မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို ပြန်လည်လွတ်မြောက်စေရေးနှင့် သင်္ကန်းပြန်ဝတ်နိုင်ရေး သတင်းစာရှင်းလင်းပွဲလုပ်

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို ပြန်လည်လွတ်မြောက်စေရေးနှင့် သင်္ကန်းပြန်ဝတ်နိုင်ရေး သတင်းစာရှင်းလင်းပွဲလုပ်
November 20, 2017 Asian Fame

3:13 pm
မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို ပြန်လည်လွတ်မြောက်စေရေးနှင့် သင်္ကန်းပြန်ဝတ်နိုင်ရေး သတင်းစာရှင်းလင်းပွဲလုပ်

1ရန်ကုန် ၊ နိုဝင်ဘာ ၂၀

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို ပြန်လည်လွတ်မြောက်စေရန်နှင့် သင်္ကန်းပြန်ဝတ်နိုင်ရန်အတွက်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရှိ စီးတီးစတားဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲကို မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခအမှု ကူညီဆောင်ရွက်သူများအဖွဲ့ က ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့ တွင် ပြုလုပ်ခဲ့သည့် ” ရိုဟင်ဂျာ လူမှုအသိုက်အ၀န်း” ဟုသုံးနှုန်းခြင်းကို ကန့် ကွက်ဆန္ဒထုတ်ဖော်ပွဲမှ ဦးပါမောက္ခ၏ ဟောပြောချက်များ၊ ဖမ်းဆီးခံရစဉ်က အဖြစ်အပျက်များကို ရှင်းလင်းပြောပြခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခအမှု ကူညီဆောင်ရွက်သူများအဖွဲ့ က ဦးပါမောက္ခ၏ ဟောပြောချက်များမှာ နိုင်ငံတော်ကိုအကြည်ညိုပျက်စေသော စကားလုံးမပါကြောင်း၊ လက်ရှိတွင် NLD အစိုးရထောက်ခံသူများ၊ NLD ပါတီထေ
ာက်ခံသူများနှင့် ယင်း၏ အတိုက်အခံဖက်ကို ထောက်ခံသူတို့က မိမိတို့မထောက်ခံသည့်ဖက်များကို တစ်ဖက်သတ်အပြစ်မြင်စေဖို့ လုပ်ဆောင်နေမှုများကိုတွေ့ ရသောကြာင့် ၎င်းတို့ ကို အာရုံမစိုက်ဘဲ အမှုတွဲသက်သေခံအထောက်အထားများကိုသာ အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ က ထုတ်ပြန်ခဲ့သည်။

ဦးပါမောက္ခသည် ယမန်နှစ်က ခွင့်ပြုချက်မရရှိပဲ အမေရိကန်သံရုံးရှေ့ တွင် အမေရိကန်သံအမတ်၏ ”ရိုဟင်ဂျာ လူမှုအသိုက်အ၀န်း” ဟုသုံးနှုန်းခြင်းကို ကန့် ကွက်ဆန္ဒထုတ်ဖော်မှု၌ ပါဝင်ကာ ဟောပြောခဲ့သောကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ – ၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ တို့ ဖြင့်တရားစွဲခံရကာ ကမာရွတ်မြို့ နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထို့ နောက် ယခုလ ၁၁ ရက်နေ့ က ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့ နယ်၊ မြို့ မရဲစခန်းသို့ မြေယာအမှုတစ်ခု ဆန္ဒထုတ်ဖော်ရန် ပုံစံသွားတောင်းရာတွင် ဖမ်းဆီးခံလိုက်ရပြီး လူဝတ်လဲခံလိုက်ရခြင်းဖြစ်သည်။ ကမာရွတ်မြို့ နယ်တရားရုံးသို့ အာမခံလျှောက်ထားခဲ့ပြီး တရားရုံးက အာမခံပယ်ချခဲ့သောကြောင့် ခရိုင်တရားရုံးသို့ အာမခံအယူခံပြင်ဆင်နေကြောင်းသိရသည်။

ဦးပါမောက္ခဟောပြောခဲ့သော အမေရိကန်သံရုံးရှေ့ မှဆန္ဒပြဟောပြောပွဲတွင် အခြားပါဝင်သူများဖြစ်သည့် ဦးဝင်းကိုကိုလတ်တို့ ကို ပြီးခဲ့သည့် စက်တင်ဘာလက ကမာရွတ်မြို့ နယ်တရားရုံးမှ ထောင်ဒဏ် ၇ လချမှတ်ခဲ့သည်။

AF – 245

ဓာတ်ပုံ – ကောင်းစွမ်းသာ

2

4

3

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*