ထိုင်းမှ ပြန်ရောက်လာသည့် မြန်မာ အလုပ်သမားများ အနက် ပြည်တွင်းတွင် အလုပ် လိုချင်သူများ ရှိက သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးမည်

ထိုင်းမှ ပြန်ရောက်လာသည့် မြန်မာ အလုပ်သမားများ အနက် ပြည်တွင်းတွင် အလုပ် လိုချင်သူများ ရှိက သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးမည်
July 5, 2017 Asian Fame

3:52 pm
ထိုင်းမှ ပြန်ရောက်လာသည့် မြန်မာ အလုပ်သမားများ အနက် ပြည်တွင်းတွင် အလုပ် လိုချင်သူများ ရှိက သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးမည်

ThaiLabour(နေပြည်တော် ၊ ဇူလိုင် ၅)

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာလုပ်သား သုံးသောင်းလေးထောင်ကျော် မှ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်လို သူများကို အလုပ်အကိုင် ရရှိရန် လုပ်ဆောင်ပေးမယ်လို့ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောကြား လိုက်ပါတယ်။

“တချို့တွေက အထောက်အထား ခိုင်လုံအောင်လုပ်ဖို့ ဒီကိုပြန်လာတာ ရှိပါတယ်၊ တချို့တွေကတော့ ဒီနိုင်ငံမှာပဲ အလုပ်လုပ် ချင်တယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဖော်ဆောင် ပေးမှာပါ”လို့ သူက ဆက်ပြောပါတယ်။

ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သူက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများ အတွက် အလုပ်အကိုင် ရရှိဖို့ ပြည်ထောင်စု အစိုးရအဖွဲ့ ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များနဲ့ ပုဂ္ဂလိက တို့ ပူးပေါင်းပြီး အလုပ်အကိုင် ရရှိဖို့ လုပ်ဆောင်ပေးလျှက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထပ်မံပြောပါတယ်။

ထိုင်းအလုပ်သမား ဥပဒေ အသစ်ပြဌာန်းခဲ့ပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများအား ထိုင်းနိုင်ငံမှ ဖမ်းဆီး အရေး ယူထားခြင်းမရှိဘူးလို့လည်း သူကဆိုပါတယ်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမား ၊တရားမဝင် အလုပ်သမား ၃သန်းခန့်သွားရောက် လုပ်ကိုင်လျှက်ရှိပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*