တိုက်ပွဲများကြောင့် တိမ်းရှောင်နေခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ လောက်ကိုင်သို့ ပြန်လည်ရောက်ရှိလာ

တိုက်ပွဲများကြောင့် တိမ်းရှောင်နေခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ လောက်ကိုင်သို့ ပြန်လည်ရောက်ရှိလာ
April 5, 2017 Asian Fame

12:25 pm
တိုက်ပွဲများကြောင့် တိမ်းရှောင်နေခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ လောက်ကိုင်သို့ ပြန်လည်ရောက်ရှိလာ

မေဇင်ဝင်း
ရန်ကုန်၊ ဧပြီ ၃

မတ်လ ၆ ရက်မှစ၍ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သော လောက်ကိုင်မြို့တွင် အခြေအနေပြန်လည်တည်ငြိမ်လာပြီဖြစ်၍ တိမ်းရှောင် နေခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင် နေကြပြီဖြစ်ကြောင်း လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေး ဦးရန်နိုင်စိုးက ပြောသည်။”ရုံးတွေကပိတ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အန္တရာယ်ဖြစ်မှာစိုးလို့ အမျိုးသမီးတွေကို ခဏရှောင်ခိုင်းပြီး ကျန် တဲ့ဝန်ထမ်းတွေနဲ့ ရုံးလုပ်ငန်းတွေ လုပ်နေတာပါ။ အခုတော့ သူတို့ တွေကိုပြန်ခေါ်လိုက်တာပေါ့” ဟု ၎င်းကပြောသည်။

ဌာနအသီးသီးမှ ဝန်ထမ်းအမျိုးသမီးများတွင် ဒေသခံများ လည်းပါဝင်သလို အခြားဒေသများမှ အမျိုးသမီးများလည်းပါဝင် သဖြင့် အရေအတွက်အတိအကျပြော၍ မရကြောင်း၊ ၎င်းတို့အား တိမ်းရှောင်စေခဲ့သည်မှာ ၁၅ ရက်ခန့်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မတ်လ ၆ ရက်တွင် MNDAA လက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ် လောက်ကိုင်မြို့နှင့် အနီးဝန်းကျင်နေရာများသို့ ဝင် ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများ နီးစပ်ရာမြို့များသို့ တိမ်းရှောင်ခဲ့ကြရသည်။

”မတ်လ ၂၇ ရက်ကစပြီး တည်ငြိမ်သွားပါပြီ။ သေနတ်သံတွေ လည်း မကြားရတော့ဘူး။ ကျွန်တော်တို့လည်း ကယ်ဆယ်ရေးတွေ တောက်လျှောက်လုပ်နေပြီ”ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လောက်ကိုင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ဦးစောရွှေမြင့်ကလည်း ပြောသည်။ ၂ဝဝ၉ ခုနှစ်ကလည်း ယခုကဲ့သို့ ဖြစ်ခဲ့ဖူးသော်လည်း ဌာနဆိုင် ရာဝန်ထမ်းများ တိမ်းရှောင်ရခြင်းမျိုး မရှိခဲ့ကြောင်း၊ ၂ဝ၁၅ တွင်မူ အမျိုးသားများရော အမျိုးသမီးများပါ တိမ်းရှောင်ခဲ့ကြရပြီး ယခု အကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း ဦးရန်နိုင်စိုးက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*