“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ရရှိရေးဆက်လက်တောင်းဆိုသွားမည်ဟု UWSA ဗဟိုတိုးချဲ့အစည်းအဝေးကဆို

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ရရှိရေးဆက်လက်တောင်းဆိုသွားမည်ဟု UWSA ဗဟိုတိုးချဲ့အစည်းအဝေးကဆို
January 25, 2018 Fame Asian

11:46 am
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ရရှိရေးဆက်လက်တောင်းဆိုသွားမည်ဟု UWSA ဗဟိုတိုးချဲ့အစည်းအဝေးကဆို

27459781_1673679332676025_117533809623739257_n

ပန်ဆန်း ၊ ဇန်န၀ါရီ ၂၅

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ရရှိရေးဆက်လက်တောင်းဆိုသွားမယ်လို့ “၀”သွေးစည်းညီညွှတ်ရေးပါတီ UWSA ဗဟိုတိုးချဲ့အစည်းအဝေးကထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ အစည်းအဝေးကို ပြီးခဲ့တဲ့ ဇန်န၀ါရီ လ ၁၄ ရက်နေ့ကနေ စတင်ပြီး ၅ ရက်ကြာကျင်းပပြုလုပ်ခဲ့တာလို့ UWSA လားရှိုးဆက်ဆံရေးရုံးဒုတာဝန်ခံ ဦးညီရန်းက ဆိုပါတယ်။

အစည်းအဝေးအပြီး UWSA ရဲ့ အချက် ၁၀ ချက်ပါတဲ့ ထုတ်ပြန်ချက်မှာ “ဝ”ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ နယ်မြေ့ တစိပ်တဒေသဖြစ်ပြီး မည်သည့် အကြောင်းနဲ့မှ ခွဲထွက်မှာမဟုတ်ကြောင်း ၊ ပြင်ပရန် ကျူးကျော် လာရင် မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ပြတ်ပြတ်သားသား ခြေမှုန်းသွားမှာဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး အလံတော်နဲ့ လက်နက် တဖက်စီ ကိုင်ဆောင်သွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို တောင်းဆိုသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိုလည်း ဆက်လက်တောင်းဆိုသွားမယ်လို့ထပ်လောင်းဆိုထားပါတယ်။

ကျန်တဲ့အချက်တွေကတော့ မူးယစ်ဆေးကိုအမြစ်ပြတ်ခြေမှုန်းမယ့်ကြောင်း အိမ်နီးချင်းနိုင်ငံ/ဒေသ တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရးထားရှိမယ့်အကြောင်းတွေပါရှိပါတယ်။

ဇန်န၀ါရီ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုပါ UWSA ဗဟိုတိုးချဲ့အစည်းအဝေးကနေ ပါတီ ဗဟိုပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် ၉ဦး ၊ ပါတီ ဗဟိုပေါလစ်ဗျူရို ကော်မတီဝင် ၁၀ဦး ၊ ပါတီ ဗဟိုကော်မတီဝင် ၈ဦး ၊အရံ ပါတီဗဟိုကော်မတီဝင် ၂၁ဦး တို့ကို ရွေးချယ်ဖွဲ့စည်းခဲ့တယ်လို့ UWSA လားရှိုးဆက်ဆံရေးရုံးဒုတာဝန်ခံ ဦးညီရန်း က သူ့လူမှုကွန်ရက်မှာ ဇန်န၀ါရီ ၂၄ ရက်နေ့က ထုတ်ပြန်ချက်နဲ့အတူ ထည့်သွင်းဖော်ပြထားပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*