အလုပ်အကိုင် ၂ဝဝဝ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထပ်မံခွင့်ပြု

အလုပ်အကိုင် ၂ဝဝဝ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထပ်မံခွင့်ပြု
December 15, 2016 Asian Fame

4:58 am
အလုပ်အကိုင် ၂ဝဝဝ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထပ်မံခွင့်ပြု

HEZ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အလုပ်အကိုင်အခွင့်အလမ်း ၂ဝဝဝ ကျော် ဖန်တီးပေးနိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်  (MIC)  ၏ အစည်းအဝေးမှ ထပ်မံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃ ခုကို ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ၇၆ ဒသမ ၉၈ သန်းရှိကာ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် ၂၂၁၇ ခု ဖန်တီးပေးနိုင်မည် ဖြစ်သည်။

Linfra Limited  ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် လှိုင်သာယာမြို့နယ် အတွင်းတွင် Power System Installation and Maintenance of Telecommunication Equipment Services လုပ်ငန်းကို လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

Kingsrich (Myanmar) Fashion Limited ကို နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန်တွင် CMP  စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီး Crown Beverage Cans Myanmar Limited  ကို ရန်ကုန်စက်မှုဇုန်တွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုဖြင့် ဖျော်ရည်ဘူးခွံများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ရန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုလုပ်ငန်း ၃၂ ခု၊ ကျပ် ၆၆၉၅၉၃ သန်းကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်နှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း ကျပ် ၇၃၇၆၈၃ သန်းကျော်ရှိသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဘီလျံကျော် ဝင်ရောက်လာစေရန်မျှော်မှန်းထားသော်လည်း လက်ရှိအခြေအနေအရ မျှော်မှန်းချက်ပမာဏ ပြည့်မီရန် အခက်အခဲများ ရှိနိုင်ကြောင်း သိရ သည်။

လက်ရှိအစိုးရ စတင်တာဝန်ယူခဲ့သော၂ဝ၁၆/၂ဝ၁၇ ဘဏ္ဍာ နှစ်အ တွင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးများကို (၁၂/ ၂ဝ၁၆) မှ (၂၂/၂ဝ၁၆) အထိ ကျင်းပခဲ့ပြီး ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*