1:45 pm
(ရန်ကုန်၊ သြဂုတ် ၁၆)
ဆရာတော် ဒေါက်တာ ပဏ္ဍိတဇောတိ ၏ ဆောက်လုပ်နေဆဲ ဖြစ်သော တရားရိပ်သာအတွက် တယ်လီနော 6644 ၀န်ဆောင်မှုမှ ရရှိသည့် ဓမ္မစာတို ၀န်ဆောင်မှုမှ ရရှိသည့် ၆,၂၀၀,၀၀၀ ကျပ်အား Mono Technology Public Limited Co.,Ltd from Thailand မှသြဂုတ်လ၁၆ရက်နေ့တွင် ဇောတိကာရုံ ပရိယတ္တိ စာသင်တိုက်သို့ ပေးလှူခဲ့သည်။
ဆောက်လုပ်ဆဲ ဖြစ်သော တရားရိပ်သာသည် ပဏ္ဍိတာ ရာမ ဇောတိကာရုံကျောင်း ၊နှင်းဆီမြိုင် ရပ်ကွက် ၊မြောင်းတကာ မှော်ဘီမြို့ နယ် အတွင်း တည်ရှိခြင်း ဖြစ်သည်ဟု Mono Technology Public Limited Co.,Ltd from Thailand မှပြောသည်။
ယင်းကုမ္ပဏီ အနေဖြင့် အနာဂတ်တွင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်းများ၊ လူမှုရေး ပရဟိတအသင်း များသို့လှူဒါန်းရန် စီစဉ် ထားပြီး ပါဝင် ကုသိုလ်ပြုလှူဒါန်းလို သူများအနေဖြင့် တယ်လီနော စာတို 6644 သို့ DHM ON ဟုရိုက်နှိပ်၍ ဓမ္မစာတို ၀န်ဆောင်မှု ကိုရယူပြီး ကုသိုလ်ပြုနိုင်ပြီဟု Mono Technology Public Limited Co.,Ltd from Thailand မှပြောသည်။
သီဟ
ဓါတ်ပုံ – ဖြိုးထက်အောင်