မြန်မာနဲ့ ဖိလစ်ပိုင် ယနေ့ညနေ ယှဉ်ပြိုင် ကစားမှာဖြစ်ပြီး ဗီယက်နမ် အင်ဒိုနီးရှား ထိပ်တိုက်တွေ့ဆုံမှုအပေါ်ဆီမီးတတ်ဖို့ ကံကြမ္မာကမူတည်နေ

မြန်မာနဲ့ ဖိလစ်ပိုင် ယနေ့ညနေ ယှဉ်ပြိုင် ကစားမှာဖြစ်ပြီး ဗီယက်နမ် အင်ဒိုနီးရှား ထိပ်တိုက်တွေ့ဆုံမှုအပေါ်ဆီမီးတတ်ဖို့ ကံကြမ္မာကမူတည်နေ
September 11, 2017 Fame Asian

10:27 am
မြန်မာနဲ့ ဖိလစ်ပိုင် ယနေ့ညနေ ယှဉ်ပြိုင် ကစားမှာဖြစ်ပြီး ဗီယက်နမ် အင်ဒိုနီးရှား ထိပ်တိုက်တွေ့ဆုံမှုအပေါ်ဆီမီးတတ်ဖို့ ကံကြမ္မာကမူတည်နေ

21618053_1818195708441403_4479940959187258091_n

ရန်ကုန် စက်တင်ဘာ ၁၁

ဒီနေ့မှာတော့ အုပ်စု (ခ)ရဲ့ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဗီယက်နမ်နဲ့အင်ဒိုတို့ တွေ့ဆုံယှဉ်ပြိုင်ကြမှာပါ။လက်ရှိမှာ နှစ်သင်းစလုံးက နှစ်ပွဲ ကစားနှစ်ပွဲနိုင် ရမှတ်(၆)မှတ်စီ ရထားပြီး သွင်းဂိုး အရေအတွက် ပိုများတဲ့ ဗီယက်နမ်က အုပ်စုကိုဦးဆောင်နေပါတယ်။

ဒီနှစ်သင်းတွေ့ဆုံမှုရဲ့ ရလဒ်က မြန်မာအသင်း ဆီမီးဖိုင်နယ်တတ်ရောက်ခွင့်အတွက် အဆုံးအဖြတ် ကံကြမ္မာ တစ်ခုလဲဖြစ်လာနိုင်ပါတယ်။မြန်မာအသင်း ကတော့ ယနေ့ညနေ (၆)နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

ဒီနေ့မှာ အင်ဒိုနီးရှားအသင်းက ဗီယက်နမ်ကိုနိုင်ခဲ့ရင် မြန်မာက ညနေမှာယှဉ်ပြိုင်ရမယ့် ဖိလစ်ပိုင်ကို ဗီယက်နမ်အသင်းထက်ပိုပြီး ဂိုးသွင်းနိုင်မှ ဗီယက်နမ်ကိုသရေကျရုံနဲ့ အုပ်စုကတတ်နိုင်ပါမယ်။

အင်ဒိုနဲ့ ဗီယက်နမ်ပွဲက သရေရလဒ်ထွက်လာရင်တော့ မြန်မာကဗီယက်နမ်ကို အနိုင်ကန်မှ အုပ်စုတတ်မှာဖြစ်ပါတယ်။

ဗီယက်နမ်က အင်ဒိုကိုနိုင်ခဲ့ရင်တော့ မြန်မာအသင်းကဗီယက်နမ်ကို အနိုင်ကစားရုံတင်မကဘဲ ဗီယက်နမ်၊အင်ဒိုတို့ထက် သွင်းဂိုးတွေပိုများများရဖို့ပါ လိုအပ်နေပါပြီ။

AFF စည်းမျဉ်းတွေအရ ရမှတ်တူ၊ဂိုးကွာခြားချက်တူ ရင်ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီးရတဲ့အသင်းက အုပ်စုတတ်မှာဖြစ်လို့ မြန်မာအသင်းက အင်ဒိုကိုရှုံးနိမ့်ထားတာကြောင့် ဒီနေ့ပွဲစဉ်မှာ ဖိလစ်ပိုင်ကို သွင်းဂိုးများများ သွင်းနိုင်ဖို့ အရေးကြီးနေပါတယ်။

အောင်ပြည့်စုံ

Photo; myanmar sport info

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*