ထိုင်ခုံခါးပတ် မပတ်သည့် ယာဉ်မောင်း ၁ဝဝ နီးပါး ၃ ရက်အတွင်း အရေးယူထား

ထိုင်ခုံခါးပတ် မပတ်သည့် ယာဉ်မောင်း ၁ဝဝ နီးပါး ၃ ရက်အတွင်း အရေးယူထား
January 4, 2017 Asian Fame

11:39 am
ထိုင်ခုံခါးပတ် မပတ်သည့် ယာဉ်မောင်း ၁ဝဝ နီးပါး ၃ ရက်အတွင်း အရေးယူထား

kha-pat(ရန်ကုန်၊ ဇန်နဝါရီ ၃ )

မော်တော်ယာဉ် မောင်းနှင်စဉ် ထိုင်ခုံခါးပတ် မပတ်သည့် ယာဉ်မောင်း သူများနှင့် လိုက်ပါ စီးနင်း သူများကို ယခုလမှ စတင် စစ်ဆေး အရေးယူလျက် ရှိရာ ၃ ရက်အတွင်း ယာဉ်အစီးရေ ၁ဝဝ နီးပါးခန့် စစ်ဆေး ဖမ်းဆီး အရေး ယူခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ထိုင်ခုံခါးပတ် မပတ်သည့် မော်တော် ယာဉ်များကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်နေ့  အထိ မော်တော်ယာဉ် စီးရေ ၁ဝဝ နီးပါး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ပညာပေး ကာလအဖြစ် ဆောင် ရွက်ခဲ့ပြီး ဖြစ် သည့် မော်တော်ယာဉ် မောင်းနှင်စဉ် ယာဉ်မောင်းသူများ အနေ ဖြင့် ထိုင်ခုံခါးပတ် မပတ်ပါက ဖမ်းဆီး အရေးယူမည့် စနစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ကျင့်သုံးလျက် ရှိပြီး ဇန် နဝါရီလ ၃ ရက်နေ့အထိ အစီးရေ ၉၇ စီး ဖမ်းဆီး အရေးယူခဲ့ပြီး ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့  ခွဲမှူး ရုံးမှ ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

”လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းက မြို့နယ်တိုင်းမှာ ခါးပတ် မပတ်တဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီး အရေးယူနေပါပြီ။ စစ်ဆေး တွေ့ ရှိရင် သုံးသောင်းထက် မပိုသော ဒဏ်ငွေ ရိုက်ပါမယ်” ဟု ၄င်းကပြောသည်။

လက်ရှိတွင် ကိုယ်ပိုင်ယာဉ်များ၊ ဘက်စ်ကားများ၊ အငှား တက္ကစီယာဉ် များစသည့် ယာဉ်မျိုးစုံကို ဖမ်းဆီးအ ရေးယူလျက်ရှိပြီး တက္ကစီ များနှင့် ဘတ်စ် ကားများကို အများဆုံး အရေးယူခဲ့ရ ကြောင်း ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် အတွင်း ယာဉ်မတော်တဆ မှုကြောင့် မြန်မာ တစ်နိုင်ငံလုံးတွင် သေဆုံးခဲ့သူ နှစ် ထောင်ကျော် ရှိခဲ့ပြီး ယာဉ်မောင်း သူ များနှင့် လိုက်ပါ စီးနင်းသူများက ထိုင်ခုံ  ခါးပတ်မပတ်၍ သေဆုံးရမှု အများဆုံး ဖြစ်သည်ဟု အမျိုးသား ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေး ကောင်စီ က ထုတ်ပြန်ထားကြောင်း သိရသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*