မြို့ နယ်တွေမှာလိုအပ်နေတဲ့ လမ်း၊မြောင်းပြုပြင်ဖို့ ဘတ်ဂျတ်တောင်းခံမှုအချို့ ပယ်ချခဲ့ပြီး လွှတ်တော်ဝင်းသဘင်ဆောင်ပြုပြင်မွမ်းဖို့ ကျပ်သန်းပေါင်း ၉၅၅ ဒသမ၈သန်းသုံးစွဲမယ်လို့ လျာထားမှုလွှတ်တော်မှာဝေဖန်

မြို့ နယ်တွေမှာလိုအပ်နေတဲ့ လမ်း၊မြောင်းပြုပြင်ဖို့ ဘတ်ဂျတ်တောင်းခံမှုအချို့ ပယ်ချခဲ့ပြီး လွှတ်တော်ဝင်းသဘင်ဆောင်ပြုပြင်မွမ်းဖို့ ကျပ်သန်းပေါင်း ၉၅၅ ဒသမ၈သန်းသုံးစွဲမယ်လို့ လျာထားမှုလွှတ်တော်မှာဝေဖန်
May 31, 2018 Fame Asian

6:03 pm
မြို့ နယ်တွေမှာလိုအပ်နေတဲ့ လမ်း၊မြောင်းပြုပြင်ဖို့ ဘတ်ဂျတ်တောင်းခံမှုအချို့ ပယ်ချခဲ့ပြီး လွှတ်တော်ဝင်းသဘင်ဆောင်ပြုပြင်မွမ်းဖို့ ကျပ်သန်းပေါင်း ၉၅၅ ဒသမ၈သန်းသုံးစွဲမယ်လို့ လျာထားမှုလွှတ်တော်မှာဝေဖန်

34030212_1808468719197085_1807413265693671424_n

ရန်ကုန် ၊ မေ ၃၁

လာမယ့်နှစ်လုပ်ဆောင်မယ်လို့ လျာထားတဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ဘတ်ဂျတ်စာရင်းမှာ မြို့ နယ်တွေအတွက်လိုအပ်နေတဲ့ လမ်း၊မြောင်းပြုပြင်ရန် ဘတ်ဂျတ်တောင်းခံမှုအချို့ကို ပယ်ချထားပြီး လွှတ်တော်ဝင်းသဘင်ဆောင်ပြုပြင်မွမ်းဖို့ ကျပ်သန်းပေါင်း ၉၅၅ ဒသမ၈သန်းသုံးစွဲမယ်လို့ လျာထားမှုအပေါ် လှိုင်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်မာဌေးက ဒီကနေ့ တိုင်းလွှတ်တော်မှာဝေဖန်ခဲ့ပါတယ်။

”ဥပမာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ရုံးသုံးယာဉ်များဝယ်ယူရာမှာ Toyota Ford ကားတစ်စီးကို သိန်းတစ်ထောင်နဲ့  ဆယ်စီးသန်းတစ်ထောင်သုံးစွဲရာမှာ လိုအပ်ပါရဲ့လား။မြို့ ပြအိမ်ယာဖွံ့ ဖြိုရေးဦးစီးဌာနက ပြည်သူ့ လွှတ်တော်ဝင်းက ဇာတ်သဘင်အဆောင်ကိုအဆင့်မြှင့်မွမ်းမံဖို့ ကျပ်သန်းပေါင်း ၉၅၅ ဒသမ ၈သန်းတောင်းခံထားတာမျိုးတွေကလည်း အဓိကထားပြီးလုပ်ဆောင်ရမယ့် လုပ်ငန်းတွေဟုတ်ပါရဲ့လား။ ဒါတွေထက်စာရင်တော့လမ်းတွေမြောင်းတွေဟာ အဓိကထားပြီးလုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ လို့ အဓိကနဲ့ သာမညခွဲခြားပြီးတော့ ကျွန်မအနေနဲ့ ဇာတ်သဘင်အဆောင်ပြုပြင်ရေးနဲ့ အစိုးရကားဝယ်ယူတာတွေကို မြို့ နယ်တွေမှာလိုအပ်နေတဲ့လမ်းတွေမြောင်းတွေနေရာမှာသုံးစွဲပေးပါလို့ တောင်းဆိုချင်ပါတယ်” လို့ သူမကပြောပါတယ်။

တိုင်းလွှတ်တော်ကို တိုင်းအစိုးရအဖွဲ့  ကတင်သွင်းထားတဲ့ ”၂၀၁၈-၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ အရအသုံးခန့် မှန်းခြေငွေစာရင်း(လျာထားချက်)” ကို မနေ့ က လွှတ်တော်ကိုယ်စားလှယ်(၅) ဦးဆွေးနွေးခဲ့ပြီး ဒီိကနေ့ မှာ လွှတ်တော်ကိုယ်စားလှယ်(၇) ဦးကဆက်လက်ဆွေးနွေးပါတယ်။ဆွေးနွေးခဲ့တဲ့လွှတ်တော်ကိုယ်တွေထဲက တစ်ဦးဖြစ်တဲ့ ဒေါ်ခိုင်မာဌေးက ပြည်သူတွေလိုအပ်နေတဲ့ အောက်ခြေလိုအပ်ချက်တွေကို ဘတ်ဂျတ်ရေးဆွဲမှုမှာပါအောင် တင်ပြခဲ့ပေမယ့် ထက်ဝက်ခန့်  ပယ်ချခံခဲ့ရပြီး ယခုလိုသုံးစွဲထားမှုတွေကျ အဓိကဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စဟုတ်ရဲ့လားလို့ ပြန်လည်မေးခွန်းထုတ်ပါတယ်။

”ဒီနှစ် ၂၀၁၈-၁၉ ခုနှစ်မှာ ကျွန်မတို့ မြို့ နယ်ဟာ လိုအပ်ချက်အရတင်ပြပြီး အစိုးရအဖွဲ့ ရုံးမှာပြုလုပ်တဲ့အစည်းအဝေးမှာ ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများနဲ့ အကြေအလည်ဆွေးနွေးပြီိးတင်ပြတောင်းဆိုထားတဲ့လုပ်ငန်းတွေရော၊ ပထမဦးဆုံးတင်ပြထားတဲ့လုပ်ငန်းတွေပါ ဖြုတ်ချခံခဲ့ရပါတယ်။ စည်ပင်သာယာရေးကော်မတီကဆောင်ရွက်မယ့် လုပ်ငန်းစုစုပေါင်းရဲ့ ထက်ဝက်လောက်ပဲပါလာတာကိုတွေ့ ရတယ်။တစ်ချို့ လမ်းတွေဆိုရင် ဥပမာ ကန်လမ်းဆိုရင် ကန်လမ်းတစ်ခုလုံးကိုခင်းဖို့ တင်ပြရာမှာ လမ်းကိုနှစ်ပိုင်းခွဲပြီးတင်ပြထားတဲ့အခါမှာ အခုက လမ်းတစ်ဝက်ပဲပါလာတာကိုတွေ့ ရပါတယ်။ လမ်းတစ်ဝက်ပဲပါလို့ ခင်းရမှာတောင်အင်မတန်အခက်တွေ့  နေရတဲ့အခြေအနေဖြစ်ပါတယ်” လို့ သူမကဆိုပါတယ်။

ဒါ့အပြင် ယခုနှစ်မှာ မြို့ တော်စည်ပင်သာယာက ရုံးသုံးကား ၈၉ စီးဝယ်ဖို့ ကျပ်သန်းပေါင်း ၂၆၄၄ သန်းနီးပါးသုံးစွဲမယ်လို့ ဘတ်ဂျတ်လျာထားချက်ထဲတင်ပြထားမှုကိုလည်း သူကထောက်ပြပါတယ်။ မြို့ တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ မနှစ်ကလည်း ရုံးသုံးကား ၃ စီးဝယ်ယူထားတယ်လို့ ဒေါ်ခိုင်မာဌေးကပြောပါတယ်။

”နှစ်နှစ်ပေါင်း ရန်ကုန်မြို့ တော်စည်ပင်က ကားအစီးပေါင်း ၁၀၀ ကို ၀ယ်ယူထားဖို့ ကြေညာထားတာကို တကယ်လိုအပ်လားဆိုတာ ပြန်လည်စီစစ်စေချင်ပါတယ်။ မဖြစ်မနေလိုအပ်တယ်ဆိုရင်လည်း တိုးတောင်းဖော်ပြချက်နဲ့ ထပ်မံတင်ပြစေလိုပါတယ်။ ဒါမှမဟုတ်ရင်တော့အဲဒီကိစ္စကိုကျွန်မတို့ အနေနဲ့ ကန့် ကွက်ရမှာဖြစ်ပါတယ်” လို့ သူမကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*