အဝေးပြေးယာဉ်ရပ်နားစခန်း၎ခုမှ အ၀င်အထွက်ဂိတ်တွေကို အလို အလျောက်လမ်းအခပေးစနစ်(တိုးဂိတ်စနစ်) ပြောင်းလဲတပ်ဆင်သွားဖို့မန်းစည်ပင်စီစဉ်နေ

အဝေးပြေးယာဉ်ရပ်နားစခန်း၎ခုမှ အ၀င်အထွက်ဂိတ်တွေကို အလို အလျောက်လမ်းအခပေးစနစ်(တိုးဂိတ်စနစ်) ပြောင်းလဲတပ်ဆင်သွားဖို့မန်းစည်ပင်စီစဉ်နေ
September 19, 2018 Asian Fame Media

4:41 pm
အဝေးပြေးယာဉ်ရပ်နားစခန်း၎ခုမှ အ၀င်အထွက်ဂိတ်တွေကို အလို အလျောက်လမ်းအခပေးစနစ်(တိုးဂိတ်စနစ်) ပြောင်းလဲတပ်ဆင်သွားဖို့မန်းစည်ပင်စီစဉ်နေ

2

မန္တလေး စက်တင်ဘာ ၁၉

မန္တလေးစည်ပင်သာယာပိုင် ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်း၊ သီရိမန္တလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမင်္ဂလာအဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်း နဲ့ ပြည်ကြီးမျက်ရှင်အဝေးပြေးခရီးသည်တင်ယာဉ်ရပ်နားစခန်းတို့မှ အ၀င်အထွက်ဂိတ်တွေကို အလို အလျောက်လမ်းအခပေးစနစ်(တိုးဂိတ်စနစ်) ပြောင်းလဲတပ်ဆင်သွားဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေပါ တယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ယာဉ်ဖြတ်သန်းခကောက်ခံနေတဲ့စနစ်မျိုးဖြစ်ပြီး Electronic Toll Collection ETC System ဆိုတဲ့ အလိုအလျောက်လမ်းအခပေးစနစ် ဖြစ်တယ်လို့သိပါတယ်။

ဒီကားကွင်း ၄ ခုမှာ အီးတီစီစနစ်အတွက် စက်ကိရိယာတွေ၊ စီစီတီဗီတွေတပ်ဖို့လုပ်နေတာပါ၊ စက်တင်ဘာလကုန်အပြီးဆောင်ရွက် သွားမှာပါ လို့ မန္တလေးမြို့တော်စည်ပင်ကော်မတီဝင်ဦးကျော်ဇောအောင်ကပြောပါတယ်။

ကားကွင်းတွေ ဈေးတွေ နဲ့ ကားဝိုင်းကျောက်ဝိုင်းဆိုတာတွေဟာ စည်ပင်အခွန်ဌာနကို ၀င်ငွေရှာပေးနေတဲ့နေရာတွေဖြစ်တာကြောင့် ဒီနေရာတွေမှာ ဒီလိုခေတ်မီနည်းစနစ်နဲ့အသုံးပြုပြီး အလေအလွင့်မရှိအခွန်ဝင်ငွေပြည့်ဝစွာရရှိဖို့ လုပ်ဆောင်တာဖြစ်တယ်လို့သိရပါ တယ်။

ယာဉ်ရောင်းဝယ်ရေးစခန်း(လမ်း ၆၀) မှာအရင်ဦးဆုံးလုပ်ခဲ့တယ်၊ အဲဒီကတွေ့ရှိတဲ့လိုအပ်ချက်တွေ၊ နည်းပညာပိုင်းတွေကို ထပ်ပံ့ပိုး ပြီး ကားကွင်းတွေမှာတပ်ဆင်သွားမှာပါ၊ ဒီစနစ်ကြောင့် ၀န်ထမ်းနဲ့ပြည်သူအကြား နှစ်ဖက်စလုံးအဆင်ပြေစေမှာဖြစ်သလို အခွန်ဌာန အတွက်လည်း ၀င်ငွေပြည့်ဝစွာရလာမှာပါ လို့လည်း ၄င်းကဆိုပါတယ်။

ETC စနစ်နဲ့ကောက်ခံတဲ့နေရာမှာ ကားရဲ့အမျိုးအစား တန်ချိန်အလိုက် သတ်မှတ်ထားတဲ့နှုန်းထားများအတိုင်းပေးဆောင်ရမှာဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာလို့လည်းသိရပါတယ်။

ETC စနစ်က လမ်းအသုံးပြုခကို အလိုအလျောက်ကောက်ခံပေးမှာဖြစ်ပြီး Computer နဲ့လုပ်ဆောင်တဲ့စနစ်ဖြစ်တာကြောင့် ဆောင်ရွက်တဲ့နေရာမှာ အဆင်ပြေလွယ်ကူစေတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ ဒီစနစ်ကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိToll Gate တွေမှာ အသုံးပြုနေပြီဖြစ်ပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*