မန္တလေးတွင် တရားမဝင် တရုတ် နိုင်ငံသားများ ရှိ/မရှိ မျက်ခြည်မပြတ် စောင့်ကြည့်နေ ဟုဆို

မန္တလေးတွင် တရားမဝင် တရုတ် နိုင်ငံသားများ ရှိ/မရှိ မျက်ခြည်မပြတ် စောင့်ကြည့်နေ ဟုဆို
May 31, 2017 Asian Fame

5:50 pm
မန္တလေးတွင် တရားမဝင် တရုတ် နိုင်ငံသားများ ရှိ/မရှိ မျက်ခြည်မပြတ် စောင့်ကြည့်နေ ဟုဆို
MDY-China

ယခင်အစိုးရလက်ထက် ဒေသဆိုင်ရာတာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စုတွင် တရားမဝင် ရွှေသတ္တုလုပ်ငန်း တူးဖော်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၈ ဦးနှင့် မြန်မာနိုင်ငံ အလုပ်သမား ၂ဝ ဦးတို့ကို စစ်ဆေးရှာဖွေတွေ့ရှိခဲ့သဖြင့် အရေးယူရန် စစ်ဆေးနေစဉ်။

(နေပြည်တော်၊ မေ ၃ဝ)

မန္တလေးတွင်  တရားမဝင် လာရောက် နေထိုင်၊ အလုပ် လုပ် ကိုင်နေသည့် တရုတ် နိုင်ငံသားများ ရှိ/မရှိကို ဝန်ကြီးဌာနက မျက် ခြည် မပြတ် စောင့်ကြည်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်း ဆွေကပြောသည်။

”အမြဲတမ်း စိစစ်နေတယ်။ မန္တလေးမှာတော့ တရုတ်တွေများ တယ်။ အဲဒီထဲမှာ ဗီဇာနဲ့ လာတာ လား၊ ဒါမှမဟုတ်ရင် သဘောတူ ပါမစ်နဲ့လာတာလား၊ ခရီးသွား အနေနဲ့ လာတာလား။ ဒီလိုခွဲခြားမှု ရှိတယ်ပေါ့နော်” ဟု ဝန်ကြီးက ပြောသည်။

ဒေသခံများ၊ အဖွဲ့အစည်းများ နှင့် အချို့သော ပုဂ္ဂိုလ်များက မန္တ လေးတွင် တရားမဝင် လာရောက် နေထိုင်နေကြသည့် တရုတ်နိုင်ငံ သားများ ရှိနေမည်ကို စိုးရိမ်နေကြ ပြီး  သက်ဆိုင်ရာက စိစစ်မှုများ ပြု လုပ်ရန် လိုလားနေကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍  ဝန်ကြီးဌာနက စောင့်ကြည့်နေသလို ဒေသအာဏာပိုင် အဖွဲ့အစည်း များကလည်း ယင်းကိစ္စနှင့်ပတ် သက်၍ သတိ ထားစောင့်ကြည့်နေ ကြောင်း ဝန်ကြီး ကဆက်ပြောသည်။

”မန္တလေးကိုလာတဲ့ တရုတ် တွေရှိရင်၊ တွေ့ရင်  ဝန်ကြီးဌာနကို သတင်းပို့ဖို့၊ သံသယ ရှိတဲ့ဟာတွေ ကို သတင်းပေးဖို့ ဒီလို ညွှန်ကြား ထားပါတယ်”ဟု ၄င်းကပြောသည်။

အစိုးရသစ်တက်ပြီး လက်ရှိ အချိန်အထိ စစ်ဆေး တွေ့ရှိဖော် ထုတ်မှုတို့အရ မန္တလေးတွင် ရောက်ရှိနေထိုင် အလုပ်လုပ်နေကြ သည့် တရုတ်နိုင်ငံသား တို့သည် ဥပဒေနှင့်အညီ နေထိုင်ကြကြောင်း၊ ယနေ့အထိ အရေးယူရခြင်းမျိုး မရှိသေးကြောင်း ၄င်းကပြောသည်။

ယခင် အစိုးရ လက်ထက်က မန္တလေးတိုင်း ဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိသည့် နေရာတို့တွင် တရားမဝင်လာ ရောက်နေထိုင် အလုပ်လုပ်ကိုင် နေကြသည့် တရုတ်နိုင်ငံသား တို့ကို ဒေသဆိုင်ရာ အာဏာပိုင် များက စစ်ဆေးတွေ့ရှိခဲ့သဖြင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူ ဖမ်းဆီးခဲ့မှု များရှိခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*