အကျဉ်းစံ

အကျဉ်းစံ
June 29, 2017 Asian Fame

3:47 pm
အကျဉ်းစံ

tiger

လွတ်လပ်ခြင်းဆိုတာ လူသားတို့အတွက်သာမက လောကသက်ရှိမှန်သမျှတို့အတွက် အလိုအပ်ဆုံးသောအရာ… သဘာဝသားရဲတို့အတွက် ကျဉ်းမြောင်းသော အင်္ဂတေနံရံအခန်းငယ်များအတွင်း ဆိုးရွားတဲ့စိုစွတ်စွတ်အနံ့တွေနဲ့အတူ သံလှောင်အိမ်တံခါးတွေ အနောက်ဝယ် အသက်ထက်ဆုံး ဖျော်ဖြေရေးပစ္စည်းအဖြစ် အသုံးချခံနေရခြင်းသည် မဟာလူသားတို့ အတွက် ပျော်ရွှင်မှုတစ်ခု သို့တည်းမဟုတ် ဗဟုသုတအလို့ငှာသော အကြောင်းပြချက်တို့ဖြင့် အကျဉ်းစံဘ၀သို့ ရောက်မှန်းမသိရောက်ခဲ့ကြလေပြီ။

သံလှောင်အိမ်များအတွင်း၊ မှန်အုတ်၊ အင်္ဂတေတို့ဖြင့် စီမံထားသော အခန်းကျဉ်းများ၊ ရေကန်ငယ်များအတွင်း များစွာ သဘာဝတရားတောရိုင်းတိရိစ္ဆာန်တို့လွတ်လပ်မှုမဲ့သော မျက်ဝန်းအစုံတို့ကား ရီဝေကျဉ်းမြောင်းလျှက်… သူတို့၏အသက်ရပ်တည်ရှင်သန်ရေးသည် နေ့စဉ် အချိန်ဇယားဖြင့် ကျွေးမွေးသော လူသားတို့၏ ကျန်းမာရေးစံနှုန်းမှီသတ်မှတ်ချက် အစားအစာများကို အာသာငမ်းငမ်းစားသောက်ရင်းဖြင့်သာ ဖြတ်သန်းရပ်တည်လျှက်……လာရောက်လည်ပတ်ကြသော လူသားတို့အား အသနားခံလက်ဆန့်တန်းကြရခြင်းဖြင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် သူတို့သိနားလည်သော အမူအရာများဖြင့်သော်လည်ကောင်း၊ အသံများဖြင့် အော်ဟစ် တောင်းရမ်းစားသောက်ကြခြင်းဖြင့်သော်လည်း ရဲရင့်တိုက်ခိုက်တတ်သော သူတို့၏ သားရဲတိရိစ္ဆာန် ဂုဏ်ပုဒ်ကိုစွန့်လွှတ်ကာ အသက်ရပ်တည်ရေးအတွက် ကြိုးစားရှင်သန် ဖြတ်သန်းလျှက်…သဘာဝသားရဲတိရိစ္ဆာန်တို့သည် ဖျော်ဖြေရေးပစ္စည်းမဟုတ်၊ သက်ရှိလူသားတို့ကဲ့သို့ သဘာဝတရားအောက်လွတ်လပ်စွာရပ်တည်ရှင်သန်ခွင့် ရရှိနေရမည်မဟုတ်ပါလားဆိုတာ သင်သာနားလည်ခံစားမိတယ်ဆိုရင် …. ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*