အနာဂါတ်မှာ ရေကန်၊ရေစုကန်များကို ထိန်းသိမ်းကြပ်မတ်နိုင်ခြင်းမရှိလျင် ရေအောက်မြို့ တော်ကြီးဖြစ်သွားမည် အဆိုတင်သွင်းသူဦးရန်ရှင်းပြော

အနာဂါတ်မှာ ရေကန်၊ရေစုကန်များကို ထိန်းသိမ်းကြပ်မတ်နိုင်ခြင်းမရှိလျင် ရေအောက်မြို့ တော်ကြီးဖြစ်သွားမည် အဆိုတင်သွင်းသူဦးရန်ရှင်းပြော
December 4, 2017 Asian Fame

2:13 pm
အနာဂါတ်မှာ ရေကန်၊ရေစုကန်များကို ထိန်းသိမ်းကြပ်မတ်နိုင်ခြင်းမရှိလျင် ရေအောက်မြို့ တော်ကြီးဖြစ်သွားမည် အဆိုတင်သွင်းသူဦးရန်ရှင်းပြော

1ရန်ကုန် ၊ ဒီဇင်ဘာ ၎

ရန်ကုန်တိုင်း အတွင်းရှိ ရေကန် ၊ရေစုကန်များကို မြေဖို့ ပြီး အဆောက်အဦးဆောက်လုပ်ခြင်းများ လုံးဝခွင့်မပြုပါရန် တိုင်းအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ တိုင်းလွှတ်တော်မှာ ရန်ကုန်ုတိုင်းအစိုးရက အတည်ပြုဖို့ ငြင်းပယ်ပြီးမှတ်တမ်းအဖြစ်ထားရှိဖို့ သာ တင်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မြို့ တော်ဝန်ဦးမောင်မောင်စိုးက မှတ်တမ်းအဖြစ်သာထားရှိဖို့ လွှတ်တော်မှာပြောကြားခဲ့တာဖြစ်ပြီး အဆိုရှင်ဖြစ်သူ မရမ်းကုန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းကတော့ အနာဂါတ်မှာ ရေကန်၊ရေစုကန်များကိုမထိန်းသိမ်းရင် မြို့ တော်ဝန်ပြောကြားထားတဲ့ မြေအောက်မြို့ တော်ဆိုတာကိုအကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။အတည်ပြုမခံရတဲ့ ၎င်းရဲ့အဆိုကိုလည်း မှတ်တမ်းအဖြစ်ထားရှိမယ်ဆိုရင် လေ့လာစောင့်ကြည့်ပေးနေဖို့ ဦးရန်ရှင်းကလွှတ်တော်မှာ
ပြောကြားခဲ့ပါတယ်။

”ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့ နယ်၆ မြို့ နယ်အတွက်ဆိုပြီးချေးဌားထားတဲ့ပိုက်ဆံဟာ ပြည်ထောင်စုအစိုးရအနေနဲ့ ချေးဌားရတာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ကြွေးမြီပြသနာဟာ တစ်မျိုးသားလုံးအတွက် ၀န်ထုတ်ဝန်ပိုးကြီးဖြစ်နေတာကိုတွေ့ ရပါတယ်။ဒီအတွက်ကြောင့် ဒီကိစ္စကိုအထူးပဲကြပ်မတ်ဆောင်ရွက်ဖို့ လိုနေပြီဖြစ်ကြောင်းကို တင်ပြလိုပါတယ်။ ရေကြီးရေလျှံမှုတွေဆက်လက်ဖြစ်ပွားနေမယ်ဆိုလို့ ရှိရင် မြို့ တော်ဝန်ကြီးပြောကြားထားတဲ့ မြေအောက်မြို့ တော်ဆိုတာကိုလည်း အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။မြေအောက်မြို့ တော်ကြီးက ရေကြီးရေလျှံ ရေတွေဝင်ပြီးရေအောက်မြို့ တော်ကြီးဖြစ်သွားမှာဖြစ်ပါတယ် ” လို့ ဦးရန်ရှင်းကပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းဟာ နိုဝင်ဘာလ ၁၄ ရက်နေ့ က ရန်ကုန်တိုင်းအတွင်းက ရေကန်၊ရေစုကန်များကို မြေဖို့ ပြီး အဆောက်အဦးများဆောက်လုပ်ခြင်းတို့ ကို လုံးဝခွင့်မပြုဖို့ နဲ့ ကောနေတဲ့ ရေကန်များကို ပြန်လည်ဖော်ထုတ်ပေးဖို့ ဆိုတဲ့အဆိုကိုတင်သွင်းခဲ့တာပါ။

”ပျောက်ကွယ်ကုန်ကြတဲ့ အကြောင်းရင်းများကတော့ အဲဒီနေရာတွေဟာ အရင်က ပုဂ္ဂလိကပိုင်မဟုတ်ဘဲ အများပိုင် မီးသတ်ကန် ၊ သဘာဝရေကန်အဖြစ် တည်ရှိခဲ့တာကြောင့်ထိန်းသိမ်းမှုအားနည်းခဲ့တဲ့အခါ စည်းကမ်းမဲ့အမှိုက်များ စွန့် ပစ်မှုအပါအ၀င်ကျူးကျော်ဝင်ရောက်မှုတွေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုရှိပေမယ့် ရေကန်များဖြစ်တဲ့အတွက် ဈေးသက်သာတဲ့အတွက် ၀ယ်ပြီး မြေဖို့ ပစ်လိုက်တာကြောင့်ဆိုတာတွေ့ ရပါတယ် ။အဲဒါကြောင့်အခု လူနေရပ်ကွက်တွေမှာ တစ်နေ့ တစ်ခြား ရေကြီးရေလျှံမှုတွေပိုမိုကြုံတွေ့ နေကြရပါတယ်” လို့ အဆိုတင်သွင်းတဲ့နေ့ က ဦးရန်ရှင်းက ပြောထားပါတယ်။

မြို့ တော်ဝန်ဦးမောင်မောင်စိုးကတော့ ရန်ကုန်တိုင်းမှာ YCDC အနေနဲ့ သတ်မှတ်ထားပြီးဖြစ်တဲ့ သဘာဝကန်တွေ နောက်ရေစုကန်တွေ အကုန်လုံးဟာ YCDC ရဲ့မြို့ကွက်ပြမြေပုံမှာ တရားဝင် သတ်မှတ်ထားပြီးသလို အားလုံးကို ယခုအစိုးရလက်ထက်မှာ အဆောက်အဦးဆောက်လုပ်ခွင့်ကို လုံးဝခွင့်မပြုပါဘူးလို့ အဆိုတင်သွင်းတဲ့နေ့ ကဖြေကြားထားပါတယ်။ယနေ့ မှာတော့ ” ဥပဒေမရှိလို့ မဟုတ်ပါဘူး ဥပဒေရှိပါတယ် ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးလို့ ဆိုထားပေမယ့် ဖြစ်တဲ့ပြသနာက တစ်ချိန်တုန်း ဥပဒေထက်မှာတစ်စုံတစ်ဦးရှိနေတာမျိုးဖြစ်သွားတဲ့အတွက် ဒီအဖြစ်အပျက်များကြောင့်သာဖြစ်ရခြင်းဖြစ်ပါတယ် ” လို့ ပြောသွားပါတယ်။ ယခုအဆိုဟာ မလိုအပ်ပေမယ့် သတိကြီးကြီးထားရမယ့်ကိစ္စဖြစ်တယ်လို့ လည်းပြောပါတယ်။

ရန်ကုန်တိုင်း အတွင်းက မြို့ တွင်း၆မြို့ နယ်မဟုတ်တဲ့ အခြားမြို့ နယ်များအတွက် ရေကြီးရေလျှံမှုများလျော့နည်းဖို့ ကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့  ၆ နှစ်အတွင်း စီမံချက်နဲ့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်ုတိုင်းဒေသကြီး အစိုးရက ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ သြဂုတ်လ ၃၁ ရက်နေ့ က ပြောဆိုထားပြီး ကမ္ဘာ့ဘဏ်မှချေးငွေ ၁၂၄ သန်းထဲမှ ရန်ကုန်မြို့ ရေကြီးရေလျှံမှုအတွက် ၇၇ သန်းသုံးစွဲသွားမှာဖြစ်တယ်လို့ မြို့ တော်ဝန်ပြောဆိုထားချက်အရသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*