ကရင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် ၂ ဦးကို ဒီကနေ့ ချုပ်ရ မန်ယူ/အင်းစိန်ထောင်တန်းပို့

ကရင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် ၂ ဦးကို ဒီကနေ့ ချုပ်ရ မန်ယူ/အင်းစိန်ထောင်တန်းပို့
July 17, 2017 Asian Fame

5:02 pm
ကရင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် ၂ ဦးကို ဒီကနေ့ ချုပ်ရ မန်ယူ/အင်းစိန်ထောင်တန်းပို့

Insein(ရန်ကုန်၊ ဇူလိုင် ၁၇)

ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအ၀င် ဦးမျိုးနိုင်နဲ့ ဦးနေမျိုးထွန်း တို့ စုစုပေါင်း ၃ ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုပြုလုပ်ပြီး တရားစွဲထားတာကြောင့် အမှုတွဲတည်ဆောက်ဖို့ ဒီကနေ့ ဗဟန်း တရားရုံးမှာ ချုပ်ရ မန်ယူ ခဲ့တယ်လို့ ဗဟန်းမြို့နယ်တရားရုံးက ပြန်ကြားရေးအရာရှိက ပြောပါတယ်။

သူတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ နဲ့ ကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ် တရားစွဲ ဆိုထားတာပါ။

“ရဲလုပ်ငန်းစဉ် အရ တရားစွဲဖို့ တရားရုံးက စွဲချက်လိုတယ်။ အဲ့ဒါကြောင့် တရားရုံးက စွဲချက်တင်ပြီး ချုပ်ရမန်ယူရတာပါ။ ဒီကနေ့ ကနေပြီး ဇူလိုင်လ ၃၁ ရက် အထိ ချုပ်ရမန်ရထားပါတယ်။ သူတို့ကိုတော့ ဒီကနေ့မနက်ကပဲ အင်းစိန်ထောင် ပို့လိုက်ပါပြီ” လို့ ဗဟန်းမြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ ဦးမောင်မောင်လွင်က ပြောပါတယ်။

အဂတိ လိုက်စားမှုကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးသင်းမောင်က ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး အပါအ၀င် ၃ ဦးဟာ မြေယာ ကိစ္စနဲ့ပတ်သတ်ပြီး အဂတိ လိုက်စားကြောင်း တိုင်စာရောက်ရှိ လာခဲ့ကြောင်းနဲ့ တိုင်စာမှာပါတဲ့ အဂတိ လိုက်စား မှုငွေကြေး ပမာဏဟာ အတော် များတယ်လို့ ပေါ်ပြူလာ နယူးစ်ကို ဒီကနေ့နေ့လည်ပိုင်းမှာ အတည်ပြုပြောခဲ့ပါတယ်။

မင်းသုအောင်၊ သီဟ

ဓါတ်ပုံ – သားဒွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*