ရေကြီးမှုကြောင့် ဆုံးရှုံးခဲ့သည့်ငါးကန်များအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များအခမဲ့ ကူညီမည်

ရေကြီးမှုကြောင့် ဆုံးရှုံးခဲ့သည့်ငါးကန်များအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များအခမဲ့ ကူညီမည်
August 9, 2018 AsianFame MediaGroup

2:19 pm
ရေကြီးမှုကြောင့် ဆုံးရှုံးခဲ့သည့်ငါးကန်များအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များအခမဲ့ ကူညီမည်
38770572_1913966448647311_3313321785713229824_n

ဘားအံမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့စဉ်က(ဓာတ်ပုံ – စောချိတ်ဖောင်)

နေပြည်တော် သြဂုတ် ၉

ယခုနှစ်ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သည့်ရေကြီးနစ်မြုပ်မှုများကြောင့်ရေလျှံခဲ့သည့် ငါးကန်ဧကများအတွက်နိုင်ငံတော်ဘက်ဂျက်ကိုသုံးစွဲ၍ ငါးသားပေါက်များအခမဲ့ ဖြန့်ဝေကူညီသွားမည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

“နိုင်ငံတော်ဘက်ဂျက်နေ နှစ်စဉ်သဘာဝဘေးဒဏ်ခံရတဲ့ငါးကန်တွေအတွက် ငါးသားပေါက်ဖြန့်ဝေပေးတာတွေကိုဆောင်ရွက်ပေးနေပါတယ်။ဒီနှစ်ဆိုရင်ပဲခူးကရင်မွန်စတဲ့ဒေသတွေမှာရေကြီးတော့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ ထောက်ပံ့မလဲဆိုတာတွေတွက်ချက်နေပါတယ်။ကျွန်တော်တို့ဆီမှာရေကကြီးပြီးရင်ချက်ချင်းထောက်ပံ့လို့မရဘူး။ရေပြန်ကျမှငါးကန်တွေပြန်ဖော်ပြန်ပြင်တာမျိုးလုပ်ပြီးဒီဆုံးရှုံးသွားတဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေကို ကူညီနိုင်မှာဖြစ်ပါတယ်။ဌာနအနေနဲ့၁လက်မခွဲနှင့်၂လက်မဆိုဒ် ငါးတွေကိုတစ်ဧကကိုတစ်ထောင် ငါးရာစသဖြင့်ထောက်ပံ့ပေးမှာပါ။ဒီနှစ်မီနီဘက်ဂျက်မှာဆိုရင်ဌာနအနေနဲ့ကျပ်ငွေသန်းငါးဆယ် လောက်ကူညီဖို့ ရှိပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဇင်ထူးကဆိုသည်။

ယခုနှစ်တွင်ရေကြီးမှုကြောင့် ဆုံးရှုံးမှုဖြစ်ခဲ့ရသည့်ငါးကန်ဧရိယာမှာယမန်နေ့ကရရှိသည့်စာရင်းအရ ဧက(၂၄၀၀)ခန့်ရှိနေပြီးဌာနမှ၁ဧကလျှင်ငါးသားပေါက်(၅၀၀)မှ(၁၀၀၀-၁၅၀၀)ခန့်အထိ ကူညီပေးသွားမည်ဟုသိရသည်။

ငါးသားပေါက်များကိုဌာနမှ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်သောကြောင့် ရရှိထားသည့်ဘက်ဂျက်နှင့်တွက်ချက်ကာ (၁)ဧကလျှင်မည်မှကူညီရမည်ကိုတွက်ချက်နေသည်ဟုဆိုသည်။

ပဲခူးတိုင်းအတွင်းရှိ ငါးကန်များမှာ အများဆုံးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးခန့်မှန်းချေဧက (၁၃၀၀)ခန့် ပျက်စီးခဲ့သည်ဟုသိရသည်။

ငါးသားပေါက်များဖြန့်ဝေပေးရာတွင်ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးစခန်းရှိငါးသားပေါက်ကောင်ရေနှင့်မလုံလောက်ပါက ပြင်ပမွေးမြူရေးလုပ်ငန်းရှင်များထံမှ ငါးသားပေါက်များကိုတင်ဒါစနစ်ဖြင့်ဝယ်ယူကာ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*