၇ ရက်ကျော်လို့မှ တောင်းဆိုချက်တွေမလိုက်လျောရင် တိုက်ပွဲသဏ္ဍန်နဲ့ဆက်လက်တောင်းဆိုသွားမယ်လို့ မန္တလေးသပိတ်စခန်းဆို

၇ ရက်ကျော်လို့မှ တောင်းဆိုချက်တွေမလိုက်လျောရင် တိုက်ပွဲသဏ္ဍန်နဲ့ဆက်လက်တောင်းဆိုသွားမယ်လို့ မန္တလေးသပိတ်စခန်းဆို
August 3, 2017 Fame Asian

6:22 pm
၇ ရက်ကျော်လို့မှ တောင်းဆိုချက်တွေမလိုက်လျောရင် တိုက်ပွဲသဏ္ဍန်နဲ့ဆက်လက်တောင်းဆိုသွားမယ်လို့ မန္တလေးသပိတ်စခန်းဆို

1
မန္တလေး၊သြဂုတ် ၃

မန္တလေးမြို့က အမျိုးသားရေးလှုပ်ရှားသူဟု ဆိုသူတွေဖွင့်လှစ်ထားတဲ့ အစိုးရဖြုတ်ချရေးဆိုတဲ့ သပိတ်စခန်းကို နောက်ထပ် ၇ ရက်အထိ ဆက်လက် ဖွင့်လှစ် ထားမှာဖြစ် ပြီး ၇ ရက်ကျော်လို့မှ တောင်းဆိုချက်တွေမလိုက်လျောရင် တိုက်ပွဲသဏ္ဍန်နဲ့  ဆက်လက်တောင်းဆို သွားမှာဖြစ်တယ်လို့ သပိတ်စခန်းပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဦးက ပေါ်ပြူလာနယူးစ်နဲ့တွေ့ဆုံစဉ်ပြောပါတယ်။


“မြို့နယ်သံဃာနာယကအဖွဲ့ကတော့ ဒီနေရာကနေဖယ်ရှားပေးဖို့ ကျွန်တော်တို့ကိုမေတ္တာရပ်ခံလာပါတယ်၊ ကျွန်တော်တို့ ဘက်ကလည်း  ၇ ရက် အတွင်း ဆက်လုပ်သွားဖို့ပြန်ပြီးမေတ္တာရပ်ခံထားတယ်၊ ၇ ရက်ကျော်လို့မှတောင်းဆိုမှုတွေမဖြစ်လာဘူးဆိုရင်တော့ တစ်ခြား တိုက်ပွဲပုံစံတွေနဲ့တောင်းဆိုသွားမယ်၊ သပိတ်စခန်းကိုလည်း အဲဒီအခါကျရင် ဖျက်သိမ်းသွားမှာဖြစ်တယ်၊ ၇ ရက်အထိတော့ရှိနေဦးမှာပါ” ၄င်းကဆိုပါ တယ်။


၎င်းတို့အနေနဲ့ တည်ဆဲအစိုးရဖြုတ်ချရေးအတွက် ယမန်နေ့ညနေပိုင်းကစတင်ပြီး မန္တလေး မဟာမုနိဘုရားကြီးအနောက်ဖက် ၈၄ လမ်းပေါ်က သာသနာ ၂၅၀၀ ၀င်းအတွင်း သပိတ်မှောက်တောင်းဆိုနေကြတာမှာ တောင်းဆိုချက် ၁၀ ချက် ပါတဲ့ဗီနိုင်းပိုစတာတွေ၊ ကြွေးကြော်သံတွေလည်း ပါပါတယ်။


ဒီနေ့မွန်းလွဲ ၃ နာရီမှာ သပိတ်စခန်းပြောရေးဆိုခွင့်ရှိသူတွေနဲ့ သတင်းထောက်တွေတွေ့ဆုံတာမှာတော့ ၄င်းတို့အနေနဲ့ တောင်းဆိုတာတွေမရမချင်း ဆက်ပြီးတောင်းဆိုသွားမှာပဲဖြစ်တယ်လို့ဆိုပါတယ်။


“ဗီနိုင်းတွေမှာတောင်းဆိုထားတာတွေမရမချင်း ဒီမှာပဲဖွင့်သွားဖို့ရှိတယ်၊ မြို့နယ်သံဃာ့နာယကကတော့ ဒီနေ့ဖယ်ရှားပေးဖို့ သပိတ်ကိုတော့တားတာမ ဟုတ်ဘူး၊ ဖျက်သိမ်းခိုင်းတာမဟုတ်ဘူး၊ (မဟာမြတ်မုနိ)ဘုရားကြီးရဲ့ဝတ္တကမြေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့မေတ္တာရပ်ခံလာပါတယ်၊ မဟာမြတ်မုနိဘု ရားကြီးဆိုတာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် အထွဋ်အမြတ်ဖြစ်သလို ဒီဘုရားကြီးမပျောက်ကွယ်သွားအောင် ကျွန်တော်တို့ကလည်း ကာ ကွယ်စောင့်ရှောက်နေတာဖြစ်တယ်၊
ကျွန်တော်တို့ဆိုတာလည်း အမျိုးဘာသာသာသနာစောင့်ရှောက်တဲ့အဖွဲ့တွေဖြစ်နေတော့


ကျွန်တော်တို့အနေနဲ့က ဗုဒ္ဓဘာသာကိုကာကွယ်တဲ့အဖွဲ့ဖြစ်နေတဲ့အတွက် ဗုဒ္ဓဘာသာအပိုင်မြေမှာ အခုလိုသပိတ်စခန်းဖွင့်တာဟာ ဖွင့်သင့်တယ်လို့မြင်တယ်” လို့လည်း ဦးမြင့်ဦးကပြောပါတယ်။


မြို့နယ်သံဃာ့နာယကအဖွဲ့ရဲ့ဒီနေ့နေ့စွဲနဲ့အကြောင်းကြားစာမှာ မဟာမုနိဘုရားကြီးနယ်မြေ၌ သပိတ်စခန်းဖွင့်နေခြင်းအား ဖယ်ရှားပေးရန်အကြောင်း ကြားခြင်း ဆိုပြီး မန္တလေးမြို့ မဟာမုနိဘုရားကြီးနယ်မြေ အနောက် ၄၅ တာ သာသနာ ၂၅၀၀ဗိမာန်ဝင်းအတွင်း သံဃာတော်အချို့ဦးဆောင်၍ သပိတ် စခန်းဖွင့်နေခြင်းသည် မဟာမုနိဘုရားကြီးနယ်မြေအတွင်း သင့်လျော်ခြင်းမရှိသဖြင့် ဖယ်ရှားပေးစေရေးအကြောင်းကြားပေးပါရန် ရည်ညွှန်းပါစာဖြင့်တင် ပြလျှောက်ထားလာပါသည်။ သို့ဖြစ်ပါ၍ဆန္ဒဖော်ထုတ်ရေးအဖွဲ့ဦးဆောင်ဆရာတော်များ မဟာမုနိဘုရားကြီးနယ်မြေတွင် ဖွင့်လှစ်ထားသော သပိတ်စ ခန်းအား ဖယ်ရှားဖျက်သိမ်းပေးရန်အကြောင်းကြားပါသည် ဟူ၍ပါရှိပြီး ဘယ်နေ့ဘယ်ရက်နောက်ဆုံးထားဖျက်သိမ်းပေးရန်ဆိုတာကိုတော့
ရေးသား ဖော်ပြထားတာမရှိပါဘူး။

News by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*