ပေါက်ကွဲစေတတ်သော အမိုနီယမ်နိုက် ထရိတ်အိတ် ၃၀၀၀ ကျော်မန်းတွင်ဖမ်းမိ

ပေါက်ကွဲစေတတ်သော အမိုနီယမ်နိုက် ထရိတ်အိတ် ၃၀၀၀ ကျော်မန်းတွင်ဖမ်းမိ
May 4, 2017 Asian Fame

5:56 pm
ပေါက်ကွဲစေတတ်သော အမိုနီယမ်နိုက် ထရိတ်အိတ် ၃၀၀၀ ကျော်မန်းတွင်ဖမ်းမိ

11(မန္တလေး -မေ ၄)

မန္တလေး အမရပူရမြို့နယ်က ဂိုဒေါင်တစ်ခုမှာ ဒီနေ့ နေ့လည်ပိုင်းက ပေါက်ကွဲ စေတတ်တဲ့ အမိုနီယမ်နိုက်ထရိတ် အိတ်ပေါင်း ၃၆၀၀ ခန့်ဖမ်းဆီး ရမိထားတဲ့ အတွက် တပ်မတော် BE တပ် နဲ့  ရဲတပ်ဖွဲ့အကြီးအကဲတွေ ကိုယ်တိုင် စစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

အမရပူရမြို့နယ် စွယ်တော် ဘုရားအရှေ့ဘက် နတ်ရေကန်ကျေးရွာအုပ်စု စွယ်တော်ပွဲရုံတန်း ဂိုဒေါင်အမှတ် I 17 မှာဖမ်းမိခဲ့တာပါ ။

မြစ်ကြီးနား ဘက်သွားတဲ့ ယာဉ်ကြီးတစ်စီးပေါ် သယ်ယူနေစဉ် မသင်္ကာလို့ ကွင်းဆက် လိုက်စစ်ဆေးရာမှ အဆိုပါ ဂိုဒေါင်မှာပါ ဖမ်းဆီး လိုက်တာလို့ သိရပြီး ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီး အရေးယူထားသလို ဂိုဒေါင်ပိုင်ရှင်နဲ့ ငှားရမ်းသူကိုပါ ဖမ်းဆီးနိုင်ဖို့  ဆောင်ရွက်နေ တယ်လို့ အခင်းဖြစ်နေရာ ရောက်ရှိနေတဲ့ ရဲအရာရှိက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အမိုနီယမ်နိုက်ထရိတ် ကို ကျောက်မိုင်းတွေ ဖောက်ခွဲတဲ့ နေရာမှာလည်း အသုံးပြုကြ ပြီး ပေါက်ကွဲစေတတ်တဲ့ အန္တရာယ် ရှိတာကြောင့်
သိုလှောင်ခွင့် မပြုဘူးလို့ သိရပါတယ်။

“အိတ်တွေမှာ ပေါက်ကွဲ တတ်တယ် Fire အမှတ်အသား တွေလည်း ပါတော့ အခုက ဘီအီးတပ်က စစ်ဆေးမှုတွေ လုပ်မှာပါ၊

အမှုကတော့ မြေသြဇာ ဥပဒေပုဒ်မ ၃၆ နဲ့ အမှု ဖွင့်စစ်ဆေးသွားမှာပါ” လို့ အမရပူရ မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ကျရဲ အရာရှိ ကပြောပါတယ်။

ဖမ်းဆီး ရမိထားတဲ့ အမိုနီယမ်နိုက်ထရိတ် တစ်အိတ်ကို တန်ဖိုး ၅ သောင်းကျပ်ခန့် ရှိတယ်လို့ သိရပြီး စုစုပေါင်း ၃၆၀၀ ကျော် ဖမ်းဆီးရမိ ထားတာပါ။

သတင်းနှင့်ဓာတ်ပုံ -စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*