ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူထား

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူထား
January 10, 2018 Fame Asian

2:43 pm
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူထား

1

ပုသိမ်၊ဇန်န၀ါရီ၁၀

ဦးမန်းဂျော်နီနှုတ်ထွက်သွားတာကြောင့် လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်နေရာကိစ္စ အတွက် လာမယ့် တနင်္လာနေ့(ဇန်န၀ါရီ ၁၅ရက်နေ့)ကျရင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အရေးပေါ်အစည်းအဝေးကျင်းပသွားမယ်လို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က ပေါ်ပြူလာနယူးစ်ကို ယနေ့နေ့လည်မှာ ပြောပါတယ်။

” အခုလာမယ့်တနင်္လာနေ့ကို အရေးပေါ် အစည်းအဝေးခေါ်ထားပါတယ်။ တစ်ခြားကိစ္စတော့ဆွေးနွေးဖို့တော့ မရှိပါဘူး။ ၀န်ကြီးချုပ်နဲ့ ၀န်ကြီး ကိစ္စ ပြည်ထောင်စုရဲ့အစီအစဉ်နဲ့ ဆက်အလုပ်လုပ်ရမှာတွေရှိတာလေ။ အဲ့ဒီအတွက်ခေါ်ရတာပါ” လို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော် ခိုင်က ရှင်းပြပါတယ်။

လက်ရှိမှာဆိုရင် ဧရာဝတီတိုင်းအထဲက ၀န်ကြီးချုပ် ဦးမန်းဂျော်နီ နဲ့ စိုက်ပျိုးရေးမွေးမြူရေးနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း တို့ဟာ နှုတ်ထွက်သွားကြပြီဖြစ်ပါတယ်။

သူတို့ရဲ့ သဘောဆန္ဒအလျောက်နှုတ်ထွက်ခြင်းကို ခွင့်ပြုတယ်လို့ဇန်န၀ါရီ ၉ရက်နေ့မှာ ပြည်ထောင်စုအစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်အသစ်ဟာ တိုင်းအစိုးရအဖွဲ့ထဲကလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ဖြစ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေတာတွေ ရှိနေပေမယ့် ဒီသတင်းကို အတည်ပြုလို့မရသေးပါဘူး။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*