ခရီးသွားများသည့် မန္တလေးနှင့် ဘားအံတွင် အမြန်ရေယာဉ်ခရီးစဉ်များ ပြေးဆွဲမည်

ခရီးသွားများသည့် မန္တလေးနှင့် ဘားအံတွင် အမြန်ရေယာဉ်ခရီးစဉ်များ ပြေးဆွဲမည်
May 18, 2017 Asian Fame

4:06 pm
ခရီးသွားများသည့် မန္တလေးနှင့် ဘားအံတွင် အမြန်ရေယာဉ်ခရီးစဉ်များ ပြေးဆွဲမည်

လင်းဟိန်း
ရန်ကုန်၊ မေ ၁၂

နိုင်ငံခြားဧည့်သည်များ စိတ်ဝင်စားမှုများသည့် မန္တလေးနှင့် ဘားအံတွင် အမြန်ရေယာဉ်ခရီးစဉ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီက ပြောသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြေး ဆွဲခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

ယင်းအပြင် ကော့သောင်းအနီးတစ်ဝိုက်ကျွန်းများသို့ လည်း ရေယာဉ်ပြေးဆွဲရန် ပြင်ဆင်နေပြီး တိုင်းအစိုးရအဖွဲ့ နှင့် ညှိနှိုင်းလျက်ရှိကြောင်း၊ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေ-မြောက်ဦး ရေယာဉ်ခရီးစဉ်ကိုလည်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း ¤င်းကပြောသည်။ ”ဒီဒေသတွေကို အသွားအပြန် ရေယာဉ်ခရီးစဉ်ပြေး ဆွဲလိုက်ရင် ခရီးသည်တွေ သွားလာရေးအဆင်ပြေသွားမှာ ဖြစ်ပြီး ခရီးသွားလုပ်ငန်းလည်း တိုးတက်လာမယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းရင် ခရီးသည်တွေလည်း အလာနည်းတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဒေသများသို့ ဝန်ဆောင်မှု ကောင်းကောင်းဖြင့် ရေယာဉ်ပြေးဆွဲမည်ဆိုပါက ခရီးသွားများ ပိုမိုလာရောက် ကြမည်ဖြစ်၍ ထိုအစီအစဉ်ကို ကြိုဆိုကြောင်း သင်္ဂဇာခရီး သွားလုပ်ငန်းမှဦးတင်ထွန်းအောင်က ပြောသည်။ ”နိုင်ငံတကာအဆင့်မီလုပ်မယ်ဆိုရင် ကောင်းတာပေါ့။ ပိုပြီး ဝန်ဆောင်မှုကောင်းသွားရင် ခရီးသွားတွေ သိသိသာသာတက်သွားမှာ သေချာတယ်။ Aircon နဲ့၊ အောက်မှာ စားသောက်ခန်းနဲ့၊ အပေါ်မှာဆိုရင်လည်း ရှုခင်းတွေကြည့်လို့ ရတဲ့နေရာတွေ လုပ်ပေးထားရင်ကောင်းပါတယ်။ အခုလုပ်နေကြတာက local ဆိုပြီးပဲ ပြောပြီး ရောင်းနေကြရ တာပေါ့။ အဲဒီ လှေဆိပ်တွေကိုလည်း စနစ်တကျလုပ်ထား မယ်ဆိုရင် ခရီးသွားတွေ ပိုလာကြမှာ သေချာတယ်” ဟု ဦးတင်ထွန်းအောင်က မှတ်ချက်ပြုသည်။ လက်ရှိတွင် တင့်တင့်မြန်မာကုမ္ပဏီက မန္တလေး၊ ပုဂံ၊ ပြည်တို့သို့ အမြန်ရေယာဉ်များဖြင့် ပြေးဆွဲလျက်ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*