည်။ ဟိုတယ်ဆိုင်မှာ မစားလို၊ တရုတ် တန်းလို ပတ်ဝန်းကျင် ရှိသော ဆိုင် မှာ စားချင်သည်ဟု ဆိုသောကြောင့် အထူး စီစဉ်ခဲ့ရပါသေးသည်။

ဘန်ကောက်မြို့လယ်ရှိ ‘ပတူ နမ်း’ ဆိုလျှင် မြန်မာ ခရီးသွားတွေ သိကြသည်။ ဈေးပေါပေါ အ ဝတ်အထည် အသုံးအဆောင်များ၊ လမ်းဘေး ဆိုင်ခန်းရော၊ ပလက် ဖောင်းမှာပါ ရောင်းသောဈေးတန်း ဖြစ်ပါ၏။

ထို ‘ပတူနမ်း’ ရပ်ကွက်ရှိ လမ်းထောင့်မှ တရုတ်ဆိုင် အလတ် စားကိုရွေးရသည်။ ဆိုင်ပြင် အဝင် ဝတွင် စားပွဲတစ်လုံး ငှား၍ သံရုံး နှင့် စစ်သံရုံးမှ ဝန်ထမ်းများ နေရာ ယူစားသောက်ရင်း VIP လုံခြုံရေး တာဝန်ပေးရသည်။

ဒုတိယဗိုလ်ချုပ်ကြီး မောင် မောင်ခင်နှင့် အတူ ပါလာသော အ ဖွဲ့သားများ၊ စစ်သံမှူးနှင့် ကျွန် တော်တို့က ဆိုင် အတွင်းပိုင်းရှိ စား ပွဲမှာ နေရာ ယူရသည်။ ရန်ကုန် မြို့ရှိ တရုတ်တန်းက လမ်းဘေး ဆိုင်လို တစ်ပုံစံတည်းနေရာရော၊ အစား အသောက်ပါ ရသောကြောင့် ဒုတိယ ဝန်ကြီးချုပ်ကြီး စိတ်ချမ်း သာ သွားရှာပါသည်။

အန္တရာယ်ကင်းစွာ စီစဉ်ပေး ပြီး ထိုပုဂ္ဂိုလ်ကြီးကို ဟိုတယ် အရောက်ပြန်ပို့ပြီးမှ စစ်သံမှူး ဗိုလ်မှူးကြီး ဘဟိန်းနှင့် ကျွန်တော် တို့ စိတ်အေးခဲ့ရသော အတွေ့ အကြုံလည်း ရှိခဲ့ရပါသေးသည်။

ထိုပုဂ္ဂိုလ်ကြီးသည် မြန်မာ ပြည်မှာ ရှိစဉ်က ရုံးပိတ်ရက်တွင် ကိုယ်တိုင် ဈေးသွား၍ စားချင်သော ဟင်းလျာကို ဝယ်ယူချက်ပြုတ် စား သောက်သော အလေ့ရှိသူ ဖြစ်သည် ဆို၏။

နဝတအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ် ဖြစ်လာချိန်အထိ ရုံးအားရက် တွင် ကိုယ်တိုင်ဈေးသွား ကိုယ် တိုင်ဈေးဝယ် ပါသတဲ့။ ထိုသတင်း ကို နဝတ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူး ကြီး စောမောင် ကြားသိသွားလေ တော့သည်။

ဗိုလ်ချုပ်မှူးကြီး စောမောင် ကိုယ်တိုင်က”ကိုခင်-ခင်ဗျား ရာထူးက မ ငယ်တော့ဘူး။ တိုင်းပြည်မှာ ဒုတိ ယအကြီးဆုံး အဆင့် ဖြစ်နေပြီ။ ခင်ဗျား ဈေးမသွားပါနဲ့တော့” ဟု တားမြစ်ခြင်း ခံရပါသတဲ့။

ရေတပ် ဦးစီးချုပ်၏ဓလေ့နှင့် သူ့အား တားမြစ်ထား ချက်ကို ကျွန် တော်မသိခဲ့။ ဒုတိယ ဝန်ကြီးချုပ် တစ်ယောက်ကို လမ်းဘေး တရုတ် ဆိုင်သေးသေးလေးမှာ ကျွေးမွေး လိုက်မိသော ကျွန်တော့်ကို နဝတ ဥက္ကဋ္ဌကြီး ကများ ဆူပူအပြစ်တင် လေမလားလို့ စိုးရိမ်မိခဲ့ရသေး သည်။

တော်ပါသေးရဲ့။ ဆူပူကြိမ်း မောင်းပြစ်တင်ခြင်း မခံခဲ့ရသည် မှာ သတင်း ပေါက်ကြားမှု မရှိသော ကြောင့်သာ ဖြစ်မည်ဟု တွေးယူခဲ့ ရပါတော့သည်။

ကျွန်တော် တွေ့ခဲ့ကြုံခဲ့ရသော VIP များသည် ဤကဲ့သို့သော လူ စားများဖြစ်သည်ကို အများသူငါ တို့ထံသို့ မျှဝေအသိပေးချင်သော စိတ်က ကျွန်တော့်ရင်နှင့် မဆံ့ရှိ နေခဲ့ပါသည်။ ယခုလို ဖွင့်ဟရေး ပြလိုက်ရမှ ကျွန်တော့်ရင်ထဲ အေး ချမ်းသွားရသည်မှာ အမှန်သာဖြစ် ပါ၏။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*