ခရီးသွားလုပ်ငန်းနဲ့အတူ ဒေသခံလူမှုစီးပွားဖွံ့ဖြိုးမှုကိုလည်း ရည်မှန်းပြီး မြောက်ဦးလေယာဉ်ကွင်းကို တည်ဆောက်တာဖြစ်ပါတယ်

ခရီးသွားလုပ်ငန်းနဲ့အတူ ဒေသခံလူမှုစီးပွားဖွံ့ဖြိုးမှုကိုလည်း ရည်မှန်းပြီး မြောက်ဦးလေယာဉ်ကွင်းကို တည်ဆောက်တာဖြစ်ပါတယ်
June 1, 2017 Asian Fame

4:50 pm
ခရီးသွားလုပ်ငန်းနဲ့အတူ ဒေသခံလူမှုစီးပွားဖွံ့ဖြိုးမှုကိုလည်း ရည်မှန်းပြီး မြောက်ဦးလေယာဉ်ကွင်းကို တည်ဆောက်တာဖြစ်ပါတယ်

uaung

ရခိုင်ပြည်နယ်လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ နှင့် တွေ့ဆုံမေးမြန်းခြင်း

ကမ္ဘာ့အကောင်းဆုံး ကမ်းခြေစာရင်းဝင် ငပလီကမ်းခြေနဲ့ ရှေးဟောင်းသမိုင်းဝင် ပုထိုးတော်များရှိရာ ရခိုင်ပြည်နယ်ဟာ ပြည် တွင်း ပြည်ပ ခရီးသွားများအတွက် အဓိကကျတဲ့ ခရီးသွားဒေသတစ်ခု ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းကို အထောက်အကူ ဖြစ်စေဖို့နဲ့ ဒေသ ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးက အဓိကကျနေတဲ့အတွက် ပြည်နယ်အတွင်းမှာရှိတဲ့ လေဆိပ်တွေကို အဆင့်မြှင့် တင် ဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရထံက သိရပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်က လေဆိပ်တွေ အဆင့်မြှင့်တင်မှုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကို ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြောက်ဦး လေ ဆိပ်ကို အသစ်တည်ဆောက်နေ တယ်လို့သိရပါတယ်။ အဲဒီအ ကြောင်း အရင်ဆုံးသိပါရစေရှင့်။

မြောက်ဦးမြို့ဟာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ရှိတဲ့မြို့ တော်ဖြစ်တာနဲ့အညီ မကြာမီမှာ လည်း ယဉ်ကျေးမှုအမွေအနှစ်စာ ရင်းဝင်ဒေသအဖြစ် သတ်မှတ်ဖို့ ကြိုးစားနေတဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် များ ပြည်တွင်းခရီးသွားများလာ ရောက်လည်ပတ်ဖို့ အခွင့်အလမ်း ရှိတဲ့ နေရာဒေသလည်း ဖြစ်ပါ တယ်။ ခရီးသွားလုပ်ငန်းနဲ့အတူ ဒေသခံလူမှုစီးပွား ဖွံ့ဖြိုးမှုကိုလည်း ရည်မှန်းပြီး မြောက်ဦးလေယာဉ် ကွင်းကို တည်ဆောက်တာဖြစ်ပါ တယ်။မြောက်ဦးလေယာဉ်ကွင်း ကို၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ကစ ပြီး ပြည်နယ်အစိုးရရန်ပုံငွေနဲ့ တည် ဆောက်ခဲ့တာပါ။ တည်ဆောက်ရေး ကိစ္စတွေကို ပြည်နယ်အစိုးရ ကပဲ စီမံကြီးကြပ်မှုတွေပြုလုပ်ခဲ့ရပါတယ် ။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် အထိ လေယာဉ်ကွင်းအတွက် မြေ ယာလျော်ကြေးပေးပြီး လေယာဉ်ကွင်းနေရာရယူခဲ့ခြင်း၊ အကြိုအင် ဂျင်နီယာလုပ်ငန်းနဲ့ လေယာဉ်ပြေး လမ်းမြေသားဖို့ ခြင်းထိဆောင်ရွက် နိုင်ခဲ့ပါတယ်။ လေယာဉ်ကွင်းအ နေနဲ့ ပထမအဆင့်မှာ ပြေးလမ်းကို (၆ဝဝဝ ပေ ဍ္ဍ ၁ဝဝ ပေ )လေဆိပ် ရပ်နားရန်နေရာကို ၆ဝဝ ပေ ဍ္ဍ ၃ဝဝ ပေ လျာထားပါတယ်။

ဒါဆို လေဆိပ်တည်ဆောက်ရေးအတွက် ကုန်ကျငွေဘယ်လောက်လောက် မှန်းထားပါသလဲ။ ပုဂ္ဂလိက ကုမ္ပဏီကပဲလုပ်သွားမှာပါလား။

လေယာဉ်ကွင်းတစ်ကွင်း တည် ဆောက်ရေးလုပ်ငန်းဟာ နည်း ပညာမြင့်မားပြီး လုံခြုံစိတ်ချရမှု အထူးလိုအပ်ခြင်း၊ တည်ဆောက် နေစဉ်နှင့် တည်ဆောက်ပြီးကာလ အတွင်း စီမံခန့်ခွဲမှုကျွမ်းကျင်ရန် အထူးလိုအပ်ခြင်း၊ အရင်းအနှီးများ ခြင်းတို့ကြောင့် ပြည်ထောင်စုမှ တာဝန်ခံ တည်ဆောက်နိုင်ရန်နဲ့ ဖြစ်နိုင်သော ရင်းနှီးမြှုပ်နှံမှုများနဲ့ ဥပမာ -BOT, PPP စနစ်များနဲ့ ဆောက်လုပ်နိုင်ဖို့ တင်ပြခဲ့ပါ တယ်။ မြောက်ဦးလေယာဉ်ကွင်း အတွက်ခန့်မှန်းကုန်ကျငွေက ၂၆ ဘီလျံကျပ်ခန့်ရှိပြီး ပြည်နယ်အစိုးရ အနေနဲ့ ဘဏ္ဍာရေးတစ်နှစ်တာ ကာလအတွင်း ၂ ဒသမ ဝ ဘီလျံ သာ သုံးနိုင်ခဲ့တာမို့ ပြည်နယ်က တာဝန်ယူတည်ဆောက်ရင် နှစ်တာရှည်ပြီး ရင်းနှီးမြှုပ်နှံမှုမှာလည်း အကျိုးနည်းနိုင်တာကို လည်းတွေ့ ရှိရပါတယ်။ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးကလည်း မြောက်ဦးလေယာဉ်ကွင်းကို PPP စနစ်နဲ့အကောင်အထည်ဖော်နိုင် ရေးအတွက် စီးပွားရေးရာ ကော်မတီနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြတောင်းခံထားဆဲ ဖြစ်ပါတယ်။

မာန်အောင် လေဆိပ်ကိုလည်း အသစ်ပြုပြင်တိုးချဲ့မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဘယ်လိုအပိုင်းတွေ ပြုပြင်တိုးချဲ့နေတယ်ဆိုတာ ပြောပြပေးပါရှင့်။

မာန်အောင်လေဆိပ်ကိုလည်း တိုးချဲ့ဆောင်ရွက်ဖို့အစီအစဉ်ရှိပါ တယ်။ လက်ရှိမှာ တိုးချဲ့မှုအတွက် လိုအပ်တဲ့မြေဧရိယာအတွက် ပါ ဝင်တဲ့ မြေယာပိုင်ရှင်များနဲ့ညှိနှိုင်း နေဆဲဖြစ်ပြီး လက်ရှိမှာမာန်အောင် ဒေသခံကုမ္ပဏီတစ်ခုက C-208 ခရီးသည် ၁၂ ယောက်ဆံ့ လေယာဉ်ငယ်နဲ့ တစ်ပတ်သုံးရက်ကျ ပြေးဆွဲပေးနေပါတယ်။ ရာသီဥတု ကြောင့် မိုးရာသီကာလမှာတော့ ခရီးစဉ်တွေ ရပ်တန့်ထားရပါတယ်။ တိုးချဲ့တည်ဆောက်မယ့်လေယာဉ် ကွင်းကိုတော့ ART 72 လေယာဉ်ကြီးတွေ ရာသီမရွေး ဆင်းသက် နိုင်တဲ့အထိ ဆောင်ရွက်သွားမှာပါ။

ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည် နယ်က လေဆိပ်တွေအားလုံးကိုအဆင့်မြှင့်တင်ရေးတွေ လုပ်ဆောင်နေတယ် လို့သိရပါတယ်။ အခြား လေဆိပ်တွေ တိုးချဲ့နေမှုအပိုင်းကို လည်းသိပါရစေ။

စစ်တွေလေဆိပ်ဟာ ကုလ သမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်း INGO, NGO နဲ့ ပြည်ထောင်စုအ ဆင့် အစိုးရအဖွဲ့အစည်းတွေ နေ့စဉ်ဝင်ထွက်သွားလာနေတဲ့ နေရာ ဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ခရီး သည် တစ်သိန်းခွဲကျော် ၂ဝ၁၆ခုနှစ် မှာ နှစ်သိန်းနီးပါးအဝင်အထွက် ရှိခဲ့တဲ့အပြင် နေ့စဉ် လေယာဉ် အ တက်အဆင်းကလည်း ၈ စင်းခန့် အထိရှိလာခဲ့ပါတယ်။ အဲဒါကြောင့် ခရီးသည် နားနေဆောင်၊ ဆိုက် ရောက်၊ ထွက်ခွာခန်းမများ တိုးချဲ့တည်ဆောက်ရန် လိုခြင်း၊ အ ကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းအတွက် နေရာလိုခြင်း ကြောင့် ခရီးသည်အဝင် ၂ဝဝ၊ အထွက် ၂ဝဝ ဦး လက်ခံနိုင်တဲ့ တိုးချဲ့ဆောင်နဲ့ ဆက်စပ်လုပ်ငန်းများ တိုးချဲ့နိုင်ခဲ့ပါတယ်။ အဲဒီ လုပ်ငန်းတွေအတွက် အစိုးရက ကျပ် ၁၁၁၃ ဒသမ ၈ သန်းသုံး စွဲခဲ့ပါတယ်။ ပြီးတော့ ဒီနှစ်မှာ သံတွဲ မဇင်လေဆိပ်အဆောက်အဦနဲ့ ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ လေဆိပ်အဝင်အထွက် ကားရပ် နားဖို့နေရာတွေ တိုးချဲ့ဆောက် လုပ်နိုင်ခဲ့ပြီး မတ်လအတွင်းမှာ ပို့ ဆောင်ဆက်သွယ်ရေး ဝန်ကြီးက စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ် အဆောက်အဦတွေကို လာရောက် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။သံတွဲလေ ဆိပ်ဟာလည်း ငပလီကမ်းခြေ စခန်းကို အမှီပြုပြီးခရီးသည်တွေ နေ့စဉ် ဝင်ထွက်မှု ပိုများလာတဲ့ အပြင် နိုင်ငံတကာက နိုင်ငံခြား ခရီးသည်တွေ ဝင်ထွက် သွားလာမှု တစ်နှစ်ထက်တစ်နှစ် ပိုများလာပါ တယ်။ ဒါ့အပြင်လေယာဉ်တွေ အ တက်အဆင်း များလာတဲ့အတွက် လေယာဉ်ပြေးလမ်း တိုးချဲ့တည် ဆောက်ခြင်း၊ လေယာဉ်အဆောက် အဦကိုတိုးချဲ့ တည်ဆောက်ခြင်း နဲ့အတူ ခေတ်မီသော အဆင့်အထိ တိုးချဲ့တည်ဆောက်ခြင်းတွေ လုပ် ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် လက်ရှိရခိုင်ပြည်နယ် လေကြောင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍဟာ အရင်ကထက်ပိုပြီး တိုးတက်လာပြီလို့ ပြောလိုပါတယ်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*