ကျေးလက် မီးလင်းရေး ကော်မတီတွေ နိဌိ တံတော့မှာလား

ကျေးလက် မီးလင်းရေး ကော်မတီတွေ နိဌိ တံတော့မှာလား
August 16, 2017 Asian Fame

12:23 pm
ကျေးလက် မီးလင်းရေး ကော်မတီတွေ နိဌိ တံတော့မှာလား

electricity(နေပြည်တော် ၊ သြဂုတ် ၁၆)

ဆယ်စု တစ်ခု စာလောက် သတ်တမ်း ရှိပြီး ပြဿနာ ပေါင်းသောင်းခြောက်ထောင် ပေါ်ပေါက် ခဲ့တဲ့ ကျေးလက် မီးလင်းရေး ကော် မတီတွေ ဖျက်သိမ်းပေးဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုတင်လိုက်ပါပြီ။

ပေါင် မဲဆန္ဒနယ် အမတ် ဒေါ်မိကွန်ချမ်း က “နိုင်ငံ တစ်ဝန်းရှိ ကျေးလက်ဒေသတွင် လျှပ်စစ်မီး ရရှိရန် အတွက် ကျေးလက် မီးလင်းရေး ကော်မတီ ဖွဲ့စည်းထားမှု အပေါ် ဖျက်သိမ်းပြီး လျှပ်စစ်မီးနှင့် ပတ်သက်သော ကိစ္စရပ် များအား လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်သို့ ပြန်လည် ထားရှိရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း” ဆိုပြီး အဆိုတင်ခဲ့ပါတယ်။

ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဒေါ်မိကွန်ချမ်း က ကျေးလက် မီးလင်းရေး ကော်မတီတွေဟာ ၂၀၀၅ ခုနှစ်လောက် မှာပေါ်ပေါက်လာပြီး သက်ဆိုင်ရာ ကျေးရွှာ အုပ်ချုပ်ရေးမှူး က ဥက္ကဌ အဖြစ် တာဝန်ယူကြောင်း ၊ မီးလင်းရေး ကော်မတီသို့ လျှပ်စစ်မီး ရရှိရန် တစ်အိမ်လျှင် ယခင်က စစချင်း ၁၂ သိန်းပေးရကြောင်း ၊ လျှပ်စစ်မီးရရှိပြီး တစ်အိမ်လျှင် ၇ သိန်း ၅ သိန်းတို့ဖြင့် ပြန်လည် ရောင်းစားသည့်အခါ ယခင် ၁၂ သိန်းပေး ထားရသော သူများက ပြောဆိုမှု ရှိလာပြီး ကော်မတီ၏ ငွေ အလွဲသုံစားမှုများ ပေါ်ပေါက်လာကြောင်း ၊ ယင်းနှင့်ပတ်သတ်၍ ယနေ့ တိုင် ငွေစာရင်း ရှင်းတန်း မလုပ်နိုင်သေးသော ကော်မတီများ ရှိသေးကြောင်း၊ ယင်းအပြင် မီးလင်းရေး ကော်မတီသည် လက်လွှဲ ၅ကြိမ်လောက် ပြောင်းလဲခဲ့မှုတွေ ရှိပြီးနောက်မှာ ဘယ်သူ့ကို အရေးယူလို့ ယူရမှန်း မသိဖြစ်နေတာတွေ ရှိကြောင်း ဆိုပါတယ်။

“လျှပ်စစ်မီးလင်းရေး ကော်မတီ ပြည်သူတွေငွေကြေးကိုအလွဲသုံစားလုပ်နေတာတွေကိုလည်း အရေးယူပေးပါ။

တစ်ချို့ကော်မတီ တွေ တစ်အိမ် တစ်ထောင်နှုန်း (မီတာ ထိန်းသိမ်းစောင့်ရှောက်ခ) ဆိုပြီးကောက်တယ်။ တစ်ကယ်တန်း အစိုးရ ကိုပေးရတာ ၅၀၀။ ကျန် တဲ့ ၅၀၀ က ကော်မတီအတွက်။ ဒါကို စာရင်းတွေနဲ့ လည်းမလုပ်ဘူး။ ဆန်စက် မီးစက်တွေ က ကော်မတီ နဲ့ချိတ်ပြီး တိုက်ရိုက် သွယ်တန်းတာတွေ ရှိတယ်။ မြို့နေလူထု အတွက် မီတာတစ်လုံး၁ သိန်းလောက် ကျပေမယ့် ကျေး လက်နေပြည် သူတွေအတွက် မတန်တဆ ပေးပြီး ကော်မတီကို အားကိုးနေ ရပါတယ်။ မတရား လုပ်ဆောင်မှုကို ပြည်သူတွေက သိနေပေမယ့် ဒီအတိုင်းနေ နေ ရတယ်။ ၀န်ကြီးဌာန အနေနဲ့ ဒါကို ပစ်ထားလို့ မရပါဘူး။ ၀န်ကြီးဌာန က ကော်မတီကို တာဝန်ခံ တာဝန်ယူ ရမှာဖြစ်ပါတယ်” လို့ သူမ က ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော်ကို မထီမဲ့မြင် လုပ်ပြီး ဥပဒေကိုမလိုက်နာ တဲ့ ကျေးလက်မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းပေးဖို့နဲ့ မူဝါဒနည်း စနစ်ပိုင်းတွေ ချမှတ်ပေးဖို့ လျှပ်စစ်မီးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက် ကို ပြန်လည် ထား ရှိပေးဖို့ ဒေါ်မိကွန်ချမ်းက ထပ်လောင်းဆိုသွားပါတယ်။

ဒေါ်မိကွန်ချမ်းရဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်းထောက်ခံဆွေးနွေးခဲ့ပါတယ်။

ကျေးလက်နေပြည်သူတွေဟာ အစိုးရသတ်မှတ် ထားတဲ့နှုန်း တစ်ယူနစ် ၃၅ ကျပ်နဲ့ မသုံးရဘဲ ကော်မတီက သတ်မှတ်ထားတဲ့ ၇၀ကျပ် နဲ့သုံးနေရကြောင်း ၊ မီးလင်းရေးကော်မတီ အောင်မြင်ဖို့ရာ အရင်းအနှီး စိုက်ထုတ်တဲ့ ပြည်သူတွေကို ကျေးဇူး မတင်ရဘဲ ပြည်သူတွေ က ပြန်ကျေးဇူး တင် ရတဲ့ ပုံစံဖြစ်နေကြောင်း ၊ ဒါကြောင့် ဒေါ်မိကွန်ချမ်းရဲ့အဆိုကို ထောက်ခံကြောင်း နဲ့ တစ်ခြား ကိုယ်စားလှယ်တွေ လည်း ကိုယ့်နယ်မှာ ရှိတဲ့ မီးလင်းရေးကော်မတီရဲ့ ပြဿနာတွေ ကိုဖြေရှင်းဖို့အတွက် ၀ိုင်းဝန်း ထောက်ခံပေးကြဖို့ တိုက်တွန်းပြော ဆိုသွား ပါတယ်။

ဒီအဆိုကို ပြည်သူ့ လွှတ်တော်မှာ ဆက်လက် ဆွေးနွေး သွားမှာဖြစ်ပြီး ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့အမည် စာရင်းပေးသွင်း ရမှာဖြစ်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*