၂၀၁၈ ခုနှစ် ၆ လစာအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို တိုင်းလွှတ်တော်မှာယနေ့ ဆွေးနွေး၊ လုပ်မယ့်စီိမံကိန်းတွေနဲ့ ပတ်သတ်ပြီးအသေးစိတ်မပါလို့ နောက်ဆက်တွဲအပိုင်း(၃)ကို ကိုယ်စားလှယ်မျာကန့် ကွက်

၂၀၁၈ ခုနှစ် ၆ လစာအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို တိုင်းလွှတ်တော်မှာယနေ့ ဆွေးနွေး၊ လုပ်မယ့်စီိမံကိန်းတွေနဲ့ ပတ်သတ်ပြီးအသေးစိတ်မပါလို့ နောက်ဆက်တွဲအပိုင်း(၃)ကို ကိုယ်စားလှယ်မျာကန့် ကွက်
March 23, 2018 Fame Asian

4:48 pm
၂၀၁၈ ခုနှစ် ၆ လစာအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို တိုင်းလွှတ်တော်မှာယနေ့ ဆွေးနွေး၊ လုပ်မယ့်စီိမံကိန်းတွေနဲ့ ပတ်သတ်ပြီးအသေးစိတ်မပါလို့ နောက်ဆက်တွဲအပိုင်း(၃)ကို ကိုယ်စားလှယ်မျာကန့် ကွက်

1

ရန်ကုန် ၊ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ တင်သွင်းထားတဲ့ ”၂ဝ၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း” ကို ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်(၉)ဦးတို့ က ဆွေးနွေးခဲ့ကြပြီး ဥပဒေကြမ်းရဲ့ နောက်ဆက်တွဲအပိုင်း(၃)ကိုတော့ ဆွေးနွေးတဲ့ကိုယ်စားလှယ်အများစုက ကန့် ကွက်ခဲ့ကြတဲ့အတွက် နောက်လာမယ့် ပုံမှန်အစည်းအဝေးမှာ တိုင်းအစိုးရအဖွဲ့ က လာရောက်ရှင်းလင်းပြီးမှသာ အတည်ပြုချက်ရယူဖို့ တိုင်းလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ကန့့်ကွက်မှုတွေခံရတဲ့ တိုင်းအစိုးရအဖွဲ့ ရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း၊ နောက်ဆက်တွဲ (၃) မှာထည့်သွင်းထားတဲ့ စီမံကိန်းများဟာ စီမံကိန်းရဲ့ရည်မှန်းချက်၊ ရင်းနှီးမြှပ်နှံမှုပုံစံ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ အပေါ် ဘယ်လိုအကျိုးပြုမလဲစတဲ့ အသေးစိတ်အချက်အလက်တွေမပါဝင်တာကြောင့် တိုင်းအစိုးရအဖွဲ့ က လွှတ်တော်ကိုလာရောက်ရှင်းပြပြီးမှသာ အတည်ပြုသင့်တယ်လို့ တိုင်းလွှတ်တော်၊ဘဏ္ဍာရေး၊စီမံကိန်းနဲ့ စီးပွားရေးကော်မတီမှ ဥက္ကဌ ဒေါ်စန္ဒာမင်းကပြောပါတယ်။ တိုင်းစီမံကိန်းနဲ့  ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းကလည်း ဥပဒေကြမ်း၊နောက်ဆက်တွဲအပိုင်း(၃)ကို ယနေ့  မှာ မှတ်တမ်းသာတင်ထားဖို့ သဘောတူခဲ့ပါတယ်။

ဥပဒေကြမ်းကို ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ၊ ဦးကျော်ဇေယျ၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးသန်းနိုင်ဦး၊ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးသိန်းမြင့်၊ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ဦးရန်ရှင်း၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါ်ကြည်ပြာ၊ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဇော်ဝင်းနိုင်၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်၊ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ ဒေါ်သန္တာမိုး တို့မှဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်းမူဝါဒမှာ အုပ်ချုပ်မှုကောင်းမွန်ပြီး ရှေးဟောင်းအမွေအနှစ်များ၊ အခြေခံအဆောက်အအုံများပြည့်စုံကာ တည်ငြိမ်အေးချမ်းပြီး စိမ်းလန်းသော နေချင်စဖွယ်စီးပွားရေးမြို့ တော်ဖြစ်စေရန်အတွက် စည်ပင်သာယာရေးနယ်နိမိတ်(၃၃)မြို့ နယ်နဲ့ စည်ပင်သာယာရေးပြင်ပမြို့ နယ်(၁၂)မြို့ နယ်တို့ ကို ဟန်ချက်ညီညီနဲ့ အချိုးကျ၊ မျှတစွာဖွံ့ ဖြိုးဖို့ လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်မီး၊ သန့် ရှင်းတဲ့သောက်သုံးရေတို့ ရရှိဖို့ လာမယ့်(၃)နှစ်အတွင်း ပြည်စုံအောင်ဖြည့်ဆည်းပေးနိုင်ရေးရည်မှန်းထားတယ်လို့ ပါဝင်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*