မော်လမြိုင်တွင် သားအမိ၂ဦး လည်ပင်း လှီးခံရပြီး သမီးဖြစ်သူ သေဆုံး

မော်လမြိုင်တွင် သားအမိ၂ဦး လည်ပင်း လှီးခံရပြီး သမီးဖြစ်သူ သေဆုံး
July 18, 2017 Asian Fame

11:28 am
မော်လမြိုင်တွင် သားအမိ၂ဦး လည်ပင်း လှီးခံရပြီး သမီးဖြစ်သူ သေဆုံး

MawLaMyaing(မော်လမြိုင် ၊ ဇူလိုင် ၁၈)

သားအမိ ၂ဦး လည်ပင်း လှီးခံရပြီး သမီးဖြစ်သူအခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တဲ့ဖြစ်ရပ် ဒီကနေ့ မနက်က မော်လမြိုင်မြို့ မှာဖြစ်ပွားခဲ့ ပါတယ်။

မော်လမြိုင်မြို့ ၊ ဘားအံဘက် အထွက်လမ်း ဟင်္သာအ၀ိုင်း အနီးနားက နေအိမ်တစ်ခု မှာဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က ပေါ်ပြူလာနယူးစ်ကို အတည်ပြုပြောကြားပါတယ်။

နေအိမ်မှာ နေထိုင်နေတုန်း ဖြစ်ပွားခဲ့တယ်လို့ သိရပြီးလောလောဆယ် အမှုဖွင့် ဆောင်ရွက်နေကြောင်း နဲ့ ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူး လို့ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့တာဝန်ကျ တာဝန်မှူးက ပြောပါတယ်။

“သမီးဖြစ်သူ ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ အမေဖြစ်သူကတော့ မသေပါဘူး” အဆိုပါတာဝန်မှူးက ပြောပါတယ်။

YL
Photo Credit – ကိုဘိုဘိုဝင်းRescue(EMR)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*