ဓါတုဒြပ်ကြွင်း ကင်းစင်သော နှမ်းမျိုးစုံကို ဂျပန်နိုင်ငံမှ တန်ချိန် အကန့်အသတ်မရှိ ဝယ်ယူသွားမည်။

ဓါတုဒြပ်ကြွင်း ကင်းစင်သော နှမ်းမျိုးစုံကို ဂျပန်နိုင်ငံမှ တန်ချိန် အကန့်အသတ်မရှိ ဝယ်ယူသွားမည်။
August 21, 2017 Fame Asian

4:29 pm
ဓါတုဒြပ်ကြွင်း ကင်းစင်သော နှမ်းမျိုးစုံကို ဂျပန်နိုင်ငံမှ တန်ချိန် အကန့်အသတ်မရှိ ဝယ်ယူသွားမည်။

Untitled-1

နေပြည်တော် သြဂုတ် ၂၀

ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်နေသည့် နှမ်းနက်နှင့်နှမ်းမျိုးစုံကို ဂျပန်နိုင်ငံက ဝယ်လိုအားမြင့်တတ်နေပြီး ဓါတုဒြပ်ကြွင်း ကင်းစင်ပါက တန်ချိန် အကန့်အသတ်မရှိ ဝယ်ယူသွားမည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှသိရပါသည်။

“နှမ်းကို ဂျပန်ဈေးကွက်မှာဝယ်လိုအားရှိနေပါတယ်၊ဈေးကွက်ဝယ်လိုအားနဲ့တင်ပို့နိုင်တဲ့အခြေအနေဆို အတော်လေး လိုနေပါသေးတယ်၊သူတို့ဖက်က ဓါတု ဒြပ်ကြွင်းသာ ကင်းစင်ပါစေ ရသလောက်ဝယ်မယ်လို့ ကမ်းလှမ်းထားတာပါ”ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဒေါက်တာရဲတင့်ထွန်းကဆိုသည်။

ပြည်တွင်းရှိတောင်သူများအနေနှင့် သီးနှံများစိုက်ပျိုးရာတွင် ပိုးသတ်ဆေးအပါအဝင်ဓါတ်မြေသြဇာ များကို စနစ်တကျ အသုံးမပြုသည့်အတွက် ပြည်ပတင်ပို့မှုတွင် ကန့်သတ်မှုများရှိနေသည်။သီးနှံဖျက်ပိုးအပါအဝင် အပင်ကြီးထွားမှုများအတွက် အသုံးပြုရသည့်ဓါတ်မြေသြဇာများကို အတိုင်းအဆမရှိအသုံးပြုကြသည့်အတွက် ဒြပ်ခွဲစစ်ဆေးရာတွင် ဓါတုဒြပ်ပေါင်းများတွေ့ရှိနေရသည်။

ပြည်ပသို့နှမ်းတင်ပို့ရာတွင် ရိတ်သိမ်းပြီးရက်ကြာလာသည်နှင့်အမျှ နှမ်းအရည်အသွေးကျဆင်းလာတတ်သဖြင့် ရိတ်သိမ်းပြီးသည်နှင့် ချက်ချင်းထောင်သည့်အလေ့အထ ကျင့်သုံးကြဖို့လိုကြောင်း ဒေါက်တာရဲတင့်ထွန်းက အကြံပြုခဲ့သည်။

ယခုနှစ်အတွင်း ပြည်တွင်းမှ နှမ်းနက်နှင့်နှမ်းအမျိုးမျိုးကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီးဝယ်လိုအားမြင့်တတ်နေတာကြောင့် အရည်အသွေးမီ နည်းစနစ်တကျ စိာက်ပျိုးရိတ်သိမ်း ကြရန် တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှတိုက်တွန်းထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*