ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို စွဲချက်တင်

ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို စွဲချက်တင်
September 10, 2018 Asian Fame

11:59 am
ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို စွဲချက်တင်

fbစစ်တွေ၊ စက်တင်ဘာ ၁၀

ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို စွဲချက်တင်ဖို့ စစ်တွေခရိုင်တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

သူုတို့ ၂ ဦးဟာ ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းဝမ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ မှာ ဟောပြောခဲ့မှုတွေကြောင့် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

သူတို့ကိုတရားစွဲဆိုခဲ့တဲ့ပုဒ်မတွေကတော့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ပဲဖြစ်ပါတယ်။

ဒီအတွက် ဒီကနေ့ စစ်တွေ ခရိုင်တရားရုံးကနေ စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်ပြီး စွဲချက်တင်ခဲ့တာလည်းဖြစ်ပါတယ်။

စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင် က “ဒီလောက်လေးတော့ ပွင့်ပွင့်လင်းလင်း နိုင်ငံရေးသမားတစ်ယောက် လွှတ်တော်အမတ်တစ်ယောက် အနေနဲ့ ပြောခွင့်ဆိုခွင့် ပြည်ထောင်စုကိုပြန်ပြီးတော့ ထောက်ပြတဲ့ကာလမှာ အပေးအယူရှိမယ်လို့ ထင်ပြီး ပြောကြဆိုကြတဲ့ကာလမှာ ဦးသိန်းစိန်အစိုးရထက် ပိုပြီးတော့ တင်းမာနေပါလားဆိုတဲ့ မှတ်ချက်လေးကိုတွေ့ပါတယ်။ ဦးသိန်းစိန်အစိုးရကတော်တော်လိမ္မာတယ်။ သူ့ကို စစ်တပိုင်းလို့ပြောကြတယ်။ ကျွန်တော်တို့မြင်တာက ဖက်ဒရယ်ဒီမိုကရေစီကို ပထမဦးဆုံးကနဦး ပြောင်းလဲတဲ့အစိုးရ။ သူအများကြီး လုပ်ပေးခဲ့တာရှိတယ်။ လစဉ်လစဉ်မိဘပြည်သူများခင်ဗျားလို့ နိုင်ငံရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဟာမှာ အကုန်လုံးကိုရှင်းပြခဲ့တယ်” လို့ တရားရုံးကအထွက်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အစိုးရရဲ့ယန္တရားကို ယိမ်းယိုင်အောင် လုပ်တယ်ဆိုတဲ့အကြောင်းအရင်းနဲ့ စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ လည်း ဒေါက်တာအေးမောင်ရဲ့ ရှေ့နေဖြစ်သူက သတင်းမီဒီယာတွေရဲ့မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားစဉ်ပြောကြားခဲ့ပါတယ်။

တင်တဲ့ စွဲချက်ကို ပြန်ရှင်းရမှာဖြစ်တယ်လို့တော့ ဒေါက်တာအေးအောင် ကဆိုပါတယ်။

“ဘက်လိုက်မှုကင်းစေချင်တယ်။ လွတ်လပ်တဲ့တရားစီရင်ရေးဖြစ်စေချင်တယ်။ ဘက်လိုက်မှုဆိုတာ အစိုးရကစွဲတာမို့လို့ နိုင်ငံတော်သမ္မတကြီးကိုတင်ရတဲ့အမှုမို့လို့ အတင်းစွဲချက်တင်တာမျိုးမဟုတ်ဖို့လိုတယ်” လို့လည်း ဒေါက်တာအေးမောင် က မေးခွန်းထုတ်ခဲ့ပါတယ်

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*