အမည်ပေါက် ပြောင်းလဲမည့် ကားများကို ရာဖြတ်တန်ဖိုး အသစ်ဖြင့် ယနေ့မှ စတင်၍ စည်းကြပ်သွားမည်

အမည်ပေါက် ပြောင်းလဲမည့် ကားများကို ရာဖြတ်တန်ဖိုး အသစ်ဖြင့် ယနေ့မှ စတင်၍ စည်းကြပ်သွားမည်
July 3, 2017 Asian Fame

3:16 pm
အမည်ပေါက် ပြောင်းလဲမည့် ကားများကို ရာဖြတ်တန်ဖိုး အသစ်ဖြင့် ယနေ့မှ စတင်၍ စည်းကြပ်သွားမည်

car(နေပြည်တော်၊ ဇူလိုင် ၃)

ယာဉ်ပိုင်ရှင်များ အနေဖြင့် မော်တော်ယာဉ်များကို တစ်ဦးမှတစ်ဦး လွှဲပြောင်းရောင်းချကြရာတွင် မိမိအမည်ပေါက် သို့ပြောင်းလဲ လိုပါက ပေးဆာင် ရမည့် အခွန်ရာဖြတ်တန်ဖိုး ကိုယနေ့ ဇူလိုင် ၃ ရက်နေ့ မှစ၍ ပြောင်းလဲ စည်းကြပ်သွားမည် ဟု ပြည်တွင်းအခွန် များဦးစီးဌာနမှသိရသည်။

“အခုသတ်မှတ် လိုက်တဲ့ရာဖြတ် တန်ဖိုးက၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် သတ်မှတ်ချက်ဖြစ်ပါတယ်။ ကားအမျိုးစား တူမော်ဒယ် တူရင်တောင် အရောင် တို့ကြံ့ခိုင်မှု တို့ကို မျက်မြင်စစ်ဆေး မှာဖြစ်လို့ရာဖြတ်စည်း ကြပ်တဲ့ အခါတစ်စီး နဲ့တစ်စီး မတူနိုင်ပါ ဘူး။”ဟု ရန်ကုန်တိုင်းပြည်တွင်း အခွန်ရာဖြတ်ရုံး မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

မော်တော်ယာဉ်တွေကို အမည်ပေါက် ပြောင်းလဲရာမှာ ယာဉ် အမျိုးအစားနှင့်မော်ဒယ် ရီးယား တူနေသော်လည်း ယာဉ် အက္ခရာနှင့် မျက်မြင် အခြေအနေများ အပေါ်တွင် ရာဖြတ် ရုံးတာဝန်ရှိသူများမှ အခွန် စည်းကြပ်ကြခြင်းဖြစ်သည်။ အခွန်စည်းကြပ်သည့် ရာဖြတ် တာဝန်ခံ များကို ကြမ်းခင်းဈေး အဖြစ် သတ်မှတ်ထားသည့်နှုန်း ထက် လျှော့နည်းကောက်ခံခွင့် မပြုထားကြောင်းလဲ သိရသည်။

“ဦးကားရဲ့ပိုင်ရှင် က ပဲခူးကဖြစ်နေတယ်။ ကိုယ့်နာမည်ပေါက် နဲ့ကိုဆိုတော့ အရှုပ်အရှင်း ကင်းတယ်လေ။ ဒါပေမယ့် အခွန်တွေ အများကြီးဆောင် ပြီးသွင်းထားတဲ့ ကားတစ်စီးကို ကိုယ့်နာမည်ကိုဖြစ်ဖို့ လဲထပ်ပြီး အခွန်ဆောင်ရအုံးမယ် ဆိုတော့ အခွန်ပေါ် အခွန် ဆင့်နေတော့တာပါပဲ။”ဟု ရန်ကုန်မြို့ရှိ ယာဉ်ပိုင်ရှင် ဦးစိုးလွင် ကအမည်ပေါက် ပြောင်းလဲခြင်း အတွက် ပေးဆောင်ရသည့် အခွန် အပေါ် သူ့အမြင် ကိုပြောသည်။

ယနေ့စတင် စည်းကြပ်မည့်ရာဖြတ် တန်ဖိုးအသစ်ကြောင့် မော်တော်ယာဉ် အမျိုးအစား ပေါ်လိုက်၍ ကျပ်(၅)သိန်းမှ သိန်း(၃၀) ဝန်းကျင် အထိ အပြောင်း အလဲဖြစ်သွားမည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*