သင်္ကြန်ကာလ YBS သုံးပုံတစ်ပုံသာ ပြေးဆွဲမည်

သင်္ကြန်ကာလ YBS သုံးပုံတစ်ပုံသာ ပြေးဆွဲမည်
March 29, 2017 Asian Fame

2:13 pm
သင်္ကြန်ကာလ YBS သုံးပုံတစ်ပုံသာ ပြေးဆွဲမည်

သီဟ
ရန်ကုန်၊ မတ်လ ၂၇

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ဘတ်စ်ကားများ၏ သုံးပုံတစ်ပုံခန့်သာ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောသည်။ ရန်ကုန်မြို့တွင် ဘတ်စ်ကားယာဉ်လိုင်းပေါင်း ၈ဝ ကျော်ရှိပြီး ယာဉ်အစီးရေ ၃၈ဝဝ ခန့်ပြေးဆွဲလျက်ရှိသော်လည်း သင်္ကြန်ကာလအတွင်း ယာဉ်အစီးရေ ၁၄ဝဝ ဝန်းကျင်ခန့်သာ ပြေးဆွဲပေးသွားမည်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင် အောင်က ”ကျွန်တော်တို့ ယာဉ်လိုင်း ပိုင်ရှင်တွေအကုန်လုံးကို ပြောထားပါတယ်။ ယာဉ်လိုင်း တစ်လိုင်းကို ၂ဝ ရာခိုင်နှုန်းမောင်း နှင်ပေးရမယ်လို့ အသိပေးထားပါတယ်” ဟု ပြောသည်။ သင်္ကြန်ကာလအတွင်း ယာဉ် လိုင်းပြေးဆွဲမှုကို သတ်မှတ်ထား သောအချိန်အတိုင်းသာ ပြေးဆွဲပေးမည်ဖြစ်ပြီး အချိန်စောသိမ်းခြင်းများပြုလုပ်မည်ကို ခွင့်မပြုထားကြောင်း ဒေါက်တာမောင် အောင်က ဆက်၍ပြောသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ၊ YBS ယာဉ်လိုင်းများ ပုံမှန်ဈေးနှုန်းအတိုင်းသာ ပြေးဆွဲရမည်ဖြစ်ပြီး တိုးမြှင့်ကောက်ခံမှုရှိပါက သတ်မှတ်ဥပဒေအတိုင်း အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*