YBS ၂၅ မတော်တဆမှု နဲ့ပတ်သတ်ပြီး ယာဉ်လိုင်း ပိုင်ရှင် ကုမ္ပဏီပြောကြားချက်

YBS ၂၅ မတော်တဆမှု နဲ့ပတ်သတ်ပြီး ယာဉ်လိုင်း ပိုင်ရှင် ကုမ္ပဏီပြောကြားချက်
July 13, 2017 Asian Fame

5:42 pm
YBS ၂၅ မတော်တဆမှု နဲ့ပတ်သတ်ပြီး ယာဉ်လိုင်း ပိုင်ရှင် ကုမ္ပဏီပြောကြားချက်

YBS(ရန်ကုန် ၊ ဇူလိုင် ၁၃)

ဒဂုံတက္ကသိုလ် ကျောင်းသား/ကျောင်းသူ နဲ့ ဆရာ/ဆရာမတွေ လိုက်ပါလာတဲ့ YBS 25 ယာဉ်မတော်တဆမှုမှာ ယာဉ်မောင်း ထွက်ပြေးတာ မဟုတ်ကြောင်းနဲ့ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ၂၅ ယာဉ်လိုင်းရဲ့ ကုမ္ပဏီ (ဗန္ဓုလ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး) က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကနေ့ညနေပိုင်း ကဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ် နဲ့ပတ်သတ်ပြီး တာဝန် ရှိသူတွေကို မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ယာဉ်မောင်းက ကျွန်တော်တို့ဆီကို ဖုန်းဆက်ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ ရဲနဲ့လည်း စကားပြောပြီးပါပြီ။ ဖြစ်ဖြစ်ချင်း လူတွေဝိုင်း လာတော့ ခဏရှောင်နေတာပါတဲ့။ ကျွန်တော်တို့ အသေးစိတ် မသိရသေးပေမယ့် ထိခိုက် ဒဏ်ရာရရှိမှု ကြီးကြီးကျယ်ကျယ် မရှိပါဘူး” လို့ ကုမ္ပဏီ တာဝန် ရှိသူ ဦးတင်အောင်မိုး က ပြောပါတယ်။

YBS ၂၅ ဟာ အခြားယာဉ်တစ်စီးနဲ့ တိုက်မိတာ မဟုတ်ဘဲ လမ်းဘေးက မြောင်းအပေါက် ထဲရှေ့ဘီးကျ သွားတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“တောင်မြောက် လမ်းဆုံနားမှာ တံတားတစ်ခု ရှိတယ်။ အဲ့နေရာက လမ်းကြမ်းတယ်။ ချိုင့်တွေ များတော့ ယာဉ်မောင်းက ညာဘက် ကပ်မောင်းတာ။ အဲ့ဒီမှာ လမ်းနားကပ်လျက် မြောင်းအပေါက်လေးရှိတယ်။ အဲ့ထဲကို ရှေ့ဘီးကျသွားတာပါ ” လို့သူကဆိုပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသားရေးရာက ဆရာ ဦးသက်လွင်ကတော့ အခုလိုပြောပါတယ်။

“ကျွန်တော်တို့ စံပြဆေးရုံကို သွားနေပါတယ်။ ထိခိုက် ဒဏ်ရာရတာက ကျွန်တော်တို့ ကျောင်းသား/ကျောင်းသူတွေ ဟုတ်/မဟုတ် အတည်ပြုဖို့ပါ။ ဆရာမတွေတော့ ထိခိုက်မှုမရှိဘူး ပြန်သွားကြပြီ လို့ကြားတယ်” လို့ သူက ပေါ်ပြူလာ နယူးစ်ကိုပြောပါတယ်။

YL ၊ Th

Photo- ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*