ပြင်ဦးလွင် မြို့မဈေးရှိ ပျံကျဈေးသည်များအားသီးခြားနေရာ သတ်မှတ်ပေးမည်

ပြင်ဦးလွင် မြို့မဈေးရှိ ပျံကျဈေးသည်များအားသီးခြားနေရာ သတ်မှတ်ပေးမည်
December 15, 2016 Asian Fame

4:56 am
ပြင်ဦးလွင် မြို့မဈေးရှိ ပျံကျဈေးသည်များအားသီးခြားနေရာ သတ်မှတ်ပေးမည်

စောထွေး
မန္တလေး၊ ဒီဇင်ဘာ ၁၁

ပြင်ဦးလွင် မြို့မဈေးလမ်း ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရန်အတွက် ဈေးအနီး ယာဉ်ရပ်နားခွင့်နေရာ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး ပျံကျဈေးသည်များ အတွက်လည်း သီးခြားနေရာချထားပေးမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် စည် ပင်သာယာရေးကော်မတီထံမှ သိရသည်။

”ဒီဈေးတန်းကို ရှင်းပြီးရင် ကားတွေ၊ ဆိုင်ကယ်တွေအတွက်နေရာတစ်ခု ဖန်တီးပေးမယ်။ ဒါဆို ဒီလမ်းကအကျယ် ကြီးဖြစ်သွားမယ်။ ပျံကျဈေးသည်တွေ အတွက်ကိုတော့ ဈေးအနီးမှာ ဝ ဒသမ ၈ ဧကရှိတဲ့ နေရာကျယ်လေးတစ်ခု ရှိ တယ်။ အဲဒီနေရာလေးက ကျွန်တော်တို့ စည်ပင်ပိုင်မြေလေးပါ။ အဲဒါလေးကို ပြန်ပြီး သန့်ရှင်းရေးလုပ်လိုက်မယ်။ ပြီးရင် ပျံကျဈေးသည်တွေအတွက် နေရာချပေးလိုက်မယ်။ ကျွန်တော်တို့မှာရှိတဲ့ ရန်ပုံငွေလေးနဲ့ပဲ လုပ်ပေးရမှာပါ” ဟု ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အထူးသဖြင့် ဈေးတောင်ဘက်ကပ်လျက် အဓိကမိန်းလမ်းမကြီးပေါ်တွင် ခေတ်အဆက်ဆက် ပျံကျဈေးသည်များ၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကြောင့် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ် ခဲ့ရပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီဇင် ဘာလ ၁ဝ ရက်က မြို့နယ်စည်ပင်သာ ယာရေးကော်မတီက ပျံကျဈေးသည် များအပါအဝင် ဆိုင်ရှေ့ကျူးကျော်ဈေးခင်းသူများအား ဖယ်ရှားရှင်းလင်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ကော်မတီနှင့် ဈေးသည်များအကြား ပြဿနာတချို့ ဖြစ်ပွားခဲ့သည်။

”တစ်မြို့နယ်လုံး ကြည့်လိုက်လို့ရှိ ရင် ဘယ်လိုဖြစ်နေသလဲဆိုတော့ မကောင်းတာကို အားပေးတဲ့ ပုံစံမျိုးဖြစ် နေတယ်။ အဲဒါကို ပြုပြင်ဖို့က နှစ်သုံး လေးဆယ် ဖြစ်လာတာကို ကျွန်တော် တို့က အခုစပြုပြင်မယ်။ ပြည်သူတွေ ပါဝင်လာမယ်၊ အဖွဲ့အစည်းတွေပါဝင်လာမယ်ဆိုရင်တော့ ဒီငါးနှစ်အတွင်း မှာ အကောင်းဆုံးလုပ်သွားနိုင်မယ်လို့ ထင်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။ အဆင့်မြင့် ဈေးတစ်ခုအဖြစ် အဆင့်မြှင့်တင်ရန်အတွက် လတ်တလော အစီအစဉ် မရှိသေးကြောင်းသိရသလို တိုင်းဒေသကြီးအစိုးရ ညွှန်ကြားချက်လည်း မရှိသေးကြောင်း၊ ပြင်ဦးလွင်မြို့ နယ်အတွင်းရှိ ဈေးများ သန့်ရှင်းသာ ယာလှပရေးအတွက် ဆောင်ရွက်သင့် သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စည်ပင်ဥက္ကဋ္ဌ ဦးအောင်ဆန်းက ပြောသည်။

စကားစပ်၍မဟုတ်၊ တိုက်ဆိုင်၍မဟုတ်။ ဤနေရာမှာ ထည့်ပြောဖို့လိုကို လိုအပ်လာသော ကိစ္စတချို့ ရှိလာသည်။ အာဆီယံ၊ အထူးသဖြင့် မိမိတို့မြန်မာတွင်လည်း အမေရိကန်တွေတရုတ်အပေါ်အမြင်နှင့် တရုတ် တွေ ယူအက်စ်အပေါ်အမြင်နှစ်ရပ်ကိုသာ သိကြ၊ လက်ခံကြပြီး အုပ်စုနှစ်ခု ကွဲကုန်စေပါတော့၏။ မြန်မာမှာ က တရုတ်ကိုလက်မခံသူများ၏။ လုပ်ချင်ရာ လုပ်ခွင့် ရ၍ လုပ်လည်းလုပ်ခဲ့သည်ဟု မြင်ကြသည်။ ဤအမြင်ကိုလည်းမှားသည်ဟု ငြင်း၍မရ၊ ခံနေရသည်ကိုး။ တရုတ်တွေ ယူအက်စ်ကိုမြင်ကြသည့် အမြင်အပေါ် လက်ခံနေသူကတော့အရေအတွက် နည်းပါးသော်ငြား အင်အားကြီးဆဲအုပ်စုဖြစ်သည်။ ခရိုနီများ၊ အာဏာ ရှင်စနစ်နှင့် မွေ့လျော်သူများ၊ နိုင်ငံရေးဝါဒအရ တရုတ်ကို နောက်ဆုံးခံတပ်သဖွယ်မြင်ပြီး အမေရိကန် မုန်းတီးသူများကတော့ တရုတ်တွေလိုပဲ မြင်ကြသည်။ ကွန်တိန်းမင့်ဟူသော စကားလုံးကို တွင်တွင်သုံးနေကြ သူများဖြစ်၏။ ကိုယ့်နိုင်ငံအတွက် ‘နာ’ နေကြတာဆို လျှင်တော့ ဘာမျှပြောစရာမရှိပါ။ သို့ငြား…။ဤအမြင် နှစ်ရပ်စလုံးသည် အမေရိကန်၊ တရုတ် ပညာရှင် အဝန်းအဝိုင်းမှာပင် အတော်ကြီး လွှမ်းမိုးခဲ့ ပါ၏။ ကြီးမားထင်ရှားနေဆဲလည်း ဖြစ်ပါ၏။ ကိုယ် သန်ရာ သန်ရာ နယ်ပယ်ခြင်းရာ ကဏ္ဍကြောင်းကျိုး အလိုက်ကိုပဲ အာရုံစိုက်နေကြသောကြောင့်ဟုလည်း မြင်ရပါ၏။ အစွဲအလမ်း ဥပါဒါန်တွေ တိုးလိုးတန်းလန်း တွဲလောင်းခိုနေကြခြင်းပင်။

နှစ်ဖက်စလုံးမှာ ငြင်းခုံဝေဖန် ကန့်ကွက်ပြောဆိုမှုတွေ တစ်ပြုံတစ်မကြီး ရှိခဲ့သော်လည်း Asian Pivot နှင့် Rebalance ဆိုခြင်းကို အိုဘားမား ကောင်းစွာပြသ သွားခဲ့ပါသည်။ ဒါကို ရှီကျင်းဖျင်ကလည်း ကောင်းစွာ သဘောပေါက်၏။ အိုဘားမား ဒုတိယသက်တမ်းတွင် ဒေသတွင်းသာမက၊ ကမ္ဘာ့ခြိမ်းခြောက်မှု တစ်ရပ်ဖြစ် သောမြောက်ကိုရီးယားအရေး၌ တရုတ်ကိုယ်တိုင် ပိုမို ပူးပေါင်းဆောင်ရွက် နားချလာတာထင်ရှား၏။ ၂ဝ၁၆ ထဲမှာ ဒုံးကျည်နှစ်ခါ စမ်းသပ်ပြခဲ့ပြီး ယခု သီတင်းပတ်အတွင်း မြောက်ကိုရီးယားမှာ နျူထိပ်ဖူးလုပ်နိုင်နေပြီဟုပင် သတင်းတွေထွက်လာပြန်သည်။ ဤအရေးသည် ‘ကမ္ဘာ့လုံခြုံရေး’ နှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း အိုဘားမားရော၊ ရှီကျင်းဖျင်ပါသိကြသည်။ သီးခြားနည်းလမ်းဖြင့် ချဉ်းကပ်ရမည်ကိုလည်း သဘောပေါက် ကြပြီးအပြုသဘော ညှိနှိုင်းချက်တွေယူအက်စ်-တရုတ် သီးသန့်သဘောတူထားသည်ဟု ယူဆရပါသည်။ မဟာဗျူဟာမြောက် ဆက်ဆံရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ‘လုံခြုံရေး’ ပဏာမဖြစ်ပါ၏။

မင်းတင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*