မြောက်ဦးလေဆိပ် စီမံကိန်း ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ဆက်လက်ဆောက်လုပ်ပေးရန် အဆိုတင်

မြောက်ဦးလေဆိပ် စီမံကိန်း ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ဆက်လက်ဆောက်လုပ်ပေးရန် အဆိုတင်
February 22, 2017 Asian Fame

3:30 pm
မြောက်ဦးလေဆိပ် စီမံကိန်း ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ဆက်လက်ဆောက်လုပ်ပေးရန် အဆိုတင်

လင်းဟိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လေဆိပ်စီမံကိန်းကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘက်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် တိုက်တွန်း   ကြောင်း  အဆိုကို မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း သာစိန်က ရခိုင်ပြည်နယ်လွှတ် တော်တွင် တင်သွင်းလိုက် သည်။

ယင်းအဆိုကို ဖေဖော်ဝါရီ ၂ဝ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည် နယ်လွှတ်တော်စတုတ္ထ ပုံမှန်အ စည်း အဝေးပထမနေ့တွင် ဦးထွန်း သာစိန်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့ လေဆိပ်စီမံ ကိန်းကို ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန် ပုံငွေဖြင့် စတင်လုပ်ဆောင်ခဲ့ခြင်း   ဖြစ်ပြီး ဘက်ဂျက်အခြေအနေအရ အစိုးရသစ်လက်ထက်၂ဝ၁၆ ခုနှစ် တွင် ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

”လေဆိပ်ကို ဆောက်ဖို့အ တွက် ပြည်နယ်အစိုးရအဖွဲ့ ဘတ် ဂျက်နဲ့ မလုံလောက်တဲ့အတွက် ပြည်ထောင်စု ဘတ်ဂျက်နဲ့ဆောက် လုပ်ပေးဖို့အတွက် ပြည်နယ်အစိုးရ ကနေတစ်ဆင့် ပြည်ထောင်စု အစိုးရကို တောင်းဆိုတာပါ” ဟု ဦးထွန်းသာစိန်က ပြောသည်။

အဆိုပါ မြောက်ဦးလေဆိပ်ကို ဆောက်လုပ်ပြီးစီးပါက ဒေသအ တွင်း အလုပ်အကိုင်အခွင့်အလမ်း များ ရရှိလာမည်ဖြစ်ပြီး နိုင်ငံ၏ ဝင်ငွေလည်း တိုးလာမည်ဖြစ်သည့် အတွက် လေဆိပ်အား အမြန်ဆုံး ဆောက်လုပ်သင့်ကြောင်း ၄င်းက ပြောသည်။

ဦးထွန်းသာစိန်က ”လေဆိပ် ပြီးရင် ခရီးသွားဧည့်သည်တွေ လည်း ပိုလာကြမယ်လေ။ နိုင်ငံရဲ့ ဝင်ငွေလည်း တိုးတာပေါ့။အများ ကြီးအကျိုးရှိမယ့် စီမံကိန်းပါ” ဟု ပြောသည်။

မြောက်ဦးမြို့သည် ရှေး ဟောင်း ရခိုင်မင်းနေပြည်တော် တစ်ခုဖြစ်ခဲ့ပြီး ယဉ်ကျေးမှု အမွေ အနှစ် အများအပြား တည်ရှိရာ ဒေသတစ် ခုဖြစ်သဖြင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသည့် ဒေသတစ်ခုဖြစ်ကြောင်း ၄င်းက ပြောသည်။

     ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် မြောက်ဦးလေဆိပ် စီမံ ကိန်းအား ယခုဘဏ္ဍာနှစ် ဘတ် ဂျက်တွင် ထည့်သွင်း ရေးဆွဲထား ခြင်း မရှိပါကလည်း ဖြည့်စွက် ဘတ်ဂျက်ဖြင့် တည်ဆောက်ပေး စေလိုကြောင်း ဦးထွန်းသာစိန်က ပြောသည်။

မြောက်ဦးလေဆိပ်အား ပြည် ထောင်စု အစိုးရအဖွဲ့ ဘတ်ဂျက် ဖြင့် ဆောက်လုပ်ပေးရန် ဦးထွန်း သာစိန်၏အဆိုကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက် ခံခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော် တွင် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့သည်။

မြောက်ဦး လေဆိပ်ကို ဆောက်လုပ်ပါက ကျပ်ငွေ ၂၅ ဘီ လျံခန့် ကုန်ကျမည်ဖြစ်ပြီး ပြီးခဲ့ သည့် အစိုးရလက်ထက် ၂ဝ၁၅ နှင့် ၂ဝ၁၆ ဘဏ္ဍာနှစ်တို့တွင် တစ် နှစ်လျှင် ကျပ်ငွေ ၂ ဘီလျံ အ သုံးပြုကာတည်ဆောက်ခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ယင်း လေဆိပ် စီမံကိန်းအတွက် ဘဏ္ဍာ နှစ်တစ်နှစ်လျှင် ကျပ်ငွေ ၂ ဘီလျံ ခန့်သာ အသုံးပြုနိုင်မည် ဖြစ် ကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့်   ဆောက်လုပ်ပါက ၁၃ နှစ်ခန့် ကြာမြင့်မည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်း အောင်က   ပြောသည်။

ထို့အပြင် လေဆိပ်စီမံကိန်း သည် ကြီးမားသော စီမံကိန်းတစ် ခုဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့က ဆောက်လုပ်၍ရသည့် စီမံကိန်းမျိုး မဟုတ်ကြောင်း ၄င်းက ပြောသည်။

အဆိုပါလေဆိပ် စီမံကိန်းအ တွက် ဘတ်ဂျက် ထောက်ပံ့ပေး ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့အား ပြီး ခဲ့သည့် ၂ဝ၁၆ ခုနှစ် အတွင်းက တင်ပြ တောင်းဆိုခဲ့သော်လည်း အစီအစဉ်မရှိသေးကြောင်း အ ကြောင်းပြန်ကြားခဲ့သည်ဟု ဦးမင်း   အောင်က ပြောသည်။

လက်ရှိတွင် မြောက်ဦးလေ ဆိပ် ဆောက်လုပ်မှုမှာ ခြံစည်းရိုး ကာရံခြင်း လုပ်ဆောင်နေပြီး အ ဆောက်အအုံအနည်းငယ် ဆောက် လုပ် ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*