ရခိုင်အရေးနဲ့ ပတ်သတ်ပြီး နိုင်ငံရေးသမားတွေ နိုင်ငံရေးအမြတ်မထုတ်ကြဖို့ တပ်မတော်သားကိုယ်စားလှယ်တောင်းဆို

ရခိုင်အရေးနဲ့ ပတ်သတ်ပြီး နိုင်ငံရေးသမားတွေ နိုင်ငံရေးအမြတ်မထုတ်ကြဖို့ တပ်မတော်သားကိုယ်စားလှယ်တောင်းဆို
February 20, 2018 AsianFame MediaGroup

5:00 pm
ရခိုင်အရေးနဲ့ ပတ်သတ်ပြီး နိုင်ငံရေးသမားတွေ နိုင်ငံရေးအမြတ်မထုတ်ကြဖို့ တပ်မတော်သားကိုယ်စားလှယ်တောင်းဆို

28056194_1723917527670522_4788789138082474506_n

နေပြည်တော်၊ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်အရေးဟာ ပြည်ထောင်စုအရေးဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ဒေသခံပြည်သူတွေ၊မြို့မိမြို့ဖတွေ၊ဌာနေ တိုင်းရင်းသားခေါင်းဆောင်တွေ၊လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပွင့်လင်းမြင်သားစွာ တိုင်ပင်ဆွေးနွေးဆောင်ရွက်သင့် ပြီး နိုင်ငံရေးသမားတွေ အနေနဲ့ နိုင်ငံရေးအမြတ်မထုတ်ကြဖို့ ၊အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်လို့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးခင်မောင်သန့် က ယနေ့ကျင်းပတဲ့ လွှတ်တော်မှာ အကြံပြု ဆွေးနွေးသွားပါတယ်။

ဦးအောင်သောင်းရွှေ တင်သွင်းတဲ့ ရခိုင်အရေးနဲ့ ပါတ်သတ်တဲ့ အဆိုတစ်ခုဆွေးနွေးစဉ် အခုလို ထည့်သွင်းပြောကြားသွားတာပါ။

ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်မှုနောက်ကျနေရတာဟာ ရှိထားတဲ့ သယံဇာတတွေကို ခေတ်အဆက်ဆက်သောအစိုးရတွေနဲ့ ဒေသခံ တိုင်းရင်းသားတွေက အကျိုးရှိစွာအသုံးမချနိုင်ခဲ့တာကြောင့် လို့ ဒုတိယဗိုလ်မှူးကြီးက မှတ်ချက်ပြုတဲ့အပြင် ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပယောဂတွေ၊ကောလာဟလတွေ ကြောင့် တစ်ဖက် နဲ့ တစ်ဖက် သံသယစိတ်တွေ ကြီးထွားလာနေကြပြီး ရန်လိုမုန်းတီးမှုတွေ တစ်စတစ်စ ပြင်းထန်လာခဲ့ကြတယ်လို့ ဒုတိယဗိုလ်မှူးကြီးခင်မောင်သန့် က ဆက်ပြောပါတယ်။

‘မတူကွဲပြားတဲ့ လူအဖွဲ့အစည်းအကြား တရားဥပဒေ နဲ့ အညီ တည်ငြိမ်စွာအတူယှဉ်တွဲနေထိုင် မှသာ အချုပ်အခြာအာဏာ နဲ့ နယ်မြေတည်တံ့ခိုင်မြဲပြီး ဒေသခံ ဌာနေ တိုင်းရင်းသားတို့ရဲ့ အကျိုးစီးပွားဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်’ လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သတ်ပြီး လွှတ်တော်မှာ ၃ကြိမ်ထက်မနည်း ပါဝင်ဆွေးနွေးဖူးသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ရခိုင်အရေးဟာ ပြည်ထောင်စုအရေးဖြစ်တာကြောင့် အားလုံးအားလုံးပူးပေါင်းဆောင်ရွက်ကြမယ်လို့ ပြောပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*