ကန့်ကွက်မှုတွေရှိတဲ့ကြားက မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းရေးအဖွဲ့ကို ရခိုင်လွှတ်တော်ဖွဲ့စည်း

ကန့်ကွက်မှုတွေရှိတဲ့ကြားက မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းရေးအဖွဲ့ကို ရခိုင်လွှတ်တော်ဖွဲ့စည်း
January 29, 2018 Fame Asian

3:34 pm
ကန့်ကွက်မှုတွေရှိတဲ့ကြားက မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းရေးအဖွဲ့ကို ရခိုင်လွှတ်တော်ဖွဲ့စည်း

စစ်တွေ ၊ ဇန်န၀ါရီ ၂၉

သဘောထားခံယူရာမှာ ကန့်ကွက်မှုတွေရှိပေမယ့် ထောက်ခံမဲ အများစုနဲ့ မြောက်ဦးဖြစ်စဉ် လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီကို ရခိုင်ပြည်နယ်လွှတ်တော်ကအတည်ပြုဖွဲ့စည်းလိုက်ပါတယ်။

ကော်မတီဖွဲ့စည်းမှုနဲ့ပတ်သတ်လို့ ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၀ ၊ ကန့်ကွက်မဲ ၁၆ မဲ ၊ ကြားနေ ၄ မဲ တို့ရရှိပြီး အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အဖွဲ့ဝင် ၉ ဦးနဲ့ ဒီကော်မတီကိုဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ဦးမြို့ဖြစ်စဉ်ကို စီစစ်ဖို့လိုလို့ လွှတ်တော်ကနေ ဒီကော်မတီကိုဖွဲ့ရတာဖြစ်ပြီး အဆိုပါကော်မတီမှာ ဥက္ကဌအဖြစ် မြေပုံမဲဆန္ဒနယ် ၁ ကိုယ်စားလှယ် ဦး အောင်ဝင်း ၊ အတွင်းရေးမှူးအဖြစ် မြောက်ဦးမဲဆန္ဒနယ် ၁ ကိုယ်စားလှယ် ဦးထွန်းသာစိန် တို့က တာဝန်ထားကြောင်း အဖွဲ့ဝင်အဖြစ် ကျောက်တော်မဲဆန္ဒနယ် ၂ ကိုယ်စားလှယ် ဦးမောင်သန်းစိန် ၊ မြောက်ဦး ၂ ဦးကျော်ဝင်း ၊မာန်အောင် ၁ ဦးသိမ်းမောင် ၊ မောင်တော ၁ ဦးထွန်းလှစိန် ၊ မင်းပြား ၁ ဦးလှသိန်းအောင် ၊ ဦးခင်မောင်ကြည် (လွှတ်တော်အကြံပေးအဖွဲ့) ၊ ဦးစောမြ (လွှတ်တော်အကြံပေးအဖွဲ့ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ) တို့ ပါဝင်တယ်လို့ ရမ်းဗြဲ ၂ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“NLD က ၅ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁ ဦး ကန့်ကွက်တယ်။ ပြီးတော့ လွှတ်တော်ဥက္ကဌ နဲ့ ၀န်ကြီးဦးကျော်လွင် နဲ့က ကြားနေ ။ နောက်ထပ် NLD ၂ ဦးက ကြားနေ” လို့ ဦးသန်းမောင်ဦးက ဆိုပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*