ရိုးရာဓလေ့များ ကွယ်ပျောက် သွားမည်ကို မကွေးတိုင်းက အရှိုချင်း တိုင်းရင်းသားများ စိုးရိမ်နေ

ရိုးရာဓလေ့များ ကွယ်ပျောက် သွားမည်ကို မကွေးတိုင်းက အရှိုချင်း တိုင်းရင်းသားများ စိုးရိမ်နေ
May 24, 2017 Asian Fame

12:15 pm
ရိုးရာဓလေ့များ ကွယ်ပျောက် သွားမည်ကို မကွေးတိုင်းက အရှိုချင်း တိုင်းရင်းသားများ စိုးရိမ်နေ

Sho-Chin
(ငဖဲ၊ မေ ၂၁)

အရှို ချင်းတိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ အသုံးအ ဆောင်များ ကွယ်ပျောက် သွားမည် ကိုစိုးရိမ်သဖြင့် မကွေးတိုင်း ငဖဲမြို့ နယ် ဂုတ်ကြီး ကျေးရွာတွင် ရိုးမလူ ငယ် အလင်းတန်း အဖွဲ့က ‘မျှဝေ ခြင်း’ ဟူသည့်ပွဲ တစ်ခု ကျင်းပပေးခဲ့ ကြောင်း ဦးဆောင် စီစဉ်သူ ဆလိုင်း ရန်နောင်ထွန်းထံမှ သိရသည်။

ထိုပွဲမှာ ဒေသတွင်းအရှိုချင်း တိုင်းရင်းသား လူငယ်များအား လက်မှုပညာ တတ်ကျွမ်းသော လူ ကြီးများက ရိုးရာဂျပ်ခုပ် ရက်လုပ် ခြင်း၊ လယ်ယာချောင်းမြောင်း တို့ တွင် အသုံးပြုသောတောင်း၊ ပလုံး၊ ယက်သဲ့ စသည်တို့ကို ဝါးနှီးဖြင့် ပြုလုပ်ခြင်းများကို ၂ ရက်တာသင် ကြား ပြသပေးသောပွဲ ဖြစ်သည်။

အရှိုချင်းတိုင်းရင်းသား အ များစုသည် မကွေးတိုင်း နယ်စပ်နှင့် ရခိုင်ပြည်နယ် နယ်စပ် တောင်ပေါ် ဒေသများတွင် အများဆုံးနေထိုင် ကြပြီး တောင်ယာဥယျာဉ် စိုက်ပျိုး ခြင်းများဖြင့် အသက်မွေးကြသည်။ ရိုးရာဓလေ့ဝတ်စုံ များကိုလည်း အ မြတ်တနိုး ဝတ်ဆင်နေကြ သူများ လည်းဖြစ်သည်။ သို့သော် လမ်းပန်းဆက်သွယ် ရေးသည်လည်း ယခင် ထက်စာလျှင် ပိုမိုကောင်းမွန်လာပြီး ခေတ်မီတိုး တက်လာသည် နှင့်အမျှ ရိုးရာယဉ် ကျေးမှု ဓလေ့ အသုံးအဆောင်များ ကွယ်ပျောက် သွားမည်ကို စိုးရိမ် လာနေရသည်ဟု ဂုတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမောင်က ပြောကြားခဲ့သည်။

အရှို ချင်းတိုင်းရင်းသား တို့သည် ရိုးရာဂျပ်ခုတ် လက်ရက်ထည်များ ကို အမြတ်တနိုး ဝတ်ဆင် ကြသလို လုပ်ငန်းခွင်သုံး ပစ္စည်းများကိုလည်း ဒေသထွက် ဝါးနှီးများဖြင့် ပြုလုပ် သုံးစွဲကြသည်။ ယခုအခါ အလွယ်တကူ အသုံး ပြုနိုင်သည့် နိုင်ငံခြားဖြစ် ပစ္စည်းများ ဝင်ရောက် လာနေသည်ကို တွေ့ရ ပြီး လူအများ သုံးစွဲ လာနေကြသည်။ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ ဖြစ်သည့် ပဆန်းဆရာ၏ အတတ် ပညာများကိုဆက်ခံလိုသည့် လူငယ် များ ရှားလာပြီး ခေတ်မီ အဝတ်အ ထည်များ အများဆုံး ဝတ်ဆင်လာ ကြသည်ကို တွေ့ရသည်။ ဒေသတွင်း လက်ရက်ပစ္စည်း ထုတ်လုပ်မှုစရိတ် မြင့်မားသည့် အ ပြင် ရက်လုပ်ချိန်ကြာမြင့်သည်က လည်း ရှိသည်။ ထို့ကြောင့် ရိုးရာ လက်မှု အတတ်ပညာများကို မျိုး ဆက်သစ်များအား လက်ဆင့်ကမ်း မျှဝေပေးနေရခြင်း ဖြစ်သည်ဟု ဂုတ်ကြီးကျေးရွာသူ အရှိုချင်းအ မျိုးသမီးကြီး ဒေါ်ပမယ်က ပြောပါ သည်။

ယခုပွဲကို စီစဉ်သည့် ရိုးမလူ ငယ်အလင်းတန်းအဖွဲ့သည် ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ ငယ်များအတတ်ပညာ နှီးနှော ဖလှယ်ခြင်း စသည့်လှုပ်ရှားမှုများ ပြုလုပ်ကြောင်း သိရသည်။

ဦးမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*