စစ်ကိုင်းတိုင်းတွင် တရားမဝင်သတ္တု တူးဖော်ရေးလုပ်ငန်း သုံးထောင်နီးပါးရှိ တိုင်းအစိုးရအဖွဲ့ စိစစ်အရေးယူတော့မည်

စစ်ကိုင်းတိုင်းတွင် တရားမဝင်သတ္တု တူးဖော်ရေးလုပ်ငန်း သုံးထောင်နီးပါးရှိ တိုင်းအစိုးရအဖွဲ့ စိစစ်အရေးယူတော့မည်
March 16, 2017 Asian Fame

11:01 am
စစ်ကိုင်းတိုင်းတွင် တရားမဝင်သတ္တု တူးဖော်ရေးလုပ်ငန်း သုံးထောင်နီးပါးရှိ တိုင်းအစိုးရအဖွဲ့ စိစစ်အရေးယူတော့မည်

illegal Mine

လင်းဟိန်း
ရန်ကုန်၊ မတ် ၁၃

စစ်ကိုင်းတိုင်းအတွင်း၌ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းပေါင်း သုံးထောင်နီးပါး ရှိနေပြီး ယင်းလုပ်ငန်းများကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ မော်လိုက်၊ ကန့်ဘလူနှင့် ဝန်းသိုမြို့နယ်တို့တွင် တရား မဝင်လုပ်ကိုင်နေကြသည့် ရွှေတူးဖော်ရေး နှင့် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းပေါင်း သုံးထောင်နီးပါးရှိနေပြီး အဆိုပါလုပ်ငန်း များကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီး ဆုံးရှုံးမှု များစွာရှိနေကြောင်း၊ တစ်နိုင်တစ် ပိုင် ရွှေလုပ်ငန်းလုပ်ကိုင်သူများအတွက်လည်း အခက်အခဲဖြစ်စေကြောင်း ၎င်းကပြောသည်။ ထို့ကြောင့် တရားမဝင်သတ္တုတူးဖော် ရေးလုပ်ငန်းများကို ဝန်ကြီးချုပ်ကိုယ်တိုင် ဦးစီးပြီး အစိုးရအဖွဲ့က စစ်ဆေးကာ ထိထိရောက်ရောက် အရေးယူသွားမည်ဟု ၎င်းက ပြောသည်။

”ဒီပမာဏက အများဆုံးလို့ ပြောလို့ရပါတယ်။ စစ်ကိုင်းတိုင်းမှာက ရွှေလုပ်ငန်းတွေများတာကိုး။ အကြီးစားလုပ်ငန်းတွေ ထက် အသေးစားနဲ့ အလတ်စားတွေများ တယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က ပြောသည်။ လက်ရှိတွင် ဟုမ္မလင်းမြို့နယ်နှင့် မော် လိုက်မြို့နယ်အတွင်း မှ သတ္တုတူးဖော်ရေး လုပ်ငန်းအားလုံးကို ယာယီပိတ်သိမ်းထား ပြီး စိစစ်အရေးယူသွားမည်ဟု စစ်ကိုင်း တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။ ”သူတို့မှာ သဘာဝသယံဇာတ ထိန်း သိမ်းရေးအတွက် စီမံမှုမရှိဘူး။ ရှိရင်လည်း သေချာဂရုတစိုက် မလုပ်ကြဘူး။ ဥပမာ အပင်စိုက်ရမယ်ဆိုရင် မစိုက်ကြဘူး။ တ ချို့ကတော့စိုက်တယ်။ ဒါပေမယ့် အပင်ကို ရေမလောင်းဘူး။ မြေသြဇာလည်းမကျွေး ဘူး” ဟု ဦး ကမ်ဇာမုံက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း တရားမဝင် လုပ်ကိုင်နေကြသည့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ဒေသခံအာဏာပိုင်များ ပါဝင်ပတ်သက်နေပြီး ယင်းဒေသခံ အာ ဏာပိုင်များကိုလည်း ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ကန့်ဘလူမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့မှ တရားမဝင်သတ္တုတူးဖော်ရေး လုပ်ငန်းအ ချို့ကိုလည်း ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းက စစ်ဆေးအရေးယူခဲ့ဖူးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*