တိုင်းလွှတ်တော်မှာ အတည်ပြုပြီး (၁၈)လကြာသည့်တိုင်အောင်ဆောင်ရွက်ပေးခြင်းမရှိသေးတဲ့ကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်သူ/သားများ သတင်းစာရှင်း

တိုင်းလွှတ်တော်မှာ အတည်ပြုပြီး (၁၈)လကြာသည့်တိုင်အောင်ဆောင်ရွက်ပေးခြင်းမရှိသေးတဲ့ကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်သူ/သားများ သတင်းစာရှင်း
December 27, 2017 AsianFame MediaGroup

3:24 pm
တိုင်းလွှတ်တော်မှာ အတည်ပြုပြီး (၁၈)လကြာသည့်တိုင်အောင်ဆောင်ရွက်ပေးခြင်းမရှိသေးတဲ့ကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်သူ/သားများ သတင်းစာရှင်း

25660154_1644879745555984_549542317049828219_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇

သင်္ဃန်းကျွန်းမြို့ နယ်၊ ဦးစံဖေလမ်းအတွင်း ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောက်လုပ်ထားခဲ့တဲ့ အရှေ့ ပိုင်းခရိုင်ဈေးများခရိုင်ရုံးနဲ့ သင်္ဃန်းကျွန်းဈေးတာဝန်ခံရုံး နှစ်ထပ်အဆောက်အဦးကို ဖယ်ရှားဖို့ တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ပေမယ့် ယခုတိုင် မဖယ်ရှားပေးလို့ဆိုပြီး ရပ်ကွက်သူရပ်ကွက်သားများက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ှရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီကနေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းလွှတ်တော်မှာ အတည်ပြုပြီး (၁၈)လကြာသည့်တိုင်အောင်ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက်ဖြစ်ပါတယ်။

”၂၀၁၀ ခုနှစ်ပြည်ထောင်စုနေ့မနက်မှာ သင်္ဃန်းကျွန်းဈေးမီးလောင်ပါတယ်။ မီးလောင်ပြီးတော့ အောင်ကောင်းကျော်ကုမ္ပဏီဟာ စည်ပင်သာယာနဲ့ အကျိုးတူပူးပေါင်းပြီး ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ်ရာမှာ ကျွန်တော်တို့လမ်းနေရာမပါပါဘူး။ ဒါပေမယ့် ဈေးဆောက်ပြီးမှ ဈေးများဌာနရဲ့လိုအပ်ချက်ဆိုပြီးတော့ ဆောက်မယ်လုပ်တယ်။ ဆောက်တော့မယ်အချိန်မှာ ကျွန်တော်တို့ တစ်တွေတားတယ်။ ရပ်ကွက်ပိုင် အများပြည်သူလမ်းဖြစ်ပါတယ် ရပ်ကွက်ရဲ့အတိုဆုံးမီးတားလမ်းဖြစ်ပါတယ် လမ်းမကြီးနဲ့ ဆိုရင်။မလုပ်ပါနဲ့ ပြောတာကိုသူတို့  ဇွတ်လုပ်တယ်။သူတို့ညမီးထွန်းပြီးအပြီးဆောက်တယ်။ အခုမှနှမြောစရာကောင်းပါတယ် မပြောပါနဲ့ ” လို့ ဦးစံဖေလမ်းအတွင်းနေထိုင်တဲ့ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးချမ်းစိန်က မီဒီယာတွေကိုပြောပါတယ်။

ယင်းအဆောက်အဦိးဆောက်လုပ်နေစဉ်က လမ်းသူလမ်းသားများက ကန့် ကွက်ကြောင်းဆန္ဒထုတ်ဖော်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အမှုဖွင့်တိုင်ကြားခဲ့ရာမှာ ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းမှာ အမှုအနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းအဆောက်အဦးကိုစည်ပင်သာယာရေးကော်မတီမှ ရုံးခန်းအဖြစ်အသုံးမပြုတော့ဘဲလက်ရှိမှာ ပိတ်ထားတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ သင်္ဃန်းကျွန်းမြို့ နယ်မှလွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်ရဲ့ အများပြည်သူပိုင်နေရာတွေကိုအများပြည်သူတွေပြန်လည်ရရှိရေးအဆိုမှာလည်း ဦးနေဘုန်းလတ်က ယခုကိစ္စကိုထည့်သွင်းပြောကြားခဲ့ပါတယ်။

”၁နှစ်ကျော်အထိ မြေပြင်အခြေအနေတွေကို ကိုယ်စားလှယ်တွေဆွေးနွေးပြီးတော့ လက်တွေ့ဘာမှမလုပ်သေးဘူး။ လွှတ်တော်ဥက္ကဌကနေတဆင့် တိုင်းအစိုးရကိုအစီရင်ခံစာပုံစာမျိုး ဒါတွေ ဒါတွေတွေ့ရှိတယ်ဆိုပြီး တင်ဖို့ရှိတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊တိုင်းဒေသကြီးအစိုးရရဲ့ ကတိက၀တ်၊အာမခံချက်များနဲ့ လွှတ်တော်အခွင့်အရေးကော်မတီမှ အဖွဲ့ ဝင်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာကပြောပါတယ်။

ဖြိုးထက်အောင် + စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*