နေ့စားလပေး မူလတန်းပြဆရာ/ဆရာမတွေ အမြဲတန်းဝန်ထမ်းဖြစ်ပြီ

နေ့စားလပေး မူလတန်းပြဆရာ/ဆရာမတွေ အမြဲတန်းဝန်ထမ်းဖြစ်ပြီ
August 3, 2017 Asian Fame

6:34 pm
နေ့စားလပေး မူလတန်းပြဆရာ/ဆရာမတွေ အမြဲတန်းဝန်ထမ်းဖြစ်ပြီ

ရန်ကုန် ၊ သြဂုတ် ၃

နေ့ စားလပေးအဖြစ်လုပ်ကိုင်လျက်ရှိနေတဲ့ မူလတန်းပြဆရာ/ဆရာမများကို အမြဲတန်းဝန်ထမ်းအဖြစ် အတည်ပြုခန့် ထားလိုက်ပြီလို့ အခြေခံပညာ ဦးစီးဌာန(နေပြည်တော်ရုံး)က သိရပါတယ်။

” ဟုတ်ပါတယ် အတည်ပြုခန့် ထားလိုက်ပါပြီ။ အတည်ပြုခန့် အပ်စာတွေကို ၄ရက်နေ့ နောက်ဆုံးထားပြီး ရုံးချုပ်ကိုပေးပို့ ရမှာပါ” လို့ အခြေခံပညာ ဦးစီးဌာန(နေပြည်တော်ရုံး)ကတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

နေ့ စားလပေးမူလတန်းပြဆရာ/ ဆရာများကို ယခုလ ၁ ရက်နေ့ ကစတင်လို့ အတည်ပြုခန့် ထားလိုက်တာဖြစ်ပြီး အတည်ပြုခန့် အပ်စာတွေကိုတော့ ( Hard copy Soft copy) ၂ စုံနဲ့ အခြေခံပညာဦးစီးဌာနရုံးချုပ်နဲ့ ဌာနခွဲ (၂-က) ၀န်ထမ်းရေးရာကို သြဂုတ်လ ၄ ရက်နေ့ နောက်ဆုံးထားပေးပို့ ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*