မြေများကို စစ်မှုထမ်းဟောင်းအဖွဲ့မှ မဟားတရားသိမ်းသည်ဟုပြောကြားချက်အပေါ်တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်ခဲ့

မြေများကို စစ်မှုထမ်းဟောင်းအဖွဲ့မှ မဟားတရားသိမ်းသည်ဟုပြောကြားချက်အပေါ်တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်ခဲ့
August 16, 2018 AsianFame MediaGroup

11:28 am
မြေများကို စစ်မှုထမ်းဟောင်းအဖွဲ့မှ မဟားတရားသိမ်းသည်ဟုပြောကြားချက်အပေါ်တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်ခဲ့

1

နေပြည်တော် သြဂုတ် ၁၆

မြေများကို စစ်မှုထမ်းဟောင်းအဖွဲ့မှ မဟားတရားသိမ်းသည်ဟုကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှဒေါက်တာခွန်ဝင်းသောင်း၏ပြောကြားချက်အပေါ်တပ်မတော်သားကိုယ်စားလှယ်ဖြစ်သူဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းကယမန်နေ့က ကျင်းပသောပြည်ထောင်စုလွှတ်တော်တွင်ကန့်ကွက်ခဲ့သည်။

ဒေါက်တာခွန်ဝင်းသောင်းက”ကျွန်တော်တို့ရဲ့မဲဆန္ဒနယ်မြေတွေဖြစ်တဲ့လွယ်ဂျယ်မြို့မှာဆိုရင်နှစ်လေးငါးဆယ်လုပ်လာခဲ့ကြတဲ့ကြံခင်းတွေကိုမြေလွတ်မြေရိုင်းလို့အမည်တပ်ပြီးစစ်မှုထမ်းဟောင်းအဖွဲ့က မဟားတရားသိမ်းကာတဆင့်ရောင်းစားထားကြောင်း”ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းကလွှတ်တော်နှစ်ရပ်သဘောကွဲလွဲသောမြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း(၂၀၁၇)ခုနှစ်နှင့်စပ်လျဉ်း၍ဆွေးနွေးရာတွင်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက”လွှတ်တော်ကိုယ်စားလှယ်ကြီးဆွေးနွေးသွားတဲ့အခါမှာအဲ့ဒီအထဲမှာထည့်သွင်းသွားတဲ့စကားလုံးဖြစ်တဲ့စစ်မှုထမ်းဟောင်းအဖွဲ့များမှမတရားသိမ်းဆည်းနေပါတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်နည်းဥပဒေ(၃၉)အရကန့်ကွက်ပါတယ်ခင်ဗျ”ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခွန်ဝင်းသောင်းကမတရားဟူ၍မပြောကြောင်းမဟားတရားဟုပြောကြားရခြင်းမှာယင်းဒေသတွင်ဥပဒေဘောင်နှင့်မညီပဲလုပ်ဆောင်နေသည်ကိုဆိုလိုခြင်းဖြစ်ကြောင်းတင်ပြခဲ့သည်။

2

ဒေါက်တာခွန်ဝင်းသောင်းက”ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောမယ်။ပေါ်လွင်အောင်ပြောမယ်။ ဟတ်ထိအောင်ပြောမယ်။ အဲဒီတော့ပြောတဲ့အပေါ်မှာသူတို့လည်းမကြိုက်ခွင့်ရှိတယ်လေ။ ဒီမိုကရေစီကို။အဲ့တော့သူကိုကျွန်တော်ဘာမှမတုန့်ပြန်ပါဘူး”ဟုအစည်းအဝေးခေတ္တရပ်နားချိန်တွင်မီဒီယာများကိုပြောသည်။

စစ်မှုထမ်းဟောင်းအဖွဲ့များမှာမြေများကိုမဟားတရားသိမ်းနေသည်ဟုဆိုခြင်းနှင့်ပတ်သတ်ပြီးကန့်ကွက်ရခြင်းမှာမိမိတို့မှာလွှတ်တော်ကိုယ်စားလှယ်များဖြစ်သောကြောင့်လွှတ်တော်ကိုယ်စားလှယ်များသုံးသည့်အသုံးအနှုန်းစကားရပ်များမှာခိုင်ခိုင်မာမာတိတိကျကျနှင့်ပြောလို့ရသည်တို့ဖြစ်ရန်လိုကြောင်းဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းကမီဒီယာများကိုပြောသည်။

အခြားခိုင်မာမှုမရှိသောစကားလုံးများကိုသုံးပါကလွှတ်တော်၏imageကိုလည်းထိခိုက်နိုင်ကြောင်း၎င်းကဆိုသည်။

ထို့ကြောင့်ယင်းအသုံးအနှုန်းကိုမှတ်တမ်းမှပယ်ဖျက်ပေးရန်ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်က”မဟားတရားဆိုတဲ့စကားရပ်နဲ့မတရားဆိုတဲ့စကားရပ်ဘယ်ဟာပဲပါပါ အဲ့ဒီနှစ်ခုစလုံးတကယ်လို့မဟားတရားဆိုလဲပယ်ဖျက်မှာဖြစ်ပါတယ်။မတရားဆိုလဲအဲ့ဒီစကားရပ်ကိုလွှတ်တော်ကနေပယ်ဖျက်ပေးမှာဖြစ်ကြောင်းပြောကြားလိုပါတယ်”ဟုဆိုသည်။

ဒေါက်တာခွန်ဝင်းသောင်းကတပ်မတော်သားကိုယ်စားလှယ်၏ကန့်ကွက်မှုကို၎င်းအနေဖြင့်ကျေးဇူးတင်ကြောင်း ထိုသို့ကန့်ကွက်ခြင်းကြောင့်ပြည်သူများပို၍အာရုံစိုက်သွားကြောင်းမီဒီယာများကိုပြောကြားခဲ့သည်။

ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*