မြုံနေတဲ့စစ်(သို့မဟုတ်)နဂါးကြီး မစွန့်ပစ်သေးတဲ့ မြစ်ဆုံခေါင်းလောင်း

မြုံနေတဲ့စစ်(သို့မဟုတ်)နဂါးကြီး မစွန့်ပစ်သေးတဲ့ မြစ်ဆုံခေါင်းလောင်း
July 27, 2016 Asian Fame

11:37 am
မြုံနေတဲ့စစ်(သို့မဟုတ်)နဂါးကြီး မစွန့်ပစ်သေးတဲ့ မြစ်ဆုံခေါင်းလောင်း

TO GO WITH Myanmar-China-US-diplomacy,ANALYSIS by Didier Lauras This picture taken on February 25, 2012 shows part of a controversial hydropower project (background) on the Maykha river in the northern state of Kachin that was due to produce electricity for export to the northern neighbour and on which President Thein Sein ordered a halt to work in September 2011, in a move hailed by the West as a rare concession by the regime after a public outcry, and seen as a turning point in relations. After years of almost unchallenged dominance, China's influence in Myanmar is under threat as the United States and other nations seek closer ties with the former pariah state, experts say. AFP PHOTO / AFP PHOTO / STR

မြစ်ဆုံဆိုသည်က တကယ် တော့ မြန်မာပြည်အတွက် နောက် ထပ်မြုံနေသော စစ်ဖြစ်သည်။မြုံနေသောစစ်ဟု ဆိုရခြင်းမှာ မြန်မာပြည်သူများစု ပြင်းပြင်း ထန်ထန်ဆန့်ကျင် ကန့်ကွက်ခဲ့ သော၊ ကန့်ကွက်နေဆဲဖြစ်သောစီမံကိန်းတစ်ခုဖြစ်ပြီး ယနေ့တိုင် ပြတ်ပြတ်သားသားအဖြေ မထွက် သေးသော အရေးကိစ္စတစ်ခုဖြစ်၍ ပင်။ အထူးသဖြင့် ဧပြီ ၅ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စိတ် ထိခိုက် ညှိုးနွမ်းသွားသည့်အသွင် တွေ့ရသည့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏အခြေ အနေကြောင့် မြစ်ဆုံသည် မပြီး သေးသော မြုံနေသည့်စစ် ဆိုသည် က ပိုသေချာခဲ့ရသည်။

မြန်မာနိုင်ငံ၏ အဓိက စွမ်း အားရင်းမြစ်တစ်ခု ဖြစ်သော ဧရာ ဝတီမြစ်၏ မြစ်ဖျားခံရာ၊ သဘာဝ သယံဇာတအရင်းအမြစ်များစွာ မှီတည်းတည်ရှိရာ၊ ပြည်သူများစွာ မှီခို အသက်မွေးရာ ဖြစ်သော ဧရာဝတီနှင့် နိုင်ငံ၏အနာဂတ်အ တွက်ယခင်အစိုးရလက်ထက်က တရုတ်လက် ဝကွက်အပ်ခဲ့သော အရှုပ်တော်ပုံက ယခုတော့ ပြည် သူရွေးသော အစိုးရ၏ ခေါင်းပေါ် ရောက်နေပြီ ဖြစ်သည်။ လက်ရှိNLDအစိုးရအနေ နှင့်လည်း ဤအရေးကို အေးအေး မနေ၊ စိုးရိမ်ပူပန်မှုရှိကြောင်းနှင့် အစိုးရ၏မူဝါဒရပ်တည်ချက်ဟုယူနိုင်သည်အလားအလာကိုလည်း ဤလအတွင်းမှာပဲ မြင်လိုက်ကြရ သည်။

ထိုအရာကတော့ အစိုးရ သ တင်းစာဖြစ်သည့် ကြေးမုံသတင်း စာတွင် ဇူလိုင် ၂၄ ရက်နေ့၌ ဖော်ပြခဲ့သည့် အယ်ဒီတာ့အာဘော် ပင်ဖြစ်သည်။ ခေါင်းစဉ်က မြစ်ဆုံ ဆည်စီမံကိန်း၏ ရွေးချယ်ရမည့် စတုတ္ထနည်းလမ်း။ ကြေးမုံသတင်း စာသို့မဟုတ် အစိုးရသတင်းစာ အနေဖြင့် မြစ်ဆုံနှင့် ပတ်သက် သည့် ထွက်ပေါ်ခဲ့သည့်ရွေးချယ် စရာနည်းလမ်း ၃ ခု အပေါ် အ ခြေခံရေးသားထားခြင်း ဖြစ်သည်။ ပထမနည်းလမ်းမှာ မြစ်ဆုံဆည်ကို အပြီးဖျက်သိမ်း၍ သက်ဆိုင်ရာ ကုမ္ပဏီအား လျော်ကြေး ဒေါ်လာ သန်း ၈ဝဝ ပေးရန်၊ ဒုတိယနည်း လမ်းမှာ မြစ်ဆုံဆည် တည်ဆောက် ခြင်းကို ပြန်လည်စတင်၍မြစ်ဆုံ ဆည် တည်ဆောက်ပြီးသည့်အခါ တစ်နှစ်ဒေါ်လာသန်း ၅ဝဝ ရှိ သော ဝင်ငွေကို ရရှိရန်။ တတိယ နည်းလမ်းကတော့ မြစ်ဆုံဆည် နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ခြင်း မပြုဘဲ တစ်နှစ်အတိုး ဒေါ်လာ သန်း ၅ဝ ပေးရန်ဖြစ်သည်။

ထိုအချက်များ အရ နည်းလမ်း ၃ ခုစလုံးသည် မြန်မာနိုင်ငံအတွက် ပျော်ရွှင်ဖွယ် နေ့ရက်များ ဖြစ်လာမည် မဟုတ် သည်ကတော့ သေချာပါသည်။ သို့သော်ကြေးမုံက Frontier Myanmar ဂျာနယ်တွင် ဖော်ပြခဲ့ သည့် Joern Kristensen ၏ စတုတ္ထမြောက် နည်းလမ်းကိုကိုး ကား၍ ထောက်ပြထားသည်။ ထိုနည်းလမ်း၏ အဓိကဆိုလို ရင်းမှာ မြစ်ဆုံစီမံကိန်းကို အပြီး တိုင်ရပ်ဆိုင်း၍ နှစ်နိုင်ငံလက်တွဲ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင် မည့် ရေအားလျှပ်စစ် စီမံကိန်း များကို ရှာဖွေ ဖော်ထုတ်ရန်သာ ဖြစ်သည်။ ဤမျှ ကြီးမား၍ နိုင်ငံအရေး ဖြစ်လာစေခဲ့သော မြစ်ဆုံစီမံကိန်း ကို ပြန်လည်ခြေရာကောက်ရသော်”၂ဝဝ၆ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပသော တတိယအကြိမ် မြောက် တရုတ်-အာဆီယံ ကုန် စည်ပြပွဲတွင် မြန်မာနိုင်ငံ ဝန်ကြီး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းက CPI ကုမ္ပဏီကို ဧရာဝတီမြစ်ရေ အားလျှပ်စစ် စီမံကိန်းများအားလာရောက်လုပ်ဆောင်ရန် တရား ဝင်ဖိတ်ခေါ်ခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

စာချုပ်အရ ၂ဝဝ၉ ခုနှစ်တွင် မြစ်ဆုံရေကာတာတည် ဆောက် ရေးလုပ်ငန်းကို စတင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင်အပြီးသတ်ရန် ရည်မှန်း ထားသည်။ ဆည်တည်ဆောက်ရေး အတွက် အဓိက ကန်ထရိုက်တာမှာ China power invesmentအ ကော် ပိုရေးရှင်း (CPI) ဖြစ်ပြီး မြစ်ဆုံ ဆည်သည် ကမ္ဘာ့နံပါတ် ၁၅ ခု မြောက် အကြီးဆုံး ဆည်စီမံကိန်း ဖြစ်သည်။ ယင်းစီမံကိန်းမှ ထုတ် ယူ ရရှိမည့် လျှပ်စစ်၏ ၉ဝ ရာခိုင် နှုန်းကို တရုတ်နိုင်ငံ ယူနန်ပြည် နယ်သို့ တင်ပို့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်သ ဖွယ်ဖြစ်သော ဧရာဝတီမြစ်ကြီး အစပြုရာ မေခနှင့် မလိခမြစ်တို့ ဆုံရာဖြစ်သော ဧရာဝတီမြစ်ဆုံကို ပိတ်ကာ တည်ဆောက်မည့် ရေ ကာတာစီမံကိန်းကို ကချင်လွတ် မြောက်ရေး အဖွဲ့အစည်းဖြစ်သော (ကေအိုင်အို၊ ကေအိုင်အေ) က လည်း ကန့်ကွက်ခဲ့ပါသည်။

ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခွင့်အရေး တန်းတူခွင့်အတွက် နှစ်ပေါင်းများ စွာ လက်နက်ကိုင် တော်လှန်ခဲ့ သည့် ကေအိုင်အေသည်မြစ်ဆုံ ဆည် စီမံကိန်းအတွက် ၁၇ နှစ် ကြာ တည်မြဲခဲ့သော အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ခံရသည်။၂ဝ၁၁ ခုနှစ်တွင် ကေအိုင် အေ တပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံ နှင့် ကချင်ပြည်နယ်သို့ ဆက်သွယ် ထားသောပို့ဆောင်ရေးလမ်း ကြောင်းကို ပိတ်ဆို့ပြီးမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်း ပို့ဆောင်နေမှုကို ရပ်ဆိုင်း စေခဲ့သည်။ပို့ဆောင်ရေးလမ်း ကြောင်းအတွက် အဓိကကျသော တံတား တစ်စင်းကိုလည်း ဖောက် ခွဲဖျက်ဆီးခဲ့သည်။ ယင်းလုပ်ရပ် ကြောင့်ပင် အစိုးရနှင့် ၁၇ နှစ်ကြာ အပစ်ရပ်သဘော တူညီချက် ပျက် ပြယ်ခဲ့ရသည်ဟု ကေအိုင်အိုပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလနန်က ပြောဖူးသည်။

ယနေ့အချိန်အထိ ကေအိုင်အေက အစိုးရနှင့် အပစ် ရပ် လက်မှတ် မရေးထိုးနိုင်သေး ခြင်းသည် မြစ်ဆုံဆည် စီမံကိန်း အပေါ်တွင်လည်းမူတည်နေသည် ဟု ၄င်းက ဆိုသည်။၂ဝ၁၁ ခုနှစ်ဇွန်လတွင် တစ် ကျော့ပြန် ကချင်ဒေသ တိုက်ပွဲများ ဖြစ်လာခဲ့ရသည်။ ထိုဖြစ်ရပ်၏ အကျိုးဆက်က တိုက်ပွဲများနှစ်နှစ် ကျော်ကြာလာခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူ ကချင်ဒုက္ခသည် နှစ်သိန်းနီးပါး အထိရှိလာပြီဖြစ် သည်။ဤသည်က မြင်သာသော ပဋိ ပက္ခ အခြေအနေကိုသာ ဖော်ပြ ခြင်းဖြစ်ပြီး မြစ်ဆုံစီမံကိန်းသည် တစ်နည်းအားဖြင့်ပြည်တွင်းငြိမ်း ချမ်းရေး ဖြစ်စဉ်နှင့်ပါ ဆက်စပ်နေ ခြင်းကို သတိပေး မီးမောင်းထိုးပြ ခြင်းလည်း ဖြစ်ပါသည်။

စီးပွားရေး၊ မြစ်ဆုံ၊ တရုတ်၊ သမ္မတဦးသိန်းစိန်၊ ချေးငွေသဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ များ၏ဖိအားကြောင့် သမ္မတ ဦးသိန်းစိန်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုး ရှိသည့် မြစ်ဆုံစီမံကိန်းကို ၂ဝ၁၁ ခုနှစ် က တည်းက ရပ်နားထားခဲ့သည်။ယင်းအပေါ်တွင် China power investment (CPI) တရုတ်ကုမ္ပဏီကသမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် တည် ဆောက်ခြင်းကို ရပ်နားရန် ဆုံး ဖြတ်လိုက်ခြင်းအား ပယ်ဖျက်ပေး ရန် မြန်မာအစိုးရအား ဖိအားပေး ခဲ့သည်။သမ္မတဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်း ပြီးဆုံးသည့် ၂ဝ၁၅ ခုနှစ်အထိ ဆည်တည် ဆောက်ရေးလုပ်ငန်းများကိုရပ် တန့်ထားရန် အမိန့်ထုတ်လိုက်ပြီး များမကြာမီမှာပင် ဃဏှု က လုပ် ငန်းများကို အမြန်ဆုံး ပြန်လည် စတင်နိုင်ရေးအတွက် တောင်းဆို ခဲ့သည်။

ဧပြီလ အစောပိုင်းတွင် China Radio International အသံလွှင့်ဌာနက ၂ဝ၁၃ ခုနှစ်အ တွင်း မြန်မာနိုင်တွင်တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုအမေရိကန် ဒေါ် လာသန်း ၂ဝ သာရှိခဲ့ပြီး ၂ဝ၁၂ အတွင်း ရင်းနှီးမြှုပ်နှံခဲ့မှု၏ ၅ ရာ ခိုင်နှုန်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှု အ များဆုံး ဖြစ်သည့် ၂ဝ၁ဝ ခုနှစ်၏ ၁ ရာခိုင်နှုန်းသာ ဖြစ်သည်။ တရုတ်အစိုးရပိုင် ကုမ္ပဏီကြီး ၃ခုဖြစ်သည့် Sinohydro Cor-poration၊ChinaThree Gorges Coporationနှင့်China Southen Power Grid တို့က ငွေကြေး စိုက်ထုတ်၍ မြန်မာနိုင်ငံ အရှေ့ ပိုင်းရှိ သံလွင်မြစ်ပေါ်တွင် ရေ အားလျှပ်စစ်ထုတ်ယူနိုင်မည့် ဆည် အမြောက်အမြား တည် ဆောက်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းတို့ထဲမှ မည်သည့် စီမံ ကိန်းကို ဆက်လက် ဆောင်ရွက် မည်ဆိုခြင်းကို သေချာစွာ မသိရ ပေ။

သို့ရာတွင် မြစ်ဆုံဆည် စီမံ ကိန်းကြောင့် နှစ်နိုင်ငံ ဆက်ဆံ ရေးနှင့် ရှေ့ခရီးထိခိုက်မည် မ ဟုတ်ကြောင်းတရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ဇူလိုင် ၂၅ ရက် တွင် The Daily Eleven သတင်း စာသို့ ပြောကြားခဲ့သည်။ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ရှိ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေးနှင့် လေ့ကျင့်ရေးစင်တာ (ICTC)တွင်ပြုလုပ်ခဲ့သော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်းကို ဖော်ပြခြင်း ဖြစ် သည်။ မည်သို့ပင်ဆိုစေကာမူ မြစ် ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် အများပြည်သူ၏သဘောဆန္ဒမပါ ဘဲ ယခင်တပ်မတော်အစိုးရလက် ထက်ခွင့်ပြုခဲ့သော စီမံကိန်းဖြစ်ပြီး အပြီးတိုင် ရပ်ဆိုင်းရန် မဆောင် ရွက်နိုင်သေးသော ခရီးရှည်လည်း ဖြစ်ပါသည်။
ရွေးကောက်ပွဲ မတိုင်မီကပင် မြစ်ဆုံစီမံကိန်းသည် နောက်တက် မည့် အစိုးရအတွက် အကြီးမားဆုံး အခက်အခဲကြုံရမည့် စနက်တံ အဖြစ်လည်း တင်ကြိုသုံးသပ်ခဲ့ကြပြီးလည်းဖြစ်သည်။

အစိုးရ၏ မူဝါဒများဖော်ပြ ရာဖြစ်သော ကြေးမုံသတင်းစာ အ နေဖြင့် အဆိုပါ အယ်ဒီတာ့သဘော ထားတွင် ရေးသားဖော်ပြခြင်းသည် ဖြစ်လိုသည့် နည်းလမ်းကိုအရိပ် အမြွက်ထုတ်ပြန်ခြင်းဟုယူဆနိုင်သည်။ ထိုဖော်ပြချက်က ကချင်ပြည် သူများနည်းတူ၊ မြန်မာပြည်သူ များနည်းတူ အစိုးရသည်လည်းဤစီမံကိန်းနှင့် ပတ်သက်၍ (နိုင်ငံ တွင် စွမ်းအားလိုအပ်နေသည့်တိုင်) လိုလား နှစ်ခြိုက်မှုမရှိခြင်းနှင့်ရင် ဆိုင်ရမည့် နည်းလမ်းများသည် လည်း ခံဘက်ချည်းသာဖြစ်၍ စတုတ္ထနည်းလမ်းကိုသာ မျှော်လင့် နေကြောင်းကို မြင်သာစေပါသည်။ လက်ရှိအချိန်တွင် ပြည်တွင်း အကြွင်းမဲ့ ငြိမ်းချမ်းရေးနှင့် ၂၁ ရာ စု ပင်လုံညီလာခံအတွက် အာရုံ စိုက်နေချိန်ဖြစ်သည်။

ဤမြစ်ဆုံ အရေးသည် နိုင်ငံ ၏ အနာဂတ်သယံဇာတ အဆုံး အဖြတ်ဖြစ်သည့်အပြင် တိုင်းရင်း သားများနှင့်မြန်မာပြည်သူတို့၏ အားကိုး ယုံကြည်မှု၊ အများမျှော် လင့်နေသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုအတွက် အရေးပါ သော အပ်ဖျားပေါ်မှ မုန်ညင်းစေ့ ကဲ့သို့ဖြစ်ရာ အစိုးရ၏ ပြည်သူ့ ကိုယ်စားပြုသော ရပ်တည်ချက်ကို သံတမန်နည်း အရာသာမကနိုင်ငံ၏ မူဝါဒအဖြစ် ပြတ်သား ခိုင်မာစွာချပြရန် လိုအပ်နေပြီဖြစ် သည်။ ထို့ပြင် တိုင်းရင်းသားများနှင့် ပြည်သူတို့သည်လည်း နိုင်ငံအရေး ဟုရှုမြင်ကာ မိမိတို့သဘော ဆန္ဒ ဖြစ်လိုမှုနှင့်နိုင်ငံရေးအမြတ်ထုတ် မှု သဘောများမပါဝင်စေဘဲ အစိုး ရနှင့်အတူ ညီညွတ်မြဲမြံစွာ ရပ် တည်၍ မြုံနေသောစစ်ကိုငြိမ်း ချမ်းစွာ အပြီးတိုင်ရပ်ဆိုင်းနိုင်မည့် အရေး ချင့်တွေးကူညီကြရန်သာ ရှိသည့်အကြောင်း အထူးရေးသား ဖော်ပြလိုက်ရပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*