ပြည်တွင်းစစ်၊ပညာရေးနှင့် ကချင်ဒေသလူငယ်များ

August 10, 2016 Asian Fame

4:36 pm
ပြည်တွင်းစစ်၊ပညာရေးနှင့် ကချင်ဒေသလူငယ်များ
In Photo Essay
မိုင်ဂျာယန်ရဲ့ စာသင်ကျောင်းတစ်ခုဖြစ်တဲ့ ဖယ်ဒရယ်ဥပဒေအကယ်ဒမီ။ ဒီကျောင်းမှာ တက်နေသူတွေကြားထဲ လားရှိုးတက္ကသိုလ်ကနေ ဥပဒေဘွဲ့ရပြီးသူ တစ်ဦးကိုလည်း တွေ့ရပါတယ်။ကချင်တိုင်းရင်းသားတွေ ဥပဒေဆိုင်ရာအကာအကွယ်ပိုမိုရရှိရေး ဆောင်ရွက်လိုတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ – ထက်ခေါင်လင်း( Myanmar Now)

အမျိုးသမီး လက်မှုသင်တန်းကျောင်းမှ သင်တန်းဆင်းပြီးသူတချို့။ မိုင်ဂျာယန်မှာအထက်တန်းပညာရေး၊ အဆင့်မြင့်ပညာရေးအပြင် အသက်မွေးဝမ်းကျောင်းသင်တန်းတချို့လည်း ရှိပါတယ်။ သူတို့တွေ သင်ကြားလေ့ကျင့်ရတဲ့ လက်မှုပညာတွေထဲမှာ ကချင်ရိုးရာအထည်တွေ ထုတ်လုပ်၊ ဒီဇိုင်းဖော်၊ အလှဆင်ခြင်းလည်း ပါဝင်ပါတယ်။

ကချင်ဒေသနေရာတချို့မှာ ပညာရေးကန့်သတ်မှု ကြီးမားပေမယ့် ရည်မှန်းချက်ကြီးမားတဲ့လူငယ်တွေကို အများအပြားတွေ့နိုင်ပါ တယ်။

ကျောင်းအားချိန်မှာတွေ့ရတဲ့ လူငယ်တစ်ဦး။
ကျောင်းအိပ်ကျောင်းစားနေထိုင်သူတို့ရဲ့အိပ်ရာဟာ သူတို့ရဲ့ စာရေးစားပွဲပါပဲ။
မိုင်ဂျာယန်အနီး ဒုက္ခသည် စခန်းတွေကနေ လာရောက်သူအများအပြားကို ဘော်ဒါဆောင်မှာ တွေ့နိုင်ပါတယ်။

ကချင်ဒေသမှာ အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း ကချင်လက်နက်ကိုင်အဖွဲ့KIA ထိန်းချုပ်နယ်မြေထဲကစာသင်ကျောင်းေ တွကို အစိုးရက အသိအမှတ်ပြုခဲ့ဖူးပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ အထက်တန်းကျောင်းစာမေးပွဲရရှိတဲ့ အမှတ်တွေပေါ် မူတည်ပြီး မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုး၊ မန္တလေးစတဲ့ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူနိုင်ကြပါတယ်။  ပြီးခဲ့တဲ့နှစ်တွေ အတွင်း အပစ်ရပ်စာချုပ် ပျက်စီး၊ တိုက်ပွဲတွေ ပြန်ဖြစ်ရာကနေ ဒီအစီအစဉ်တွေလည်း နိဋ္ဌိတံသွားပါပြီ။KIA က မြို့အဖြစ် သတ်မှတ်ထား တဲ့ မိုင်ဂျာယန်ရောက် ပညာရှာဖွေသူလူငယ်တချို့ရဲ့ မကြာသေးခင်ကပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီးဘော်ဒါဆောင်။ ဘော်ဒါနေသူကျောင်းသူကျောင်းသား ၁၅၃ ဦးရှိပါတယ်။
သူတို့တွေဟာမိုင်ဂျာယန်ဒေသစစ်ပြေးဒုက္ခသည်စခန်းတွေကနေ ရောက်လာကြသူတွေပါ။

ဒီဒေသမှာ အထက်တန်းအောင်မြင်သူတွေ မြန်မာနိုင်ငံတွင်းတက္ကသိုလ်ဆက်တက်ဖို့
အစိုးရက ခွင့်မပြုပါဘူး။ သို့သော်လည်း ဒီဒေသရဲ့ အဆင့်မြင့်ကျောင်းများမှာ
အစွမ်းပြနိုင်သူတွေဟာ တရုတ်၊ ထိုင်းနိုင်ငံတို့က တက္ကသိုလ်တချို့မှာ တက်ရောက်ခွင့်ရကြမှာပါ။KIA အဖွဲ့ကပညာသင်ထောက်ပံ့ကြေး ပေးပါ လိမ့်မယ်။ နှစ်စဉ် ထူးချွန်ကျောင်းသူကျောင်းသားများထဲက ၁ဝ ဦးဝန်းကျင်ပဲ ဒီအခွင့်အရေးရကြတယ်လို့ သိရပါတယ်။

ဒီဒေသမှာ အထက်တန်းအောင်မြင်သူတွေ မြန်မာနိုင်ငံတွင်းတက္ကသိုလ်ဆက်တက်ဖို့
အစိုးရက ခွင့်မပြုပါဘူး။ သို့သော်လည်း ဒီဒေသရဲ့ အဆင့်မြင့်ကျောင်းများမှာ
အစွမ်းပြနိုင်သူတွေဟာ တရုတ်၊ ထိုင်းနိုင်ငံတို့က တက္ကသိုလ်တချို့မှာ တက်ရောက်ခွင့်ရကြမှာပါ။KIA အဖွဲ့ကပညာသင်ထောက်ပံ့ကြေး ပေးပါ လိမ့်မယ်။ နှစ်စဉ် ထူးချွန်ကျောင်းသူကျောင်းသားများထဲက ၁ဝ ဦးဝန်းကျင်ပဲ ဒီအခွင့်အရေးရကြတယ်လို့ သိရပါတယ်။

ကျောင်းအားချိန်မှာတွေ့ရတဲ့ လူငယ်တစ်ဦး။
ကျောင်းအိပ်ကျောင်းစားနေထိုင်သူတို့ရဲ့အိပ်ရာဟာ သူတို့ရဲ့ စာရေးစားပွဲပါပဲ။
မိုင်ဂျာယန်အနီး ဒုက္ခသည် စခန်းတွေကနေ လာရောက်သူအများအပြားကို ဘော်ဒါဆောင်မှာ တွေ့နိုင်ပါတယ်။

ကျောင်းအားချိန်မှာတွေ့ရတဲ့ လူငယ်တစ်ဦး။
ကျောင်းအိပ်ကျောင်းစားနေထိုင်သူတို့ရဲ့အိပ်ရာဟာ သူတို့ရဲ့ စာရေးစားပွဲပါပဲ။
မိုင်ဂျာယန်အနီး ဒုက္ခသည် စခန်းတွေကနေ လာရောက်သူအများအပြားကို ဘော်ဒါဆောင်မှာ တွေ့နိုင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *