အမေရိကန်တွင် ၂ဝဝ၇ ခုနှစ်က ကွယ်လွန်သွားခဲ့သည့် ကဗျာဆရာကြီးတင်မိုး၏ အရိုးပြာကို ရေဝေးသုသာန်တွင် ဂူသွင်းမည်

အမေရိကန်တွင် ၂ဝဝ၇ ခုနှစ်က ကွယ်လွန်သွားခဲ့သည့် ကဗျာဆရာကြီးတင်မိုး၏ အရိုးပြာကို ရေဝေးသုသာန်တွင် ဂူသွင်းမည်
December 28, 2016 Asian Fame

1:52 pm
အမေရိကန်တွင် ၂ဝဝ၇ ခုနှစ်က ကွယ်လွန်သွားခဲ့သည့် ကဗျာဆရာကြီးတင်မိုး၏ အရိုးပြာကို ရေဝေးသုသာန်တွင် ဂူသွင်းမည်

tinmoe

အိမ်စည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇

လွန်ခဲ့သည့် ၉နှစ်ကျော်က အမေရိကန် ပြည်ထောင်စုတွင် ကွယ်လွန်သွားခဲ့သည့် ကဗျာဆရာ ကြီးတင်မိုး၏ အရိုးပြာကို ရေဝေး သုသာန်တွင် ဂူသွင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာပြီဖြစ်သည်။ ကဗျာစာဆိုကြီး တင်မိုးသည့် လွန်ခဲ့သည့် ၂ဝဝ၇ ခုနှစ်ဇန်နဝါရီ ၂၂ရက်တွင် အမေရိကန်ပြည်ထောင် စုတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်အကြာတွင် မြန်မာနိုင်ငံ ၌ ဂူသွင်းသင်္ဂြိုလ်နိုင်ရန်အတွက် ဒီဇင်ဘာ၂၄ရက်က ပြန်လည်သယ် ဆောင်လာခဲ့သည်ဟု ဆရာကြီး၏သမီးဖြစ်သူ မိုးမိုးစံက ပြောသည်။

”အဖေက ၂၄ ရက်နေ့က ရောက်ပါတယ်။ ၂၈ ရက် မှာ မိသားစုက အိမ်မှာ အဖေ့ အတွက် ဘုန်းကြီးဆွမ်းကပ်ပြီးတော့ သရဏဂုံတင်မယ်။ ပြီးရင် ၁၂ နာရီကျရင် ရေဝေးမှာ အစ်မ တို့က ဂူတွေဘာတွေ လုပ်ပြီးသားဆိုတော့ အရိုးပြာကို ဂူသွင်းပါမယ်” ဟု ၎င်းက ပြောသည်။ ဆရာကြီး ကွယ်လွန်ချိန်တွင် အသက် ၇၃နှစ်ရှိပြီဖြစ်ပြီး မြန်မာ ပြည်တွင်ခေါင်းချချင်သည့် ဖခင် ဖြစ်သူ၏ ဆန္ဒကြောင့် အရိုးပြာကို မြန်မာပြည်သို့ ပြန်လည် သယ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း သမီးဖြစ်သူက ပြောသည်။”အခုအချိန်က သယ်လို့ အဆင်ပြေပြီလေ။ အဖေပြန်လာဖို့ အဆင်ပြေပြီဆိုတော့ သယ်လာလိုက်တာပါ။ အဖေက ဗမာပြည်ကိုပဲ ပြန်ချင်တာကိုး။ အဖေကဗမာ ပြည်မှာပဲ ခေါင်းချချင်တာဆိုတော့ အရိုးပြာအိုးလေးကို အစ်မတို့က ဟိုမှာပဲ သိမ်းထားတာ။ အခုက ပြန်လာလို့လည်း အဆင်ပြေပြီဆို တော့ အစ်မတို့ သယ်လာတာပါ”
ဟု ၎င်းက ပြောသည်။ ဆရာကြီး တင်မိုးအတွက် ရည်စူးကာ မိသားစုက ဒီဇင်ဘာ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်း တွင် အမှတ် ၁၈ မင်းကြီးလမ်း (စပယ်ရုံလမ်းသွယ်ထောင့်) အင်းစိန်နေအိမ်၌ သရဏဂုံတင်၍ မွန်း တည့် ၁၂ နာရီတွင် ဆရာကြီး ၏ အရိုးပြာအိုးကို အင်းစိန် နေအိမ် မှ ရေဝေးသုသာန်သို့ ပို့ဆောင် ဂူသွင်း သဂြုင်္ိဟ်မည်ဖြစ်သည်။ ကဗျာဆရာကြီးတင်မိုးအား ၁၉၃၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်၌ မြင်းခြံခရိုင် တောင်သာမြို့နယ် ကန်မြဲရွာ တွင် မွေးဖွားခဲ့ပြီး ၂ဝဝ၇ ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်ခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*