5:00 pm
နေပြည်တော်၊ဇန်န၀ါရီ ၁၆
နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ သူ့ရဲ့အစိုးရအဖွဲ့ထဲက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာမှာ ဦးဟန်ဇော်ကို ခန့်အပ်လိုကြောင်း ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးထံ သ၀ဏ်လွှာပေးပို့ကာ အကြောင်းကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအ၀င် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ၂ခုကို တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်ကို နိုင်ငံတော်သမ္မတ မှ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန တစ်ခုကိုပဲ တာဝန်ယူခိုင်းလိုက်တာကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာဟာ လစ်လပ်လျှက်ရှိနေပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလောင်း ဦးဟန်ဇော်က”ကျွန်တော်ကို သမ္မတရုံးကနေ ဇန်န၀ါရီလ ၉ရက်နေ့ကတည်းက ကမ်းလှမ်းခဲ့တာ။ ၉ရက်နေ့ မှာ ကျွန်တော်နေပြည်တော်ကို တခြားအလုပ်ကိစ္စနဲ့ သွားရင်းနဲ့ ကို သူတို့က လိုက်ရှာပြီး ကမ်းလှမ်းတာပါ ”လို့ Popular News ကို ပြောပါတယ်။
ထိုသို့ ကမ်းလှမ်းခံရတဲ့ အပေါ် ဦးဟန်ဇော်က ၎င်းမှာ လမ်းတံတားတွင်လည်း လုပ်ခဲ့ဖူးသလို၊အခုလက်ရှိအချိန်တွင်လည်း အင်ဂျင်နီယာအသင်း၌ နာယကအဖြစ်တာဝန်ယူနေတာကြောင့် ဖြစ်မယ်ထင်ကြောင်း ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖြစ်မယ်ဆိုရင် ကျေးလက်လမ်းတွေကောင်းအောင် လုပ်မယ် ၊ အခြေခံအဆောက်အအုံတွေ ကောင်းအောင်လုပ်မယ်အခုလက်ရှိဖော်ဆောင်နေတဲ့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေကို အောင်မြင်အောင် လုပ်ဆောင်မယ် လို့ ပြောပါတယ်။
ဦးဟန်ဇော်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးကနေ အငြိမ်းစားယူခဲ့သူ တစ်ဦးဖြစ်ပါတယ်။
စိုင်းလမင်း