ဒေါ်အောင်ဆန်းစုကြည်နှင့်  NLD ခေါင်းဆောင်နှစ်ဦးကို အရေးယူပေးရန် ပါတီ ၁၃ ခု တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့်  NLD ခေါင်းဆောင်နှစ်ဦးကို အရေးယူပေးရန် ပါတီ ၁၃ ခု တောင်းဆို
May 16, 2017 Asian Fame

3:24 pm
ဒေါ်အောင်ဆန်းစုကြည်နှင့်  NLD ခေါင်းဆောင်နှစ်ဦးကို အရေးယူပေးရန် ပါတီ ၁၃ ခု တောင်းဆို

ရဲလွင်၊ စိုင်းလမင်း
ရန်ကုန်၊ မေ ၉

ကြားဖြတ်ရွေးကောက်ပွဲတွင် ဥပဒေ နှင့် မညီသော လုပ်ရပ်လုပ်သည်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်နှစ်ဦးကို အရေးယူပေးရန် ပြည်ခိုင်ဖြိုးအပါအဝင်ပါတီ ၁၃ ခုက ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်ထားကြောင်းသိရသည်။

မေလ ၈ ရက် ရက်စွဲဖြင့် နေပြည် တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူရေးသားထားသော အဆိုပါကန့်ကွက်လွှာတွင် ၂ဝ၁၇ ကြား ဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ပါတီနာယက ဦးတင် ဦး၊ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့၏ဆောင်ရွက်ချက်များမှာ ဖွဲ့စည်းပုံ အခြေ ခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည် ဟုဆိုကာ ဥပဒေနှင့်အညီ အရေးယူပေး ရန် တောင်းဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ တာဝန်ယူပြီး တစ်နှစ်ပြည့်အဖြစ် မိန့်ခွန်း ပြောကြားခဲ့ပြီး ယင်းမိန့်ခွန်းကို မတ်လ ၃ဝ ရက်နေ့က နိုင်ငံပိုင်ရုပ်သံနှင့်ရေဒီယိုတို့တွင်ထုတ်လွှင့်ခဲ့ကြောင်း၊ ၃၁ ရက်နေ့ တွင် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ခဲ့ကြောင်း၊ ယင်းဆောင်ရွက်ချက်သည် ကြားဖြတ် ရွေးကောက်ပွဲနှင့်အချိန်ကိုက်လျက် NLD ၏ နိုင်ငံရေး ရည်မှန်းချက် များပါဝင်သော စည်းရုံးလှုံ့ဆော် ဟောပြောချက်မိန့်ခွန်း (Political Campaign Speech ) ဖြစ်ကြောင်း၊ ယင်းမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ၏မဲဆွယ် ဆောင်ပုဒ်ဖြစ်သော ”ပြောင်းလဲချိန်တန်ပြီ” ဟူသော စကားရပ်အား ”ပြည်သူနှင့်အတူ” ဆောင်ပုဒ်ဖြင့် အစားထိုး ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်း ဆောင်ရွက်ချက်များသည် ဒေါ်အောင်ဆန်းစုကြည်က ပါတီ ၏ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ အလားတူ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့သည်လည်း ကော်မရှင်က ကြေညာထားသည့် မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရဟူသော အချိန်တွင် ပြုလုပ်ခဲ့ သဖြင့် ၎င်းတို့ကို အရေးယူပေးရန် တောင်းဆိုကြောင်း ကန့်ကွက်လွှာတွင် ဖော်ပြထားသည်။

ထိုသို့ ကန့်ကွက်လွှာတင်ခြင်းနှင့် ပတ်သက်၍ NLD ပါတီဗဟိုအလုပ်အ မှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ”အဲဒါက အလုပ်မရှိ အ လုပ်ရှာတာ၊ ကြောင်ရေချိုးတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ကတော့ အရေးလုပ် နေမှာလည်း မဟုတ်ဘူး။ ဒီလောက်ပဲ ပြောချင်တယ်” ဟု တုံ့ပြန် ပြောကြားသည်။
ယင်းကန့်ကွက်လွှာကို စုပေါင်းတင်သည့် နိုင်ငံရေးပါတီ ၁၃ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အ မျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံ ရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီနှင့် ပြည်သူ့ဒီမိုကရေစီပါတီတို့ ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*