ကြောက်ရွံ့  တုန်လှုပ်ခြင်းကင်းတဲ့ ၂ဝ၁၇ ဖြစ်ရပါလို . . .

ကြောက်ရွံ့  တုန်လှုပ်ခြင်းကင်းတဲ့ ၂ဝ၁၇ ဖြစ်ရပါလို . . .
December 28, 2016 Asian Fame

1:46 pm
ကြောက်ရွံ့  တုန်လှုပ်ခြင်းကင်းတဲ့ ၂ဝ၁၇ ဖြစ်ရပါလို . . .

pnews

တိုင်တန်းမှုအချို့ကြောင့် ဌာနတွင်း စစ်ဆေးမှုခံနေရသည့် စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးအပါအဝင် အဆင့်မြင့်ရဲအ ရာရှိကြီးအချို့တို့ကို ပြည်ထဲရေးဝန်ကြီး ဌာနက ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီ လဆန်း ပိုင်းက ရာထူးအပြောင်းအရွှေ့ ပြုလုပ်ခဲ့သည်။ အဆိုပါ ရက်ပိုင်းအတွင်း ဆောင်ရွက် လိုက်သော အပြောင်းအလဲတွင် နေရာအ ပြောင်းအရွှေ့နှင့်ရာထူးတိုးမှု နှစ်မျိုးစလုံး ပါဝင်နေသည်။ နေရာအပြောင်းအရွှေ့တွင် စစ်ကိုင်း တိုင်းရဲတပ်ဖွဲ့မှူး၊ မကွေးတိုင်းရဲတပ်ဖွဲ့မှူး၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ကယားပြည် နယ်ရဲတပ်ဖွဲ့မှူးနေရာနှင့် အမှတ် ၃ ရဲ တပ်ရင်းများ ကွပ်ကဲမှုတပ်ဖွဲ့မှူးနေရာများ ပင်ပါဝင်ခဲ့သည်။ထို့နောက် ယခုနှစ်အတွင်း ဒုတိယရဲ ချုပ်အဆင့်အထိ ကြီးမားသည့်ပြောင်းလဲမှု တို့ကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင် ငံရဲတပ်ဖွဲ့ဌာနချုပ်က ခပ်စိပ်စိပ်လုပ်ခဲ့သည် ကို တွေ့နေရသည်။ နောက်ဆုံး နယ်ခြား စောင့်ရဲတပ်ဖွဲ့မှူးအထိ ဖြစ်သည်။

နောက်ထပ်တစ်ခုက ဌာနတွင်း အရေးယူအပြစ်ပေးသည့်ပုံစံ ဖြစ်သည်။ ဥပဒေ ဖောက်ဖျက်ပါက ထိရောက် စွာအရေးယူခဲ့၍ ရာနှင့်ချီ သည့်ရဲများ အ ဆင့်လျှော့ခံ၊ ထုတ် ပယ်ခံခဲ့ရသည်။ ဤသည်က ၂ဝ၁၆ ခုနှစ်အ တွင်း ရဲတပ်ဖွဲ့အတွင်း ပြောင်းလဲမှု ဖြစ်သည်။

မှုခင်းတွေ တက်လာတယ်

တပ်ဖွဲ့တွင်း အပြောင်းအလဲများလုပ် ခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ မူလတာဝန်ဖြစ် သည့် ရာဇဝတ်မှုများကို လျော့နည်း ပပျောက်အောင် ဆောင်ရွက်ရေးနှင့် ဒုစ ရိုက်မှုများ၊ ရာဇဝတ်မှုများ ဖော်ထုတ်ရေး အပိုင်း၌ အားနည်းချက်ရှိလာသည်ကို သတိထား တွေ့မြင်လာရသည်။ အဆုံးသတ်ရလဒ်က မှုခင်းတွေတက်လာခြင်းပင်။ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်း မှု၊ ခိုးမှု စသည်တို့က ဒုနှင့်ဒေးဖြစ်လာသည်။ ရဲတပ်ဖွဲ့၏ ပထမရက်၁ဝဝ စီမံချက်တွင် မှုခင်းများတက်လာသည်ကို တာဝန်ရှိသူ တို့က မဖုံးကွယ်ဘဲ အမှန်အတိုင်းဝန်ခံခဲ့ကြ ရသည်။ ထို့နောက်ပိုင်း ၄ လောင်းပြိုင်၊ ၃ လောင်းပြိုင်၊၂ လောင်းပြိုင်အမှုတို့ ရှိလာ သည့်အပြင် ဈေးဝယ်စင်တာအချို့နှင့် ရန် ကုန်တိုင်း အစိုးရအဖွဲ့ရုံးအတွင်း၌ပင် ဖောက်ခွဲခံခဲ့ရသည်။

ဖော်ထုတ်နိုင်မှု စွမ်းအားတွေ လျော့လာပြီလား

ရဲတပ်ဖွဲ့က ရန်ကုန်ဒေါပုံမြို့နယ်အ တွင်းဖြစ်ခဲ့သည့် ၆ နှစ်အရွယ် ကလေးငယ် ခေါင်းဖြတ်သတ်ခံရမှုနှင့် မင်္ဂလာဒုံမြို့နယ် အတွင်းဖြစ်ခဲ့သည့် ၄ လောင်းပြိုင်လူသတ် မှု စသည့် အမှုတို့ကို မဖော်ထုတ်နိုင်သေး ခြင်းပေ။ အဆိုးဆုံးက ရန်ကုန် စမ်းချောင်းမြို့ နယ်အတွင်းက ငွေလဲကောင်တာကို ဝင် ရောက် လုယက်သူကိုပင် မဖမ်းနိုင်ခဲ့ပေ။ ယင်းကဲ့သို့သော လုပ်ဆောင်ချက်များက လက်ရှိရဲတပ်ဖွဲ့၏ အရည်အသွေးကို မေး ခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ထိုသို့ဆိုလျှင် နိုင်ငံတကာ အကြမ်း ဖက်သမားများ စိမ့်ဝင်လာပါက အချိန်မီ သတင်းရယူမှု၊ ကြိုတင်ကာကွယ်မှု၊ ဖော် ထုတ်အရေးယူမှု စသည့်အပိုင်းတို့ကို နိုင် နင်းစွာကိုင်တွယ်နိုင်ပါ့မလားဆိုသည့် စိုး ရိမ်မှုကိုပင် ဖြစ်သွားစေခဲ့သည်။

ဗုံးလန့်မှုတွေ ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ ရန်ကုန်

ရန်ကုန် မြို့လယ်ကောင် အပါအဝင် ဒေသအ ချို့တို့၌ ဗုံးကွဲမှု၊ ဗုံးလန့်မှုများ ဖြစ်ခဲ့သည့် ၂ဝ၁၃ ခုနှစ်အပြီးနောက်ပိုင်း ၂ နှစ် ကျော် အကြာ ၂ဝ၁၆ ခုနှစ် ဖေ ဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ရှေ့တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှု ဖြစ်ခဲ့သည်။ ဆောင်ရွက်သူက ဗုံးဟု ထင်မှတ်မှားအောင် ဂက်စ်အိုး၊ ဟန်းဆက်နှင့် ကြိုးများကို သေသေ ချာချာစီမံခဲ့သည်။ ယင်းနောက် အစိုးရသစ်မတက်ခင် ရက်ပေါင်း ၄ဝ အလို၌ ရန်ကုန်နေရာအချို့၊ ကချင်နှင့် ရှမ်းပြည်တို့တွင် ထပ် မံ၍ ဗုံးကွဲ၊ ဗုံးလန့်ခြင်းများဖြစ်ခဲ့ ပြန်သည်။ လူသေမှုနှင့် ထိခိုက်ဒဏ်ရာရသည် အထိ ရှိခဲ့သည်။ ရန်ကုန်တွင်မူ ဗုံးအတု တို့သာဖြစ်သည်ဟု ထိုစဉ်က တာဝန်ရှိသူ တို့က ဆိုကြသည်။ အစိုးရသစ်တက်ပြီး နောက်ပိုင်းတွင် မူ ဗုံးလန့်မှု တချို့တလေရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ ရန်ကုန်၌ ပေါက်ကွဲမှုရှိ သည်အထိ ဖြစ်ခဲ့သည်။ ဈေးဝယ်စင်တာ အချို့။ တောင်ဒဂုံ လဝကရုံးအပြင် ရန် ကုန်တိုင်းအစိုးရအဖွဲ့ ရုံးဝင်းထဲအထိပင် ကျူးလွန်သူက အသာလေး ဆက်တိုက် လုပ်သွားသည်။မန္တလေးတွင်မူ ဖောက်ခွဲနိုင်သည့် ပစ္စည်းအချို့တို့ကို အချိန်မီ သိမ်းဆည်းနိုင် ခဲ့ကာ ဖောက်ခွဲမှုကို ထိန်းနိုင်ခဲ့သည်။

ကြောက်ခမန်းလိလိ တက်လာသည့် ကလေးမုဒိမ်း

၂၁ဝ၆ ခုနှစ်အကြောင်း ပြောလျှင် ထိန်ချန်ထားခဲ့၍မရ သည့်အချက်တစ်ခုမှာ ၂ဝ၁၅ ခုနှစ်ထက် ကိန်းဂဏန်းအရ နှစ်ဆ များပြားလာသော မုဒိမ်းမှုများပင်ဖြစ် သည်။ အထူးသဖြင့် အရွယ်မရောက်သေး သောမိန်းကလေးငယ်များကို မုဒိမ်းပြု ကျင့်သည့်ကိစ္စ ဖြစ်သည်။ယင်းက နှစ်ကုန်ပိုင်း ရောက်ချိန်ထိတိုင်အောင်၊ ကန့်ကွက်ရှုတ် ချနေသည့်တိုင်အောင်၊ နှစ် ၂ဝ အထိ ထောင်ဒဏ်အပြစ် ပေးနေသည်အထိ တိုင်အောင် မရပ်သေးပေ။ ထိုကြားထဲ ရက်ရက်စက်စက် သတ်ဖြတ်သည့်အမှုကလည်း ရှိသေးသည်။

စာသင်ခန်းအတွင်း ဓားထိုးမှုဖြစ်

၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းနှင့် ဒီဇင်ဘာလအတွင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းထဲနှင့် မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ်တံတားဦး အ ခြေခံပညာအထက်တန်း ကျောင်းထဲတို့ တွင် ဓားထိုးမှုများဖြစ်ခဲ့သည်။ မန္တလေး ဖြစ်စဉ်တစ်ခုတွင်သာ သေဆုံးမှုဖြစ်ခဲ့ပြီး ကျန်သည်က ဒဏ်ရာရရုံ ဖြစ်သည်။ ဖြစ်စဉ် နှစ်ခုစလုံးသည် ၉ တန်းနှင့် ၁ဝ တန်းကလေးတို့ ဖြစ်နေသည်ကို တွေ့ ရသည်။ သူ တို့က ဓားကိုပါ တပါတည်း ဆောင်လာကြသည်။ ကျောင်းပြင်ပအချိန် တို့တွင် ကျောင်းသားချင်းဖြစ်သည့် အမှုတို့ကိုထည့်တွက်ပါက စာသင်ကျောင်းသားငယ်အချို့၏ ရာဇ ဝတ်မှုသည် ၂ဝ၁၆ တွင် တက်လာသည်ဟု ဆို၍ရသည်။ ယနေ့ စာသင်ခန်းအချို့အတွင်း အ ခြေအနေသည် ရာဇဝတ်မှုသာမက မုဒိမ်း မှုပင်ဖြစ်နေသည်ဟု ပြောလျှင် ပြောနိုင် သည့်အခြေအနေ ဖြစ်လာသည်။ ထိုသို့ ပြောနိုင်အောင် ဧရာဝတီတိုင်း၊ ကျိုက် လတ်မြို့ ရွှေညောင်ပင် အလကခွဲကျောင်း မှ ကျောင်းဆရာတစ်ဦးက လုပ်ဆောင်ခဲ့ သည်။ သူသည် ငယ်ရွယ်သည့် ကျောင်းသူ လေးများကို စာသင်ခန်းအတွင်း မုဒိမ်းမှု ကျူးလွန်ခဲ့မှုဖြင့် လက်ရှိတွင် တရားရင်ဆိုင် နေရသည်။

ကျူးကျော်တဲထဲမှာတောင်
မူးယစ်ဆေးတွေ ဖမ်းမိနေတယ်

မူးယစ်ဆေးအရောင်းအဝယ်ကို ချမ်းသာသူတို့ကသာလုပ်ဆောင်သည်ဟု ထင်မှတ်ထားလျှင် မှားမည်ဟု အားမနာတမ်းပြောရပေလိမ့်မည်။ယခု ၂ဝ၁၆ခုနှစ် အချိန်အခါသည် မူးယစ်ဆေးကို ကျူးကျော်တဲမှပင် ရနိုင်သည်။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်နေအိမ်တစ်အိမ်မှ ကျပ်သိန်း ၈ဝဝ ကျော်တန်ဖိုးရှိ စိတ်ြ<ွကဆေးပြားများ ကို ရဲက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးပြားများ နှင့်ပတ်သက်၍ ထိုမတိုင်ခင် ရက် ပိုင်းက နေရာအနှံ့တွင်ဖမ်းမိခဲ့သည်။ ကြီးမားသည့် ပမာဏများအထိ သိမ်း ဆည်းရမိခဲ့သည်။ ယခု ၂ဝ၁၆ ခုနှစ်သည် ၂ဝ၁၅ ခုနှစ်ကထက် ဖမ်းဆီးနိုင်မှု ပိုလာ၍ မူးယစ်ကိစ္စကို ရဲက မျက်ကွယ်မပြုကြောင်း ထင်ရှားနေသည်။

ရိုက်မှုတွေ တက်လာတယ်

အချင်းချင်း ရိုက်မှုသည် ၂ဝ၁၆ တွင် တက်လာသည်ဟု ဆိုရမည်။ အထူးသဖြင့် ယာဉ်လိုင်း အချို့တို့ ဖြစ်သည်။ ခရီးသည် က ပြန်ရိုက်သည် ရှိသလို၊ ယာဉ်မောင်း ကလည်းရိုက်သည်။ စည်းလွတ်ဝါးလွတ်ဟု ထောက်ပြဝေဖန်ကြသည်အထိ ဖြစ်ခဲ့သည်။ လုယက်မှုတွေနဲ့ ဓားထိုးမှုစတဲ့ မှုခင်းတွေကို မကြောက်မရွံ့ လုပ်လာကြတယ်တရားဥပ ဒေကို စိန် ခေါ်သည့်လုပ်ရပ်များ ထင်ထင်ရှားရှားရှိခဲ့သည့် နှစ်ဟု ၂ဝ၁၆ ကို ညွှန်းဆိုလျှင် လွန်အံ့မထင်။ ဥပဒေပြုရာ လွှတ်တော် တွင်းမှာပင် ဓားထိုးမှုဖြစ်ခဲ့ သည်။ သမီးရည်းစားချင်း ဓားထိုး မှုက လူလယ်ကောင်၊ လူစည်ကား ရာဈေးဝယ်စင်တာ စသည့်နေရာ တွင်ပင် မကြောက်မရွံ့ ကျူးလွန်ကြသည်။ လုယက်မှုကိုလည်း လူအများ ရှိနေသည့် အချိန်၊ လူမပြတ်သည့် နေရာတွင်ပင် လုပ်လာကြသည်။ အများစုကို ရဲက မဖမ်းနိုင်ခဲ့။ ထိုသူတို့ ရဲတင်းလာကြသည်ကလည်း လွန်အံ့ မထင်။ လွှတ်တော် ကိုယ်စားလှယ်များ၏ လုံ ခြုံရေးကို ရှေးရှုပြီး တာဝန်ရှိသူတို့ကအရ ပိုင်ဆိုင်မှုကိုပင် လူထုသိအောင် မချပြရဲ သည့် အခြေအနေရှိခဲ့သည်။ထို့ကြောင့် လာမည့် ၂ဝ၁၇ ကို လုံခြုံ သော လူ့အသိုင်းအဝိုင်းတစ်ခုဟု ပြောနိုင် အောင်ရဲက ယခုထက်ပိုသည့် အရည်အသွေးမျိုးဖြင့် လုပ်ဆောင်ပေးမှ ရတော့မည်။ ထိုသို့သော အခြေအနေမျိုးများမှ လွတ်မြောက်ရန် ရဲတပ်ဖွဲ့က ယခုထက်ပိုကာ ကြိုးစားရုံမှတပါး အခြားမရှိတော့ ပေ။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*