မြန်မာနိုင်ငံကြီး အေးချမ်းဖို့၊ လူတိုင်းဘဝ အေးချမ်းဖို့ ကမ္ဘာကြီး အေးချမ်းဖို့၊ သီချင်းတွေရေးဖို့ ရှိတယ်

မြန်မာနိုင်ငံကြီး အေးချမ်းဖို့၊ လူတိုင်းဘဝ အေးချမ်းဖို့ ကမ္ဘာကြီး အေးချမ်းဖို့၊ သီချင်းတွေရေးဖို့ ရှိတယ်
December 2, 2016 Asian Fame

8:10 am
မြန်မာနိုင်ငံကြီး အေးချမ်းဖို့၊ လူတိုင်းဘဝ အေးချမ်းဖို့ ကမ္ဘာကြီး အေးချမ်းဖို့၊ သီချင်းတွေရေးဖို့ ရှိတယ်

aung-htet

အိပ်မက်ဆုံရာမှ တစ်ဆင့် ဂီတလောကတွင် နေရာတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့သော အောင်ထက်က အမိမြန်မာပြည်အမြန်ဆုံး ငြိမ်း ချမ်းရေးအတွက်ရည်ရွယ်ကာ တေးသီချင်းများ ရေးစပ်သွားမည် ဖြစ်ကြောင်းပြောသည်။ ‘ဟေး .. မိတ်ဆွေ’ အမည်ရတစ်ကိုယ်တော် တေးစီးရီး DVD ကို မကြာမီဖြန့် ချိတော့မည့် အောင်ထက်နှင့် တွေ့ဆုံကာ ၎င်း၏ လတ်တလော အနုပညာလှုပ်ရှားမှုများအကြောင်း၊ ပြည်တွင်းစစ်များအပေါ်သဘောထားတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေများလာတယ်။ ပြည်တွင်းစစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

အခုဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ရန်ဖြစ်တယ်လို့ပဲ မြင် တယ်။ ရန်ဖြစ်တယ်ဆိုတာ အဆင် မပြေကြလို့ မတည့်ကြလို့ တစ်ခုခု လိုချင်လို့ အချင်းချင်းရန်ဖြစ်ကြတယ်။ ဒါပေမယ့် အဲလိုဖြစ်တဲ့ အခါမှာ အပြစ်မဲ့တဲ့သူတွေ၊ အဲဒီ ရန်ပွဲမှာ မပါတဲ့သူတွေ အများကြီး ရှိတယ်။ ရန်ဖြစ်တဲ့သူတွေကြား မှာသူတို့တွေကပါ ရောပြီးထိခိုက်တယ်။ သေရတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်။ မိဘမဲ့ဖြစ်ရတယ်။ ဒီလူတွေ အတွက် အင်မတန်ကိုနစ်နာပါ တယ်။ ပြည်တွင်းစစ် မဖြစ်စေချင်တော့ပါဘူး။ ဘယ်သူမှလည်း မဖြစ်စေချင်ပါဘူး။ ဖြစ်နေရတဲ့သူ တွေမှာလည်း မဖြစ်စေချင်လောက်ပါဘူး။ အခြေအနေတစ်ခုကြောင့်သာဖြစ်နေရတယ်လို့ သုံးသပ်မိတယ်။ အဲဒီအခြေအနေတစ်ခုကိုညှိနှိုင်းပြီး တော့ပြေပြေလည်လည်ပဲ ဆွေး နွေးစေချင်တယ်။

ပြည်တွင်းစစ်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသူတွေအတွက်၊ သူတို့ရဲ့ပျော်ရွှင်မှုအတွက် ဂီတနဲ့ဆက်နွှယ်ပြီးတော့ တစ်ခုခုလုပ်ပေးဖို့ရော စဉ်းစားထားတာမျိုးရှိပါသလား။

ကျွန်တော်ကိုယ်တိုင် ကျွန်တော့်မိသားစုတွေနဲ့ ပျော်ပျော်ရွှင် ရွှင် အေးအေးချမ်းချမ်းနေချင်သလို အခြားသူများကိုလည်း နေစေချင်တယ်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းရင်းသားတွေအားလုံးကို သူတို့ပိုင်ဆိုင် ထားတဲ့ မိသားစုတွေနဲ့ ပျော်ရွင်နေ တာကိုပဲမြင်ချင်တယ်။ အဲဒီလိုဖြစ်ဖို့ ကျွန်တော်တို့ကဆုတောင်းပေးရုံ တစ်ခုကလွဲပြီး အခြားဘာတတ် နိုင်သေးလဲ၊ ဘာလုပ်ပေးသင့်လဲ ဝိုင်းဝန်းအဖြေရှာရမယ်။ အထူး သဖြင့် ငြိမ်းချမ်းရေးက အရေးကြီးတယ်။ မှန်ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တွေမှာလည်း အရေးကြီးတယ်။ကျွန်တော်က ပြည်သူထဲက အနု ပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတော့ ဒီပြည်တွင်းစစ်ပွဲကိုရပ်ဖို့ သီချင်းထက် မြန်မာနိုင်ငံကြီးအေးချမ်းဖို့၊ လူတိုင်းဘဝအေးချမ်းဖို့ ကမ္ဘာကြီး အေးချမ်းဖို့သီချင်းတွေရေးဖို့ရှိတယ်။

မကြာမီနှစ်သစ်ကူးပါတော့မယ်။ နေရာတိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေဆင်နွှဲကြတော့မယ်။ မဆင်နွှဲနိုင်တဲ့ဒေသက လူငယ်တွေ ကလေးတွေအတွက် ကိုအောင်ထက် ဘာများ ပြောချင်မလဲ။

စစ်ဒဏ်မခံစားရတဲ့ ကျွန်တော်တို့တွေက ဒီမှာပျော်ရွှင်ခွင့်ရှိတယ်။ သူ့ဟာနဲ့သူ အဆင်ပြေပြေလေးနဲ့ ကိုယ်လုပ်ချင်တဲ့အလုပ် ကိုယ်စားချင်တဲ့အစား ကိုယ်သွားချင် တဲ့နေရာတွေကို သွားလို့ရတယ်။ အေးချမ်းတယ်။ အဲလိုလုပ်ခွင့်မရတဲ့လူတွေ အများကြီးရှိတယ်။ ရည် ရွယ်ချက်ရှိပြီး သဘာဝဒဏ်တွေ၊ စစ်ဘေးဒဏ်တွေ ခံစားနေရပြီး ရည်မှန်းချက်ပျောက်နေတဲ့လူငယ်တွေ၊ အပြစ်မဲ့ဘာမှန်းမသိတဲ့ ကလေးငယ်တွေကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိတယ်။ သူတို့တွေကိုလည်း ကျွန်တော်တို့လို ပျော်စေချင်တယ်။ ပျော်ရွှင်ခွင့်လေးတွေ ပိုင်ဆိုင်စေချင်ပါတယ်။

ကိုအောင်ထက်ရဲ့ တစ်ကိုယ်တော်ခွေ DVD ဘယ်တော့လောက် ထွက်ပါမလဲ။

ဒီဇင်ဘာ ၂၇ရက်နေ့ထွက်မှာပါ။ ကျွန်တော်ဒီအခွေကို ဝယ်ကြည့်တဲ့ ပရိသတ်တွေဝယ်ရ ကျိုးနပ်အောင် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။

ဒီအခွေမှာသီချင်းက ၁၂ ပုဒ်ပါတယ်။ ၁၁ ပုဒ်မှာ ကိုယ်တိုင်သရုပ်ဆောင်ထားတယ်ဆိုတော့ နောက်ပိုင်းကို အောင်ထက်ကိုသရုပ်ဆောင် တစ်ယောက်အဖြစ်မြင်ရနိုင်မလား။

ကိုယ့်အခွေမို့လို့သာ သရုပ်ဆောင်ထားတာပါ။ ဒါပေမယ့် သရုပ်ဆောင်တစ်ယောက် အနေနဲ့တော့ လုံးဝလုပ်ဖြစ်မှာ မဟုတ်ဘူး။

တကယ်လို့ ထုတ်လုပ်ရေးတွေက ကမ်းလှမ်းလာခဲ့ ရင်ရော စဉ်းစားမှာလား။

သရုပ်ဆောင် လိုင်းကိုတော့ သီးသန့်ဝင်ဖို့ မရည်ရွယ်ထားသလို လုပ်ဖို့လည်း အစီအစဉ်မရှိပါဘူး။ အသိမိတ်ဆွေတွေက သူတို့ဗီစီဒီမှာ ပါဝင် ပေးပါလားလို့ ကမ်း လှမ်းလာရင်တော့ ကျွန် တော်လုပ်နိုင်မယ်လို့ယုံကြည်မယ်၊ သူ့ကို ကူညီပေးရာရောက်မယ် ဆိုရင်တော့လက်ခံမယ်။ မလုပ်နိုင်ဘူး၊ ယုံကြည်မှု မရှိဘူးဆိုရင်တော့ ပြတ်ပြတ်သားသားငြင်းမှာပဲ။

ဂီတတစ်ခုတည်းနဲ့ဘဝကိုရပ်တည် မယ်လို့ ဆုံးဖြတ် ထားတဲ့ အနုပညာ ရှင်တစ်ယောက်အနေနဲ့ တစ်ကိုယ် တော်အခွေ ကိုလည်း ရှုံးမယ်မှန်းသိသိကြီးနဲ့ ထုတ်ခဲ့တာ ပေါ့။

အခုအခွေထုတ်ဖို့ဆိုတာ သေချာတာတစ်ခုကတော့ အမြတ် ရလို့ထုတ်တာမဟုတ်ဘူး။ ကျွန် တော်ကတော့ အရှုံးအမြတ်ကို တွက်ပြီးတော့ ထုတ်ခဲ့တာမဟုတ်ဘူး။ အဓိက က ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်ခွင့်ရတယ်။ ကိုယ် ဖန်တီးတဲ့ အနုပညာတွေ သူများ ဆီကို အရောက်ပို့ပေးနိုင်တာပဲ ကျေနပ်နေတာ။ အလုပ်သဘော အရ စီးပွားရေးသီးသန့်တွက်နေရင် တော့ လုပ်ဖြစ်မယ် မထင်ဘူး။ အခုက အရှုံးအမြတ် အလုပ် သဘောနဲ့ လုပ်တာမဟုတ်ဘူး။ ကိုယ့်သီချင်းကို ညည်းနေတာ ကြားရရင် ပီတိကိုဖြစ်တာ။ ပရိ သတ်တွေအတွက် ရည်ရွယ်သလို ဂီတကိုခုံမင်မြတ်နိုးတဲ့ လူသား တွေအတွက်ရည်ရွယ်တယ်။ ပြီး တော့ကိုယ်တိုင်ကလည်း ဒါကို ခံစားချင်လို့ လုပ်တာပါ။ အခု ခိုးကူးကိစ္စတွေ၊ မူပိုင်ခွင့်တွေ လှုပ်ရှားကြတာ ကျွန်တော်တို့ အနုပညာသမားတွေအတွက် အရမ်းကိုကောင်းတဲ့ကိစ္စ ဖြစ် တယ်။ ဒါပေမယ့် ကျွန်တော် တို့ဘက်မှာ လိုအပ်ချက်တွေ ရှိတယ်။ တချို့ဆိုင်ဆို မူရင်း အခွေတွေ ရောင်းကြတယ်။ ဒီလိုမီးပွိုင့်တွေမှာ ရောင်း နေတဲ့သူတွေအတွက်ပါ မူရင်းကို ရောင်းနိုင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် အရမ်း ကို တိုးတက်လာမယ်။ ဒါပေမယ့် ဒါကတော့အချိန်တော့ တော်တော် ကိုပေးရမယ်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*