ပြည်တွင်းမှ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရသည့် ဆန်စက် (၁၀)ခုသာ ရှိပြီး အရည်အသွေးမီ ဆန်စက်အသစ် များကို လာရောက် စစ်ဆေးနိုင်ရန် ဆွေးနွေးနေ

ပြည်တွင်းမှ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရသည့် ဆန်စက် (၁၀)ခုသာ ရှိပြီး အရည်အသွေးမီ ဆန်စက်အသစ် များကို လာရောက် စစ်ဆေးနိုင်ရန် ဆွေးနွေးနေ
August 21, 2017 Asian Fame

3:38 pm
ပြည်တွင်းမှ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရသည့် ဆန်စက် (၁၀)ခုသာ ရှိပြီး အရည်အသွေးမီ ဆန်စက်အသစ် များကို လာရောက် စစ်ဆေးနိုင်ရန် ဆွေးနွေးနေ

rice(နေပြည်တော် သြဂုတ် ၂၁)

ပြည်တွင်းမှ ထွက်ရှိသောဆန် နဲ့ဆန်ကွဲများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ ရောင်းချရာတွင် စံအရည်အသွေး သတ်မှတ်ချက်ပြည့် မီကြောင်း အသိအမှတ်ပြုထားသည့် ဆန်စက်(၁၀)ခုသာ ရှိပြီး အသစ် တည်ဆောက်ထားသည့် အရည်အသွေးမီ ဆန်စက် များကိုလည်း အသိအမှတ်ပြု တင်ပို့ခွင့် ရနိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“လက်ရှိ အချိန်ထိ ဆန်စက်(၁၀)ခုက ထွက်တဲ့ဆန်တွေကို ဘဲတရားဝင် ပင်လယ်ရေကြောင်း ကနေ တင်ပို့နေနိုင်တယ်၊ အရည်သွေး မီတဲ့ ဆန်စက် အသစ်တွေ လဲရှိနေပြီဖြစ်လို့ ထပ်စစ်ဆေးပြီး ခွင့်ပြုပေးနိုင်ဖို့ ညှိနှိုင်းနေပါတယ်”ဟု လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင် ကဆိုသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ဆန်များကို တရားဝင် တင်ပို့မှုထက် နယ်စပ်မှ တဖက်နိုင်ငံ အတွင်းသို့ တရားမဝင် တင်ပို့နေရသည့် ပမာဏက ပိုများလျှက် ရှိနေသည်။ အရည်အသွေး သတ်မှတ်ချက်ကြောင့် နယ်စပ်မှ တင်ပို့နေရခြင်း ဖြစ်ကြောင်း ဦးခင်မောင်လွင် ကဆို သည်။

လက်ရှိ အချိန်တွင် လယ်ယာ ထွက်ကုန်ပစ္စည်း တင်ပို့မှုမှာ ပြည်ပပို့ကုန် စုစုပေါင်း၏ (၂၅)ရာခိုင်နှုန်းကျော် ရှိနေပြီး ဆန်၊ဆန်ကွဲ တင်ပို့မှု က ပမာဏ အများဆုံးဖြစ်သည်။ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ တရားဝင် တင်ပို့နိုင်ရေး အတွက် အစိုးရ အပိုင်း မှဈေးကွက်သစ်နိုင်ငံ များကို ရှာဖွေ ချိတ်ဆက်ပေးလျက် ရှိနေသလို စိုက်ပျိုး ထုတ်လုပ်သူများဖက် ကလည်း နည်းစနစ်တကျ စိုက်ပျိုး ရိတ်သိမ်းကြရန် အထူး လိုအပ်နေသည်။

ယခုဘဏ္ဍာနှစ် အတွက် ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏစုစုပေါင်း တန်ချိန်(၂)သန်းဟု ခန့်မှန်းထားပြီး လက်ရှိ ပထမလေးလတာ ကာလ အတွင်း တန်ချိန်(၁)သန်းကျော် အထိတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အချက်အလက် များမှ သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*