ပြည်သူလူထု လက်ရှိခံစားနေရသည့် ဒုက္ခပေါင်းစုံအတွက် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၁ ခုတို့ အဖြေရှာဆွေးနွေး

ပြည်သူလူထု လက်ရှိခံစားနေရသည့် ဒုက္ခပေါင်းစုံအတွက် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၁ ခုတို့ အဖြေရှာဆွေးနွေး
November 16, 2016 Asian Fame

4:23 am
ပြည်သူလူထု လက်ရှိခံစားနေရသည့် ဒုက္ခပေါင်းစုံအတွက် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၁ ခုတို့ အဖြေရှာဆွေးနွေး
In Cover News, Politics, Slider

usdp-copy

နေပြည်တော်၊ နိုဝင်ဘာ ၁၅

ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုး သားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အစရှိသည့် နိုင်ငံ ရေးပါတီ ၁၁ ခုတို့ကပြည် သူလူထု လက်ရှိ ခံစားနေရသည့် စီးပွားရေး ကျပ်တည်းမှု၊ လုံခြုံရေးအားနည်း မှု၊ တရားဥပဒေ စိုးမိုးရေး အား နည်းနေမှု ကိစ္စရပ်များနှင့် ပတ် သက်၍ အဖြေရှာ ဆွေးနွေးမှုတစ် ရပ် ပြုလုပ် ခဲ့ကြောင်း ပြည်ခိုင်ဖြိုး ပါတီဘက်က သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက် နေ့က ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုး ပါတီ အစည်းအဝေးခန်းမတွင် ထိုသို့ အဖြေရှာဆွေးနွေးမှုကို လုပ် ခဲ့သည်ဟု သတင်းထုတ်ပြန် မှုတွင် ဖော်ပြထားသည်။

ပြည်ခိုင်ဖြိုးပါတီ ဘက်က ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း စသည့် ပါတီ ထိပ် ပိုင်းခေါင်းဆောင်များ တက် ရောက်ကြသည့်အပြင် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ပါတီ၊ အမျိုးသားတိုးတက်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင် အားစုပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဝံ သာနု ဒီမိုကရက်တစ်ပါတီ၊ ခေတ် သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ပြည်သူ့ဒီမိုကရေစီ ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့မှ ပါတီ ထိပ်တန်းခေါင်းဆောင်များ တက် ရောက်သည်ကို သတင်းထုတ်ပြန်ခဲ့ သော ဓာတ်ပုံမှတ်တမ်းအရ သိရ သည်။

ပြည်ခိုင်ဖြိုး ပါတီဘက်က ထို သို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည် သူလူထု လက်ရှိ တွေ့ကြုံခံစားနေ ရသည့် အသက်၊ အိုးအိမ်ပစ္စည်း လုံခြုံမှုမရှိခြင်း၊ တရား ဥပဒေစိုးမိုးမှု အားနည်းနေခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် စားဝတ်နေ ရေး ကျပ်တည်းနေခြင်း၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ် ဆေးဝါး အန္တ ရာယ် ကာကွယ်နှိမ် နင်းရေးဆိုင်ရာကိစ္စများနှင့် လက် ရှိအစိုးရ လုပ်ဆောင်နေမှုများကိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ထိန်းကျောင်းရေးစသည့် ကိစ္စရပ် များ ဆွေးနွေးခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ တက် ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့် က ”လက်ရှိအချိန်က တရားဥပဒေ စိုးမိုးရေး ပျက်ပြားနေတာ အားလုံး အသိပဲ။ ခိုးဆိုးလုနှိုက်အမှုတွေက ဆက်တိုက် ဖြစ်နေတာကိုကြည့်ရင်ထင်းနေတာပဲ။ နောက်ပြီး ဒီ အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့မညီတဲ့ အချက်အချို့တွေကို လည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ ကြတယ်။ ဥပမာပြောရရင်ဗျာ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ အရ အစိုးရက နိုင်ငံသားတွေ ရဲ့ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံ မှုရှိအောင် စောင့်ရှောက်ပေးဖို့တာ ဝန်ရှိတယ်။ ခု ဒါတွေပျက်ကွက်နေ တယ်”ဟု ပြောသည်။

အစည်းအဝေးသို့ တက် ရောက်ခဲ့သည့် နောက်ထပ် နိုင်ငံ ရေးပါတီ တစ်ခုဖြစ်သည့် ကရင် ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောသန်းမြင့်က ယခုတွေ့ဆုံမှု သည် ပါတီများအချင်းချင်း မဆုံ တွေ့ရသည်မှာ  ကြာမြင့်နေသည့် အတွက် တွေ့ဆုံလိုက်သည့် တွေ့ ဆုံမှုတစ်ခုဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်သည်။

”ဘာကြေညာချက်မှလည်း မထုတ်ဘူးလေ။ ပြည်နယ်တွေ ဘက်မှာတော့ ဘာမှ ကြီးကြီးမား မားပြဿနာမရှိပါဘူး”ဟု ၄င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် ယခုတွေ့ ဆုံကြသည့် နိုင်ငံရေးပါတီများ သည် ပြည်ခိုင်ဖြိုးပါတီနှင့် မဟာ မိတ်ဖွဲ့ထားသည့် ပါတီများ ဖြစ်ကြ သည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*